Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခံဝန်ဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီးနောက် စစ်ကောင်စီ၏ ယန္တရားတွင်ပါဝင်လုပ်ကိုင်နေသော ဝန်ထမ်းများစာရင်း ရရှိထာဟု ထုတ်ပြန်

ခံဝန်ကတိပါ သဘောတူညီချက်ကို ချိုးဖောက်သူဝန်ထမ်းများကို ယခုလ ၆ရက်က ပြုလုပ်ခဲ့သော ဆောမြို့နယ် CDM ဦးဆောင်ကော်မတီ၏ သဘောတူညီချက်များအတိုင်း အရေးယူမည်ဟု လည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခံဝန်ကတိဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံကြောင်း ခံဝန်လွှာပေးပို့ပြီး‌နောက် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ငန်းယန္တရားတွင်ဆက်လက်ပါဝင် လုပ်ကိုင်နေသော ဝန်ထမ်းများစာရင်း ရရှိထားပြီဖြစ်ကြောင်း ဆော(ပအဖ)က ယနေ့(ဇွန်လ ၉ ရက်) ထုတ်ပြန်သည်။

“ဆောမြို့နယ်ထဲမှာ စစ်ကောင်စီအလုပ်လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို လက်ခံထားရှိသွားမှာမဟုတ်ဘဲ ထိုက်သင့်တဲ့အရေးယူမှုတွေပြုလုပ်သွားမှာပါ။
တိကျတဲ့မူဝါဒအရ စစ်ကောင်စီသတင်းပေးမလုပ်သရွေ့တော့ အသက်အန္တရာယ်ကို ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး။ တခြား ထိရောက်တဲ့အရေးယူမှုကိုပဲပြုလုပ်သွားမှာပါ”ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပြည်သူ့ရင်ခွင်ခိုလှုံကြောင်း ခံဝန်ကတိဖြင့် ခံဝန်လွှာ ပို့ပေးပြီးနောက် ဆောမြို့နယ်ပြင်ပသို့ သွားရောက်ပြီး စစ်ကောင်စီ၏ ယန္တရားတွင် ပါဝင်နေသူများရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ခံဝန်ဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံထားသူများသည် မြို့နယ်ပြင်ပသို့ ကိစ္စကြီး၊ငယ်ဖြင့် သွားရောက်မည်ဆိုပါက ယနေ့မှစ၍ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊တိုက်နယ်အုပ်ချုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များသို့အကြောင်းကြားရန် အသိပေးသည်။

ခံဝန်ကတိပါ သဘောတူညီချက်ကို ချိုးဖောက်သူဝန်ထမ်းများကို ယခုလ ၆ရက်က ပြုလုပ်ခဲ့သော ဆောမြို့နယ် CDM ဦးဆောင်ကော်မတီ၏ သဘောတူညီချက်များအတိုင်း အရေးယူမည်ဟု လည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အရေးယူမှုများကို ခံဝန်ကတိချိုးဖောက်သူများထံ လည်း ပေးပို့သွားမည်ဖြစ်ကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပစ်ခတ်ခံရမှုကြောင့် ဦးမောင်မောင်တွင်ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးနိုင်ခြေရှိကြောင်း သိရသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်သားများမှာအထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီးထပ်မံ၍တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့်ပြည်သူများအနေဖြင့်သတိပြုနေထိုင်ရန်လည်း ဂန့်ဂေါတပ်ရင်း(ယောဒေသ)က တိုက်တွန်းသည်။

သတင်း

ဇွန်လ ၅ရက်နေ့ကမြင်းမူမြို့နယ်၊ကန်ဖျားရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းသုံးလုံးဆွဲကာ တိုက်ခိုက်ခံခဲ့ရသည်။

သတင်း

ဦးထွန်းထွန်းဝင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းကာဒလန်အကြီးစားအဖြစ် လှုပ်ရှားနေ၍ ဒေသခံကာကွယ် ရေး တပ်ဖွဲ့များမှ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း အပြစ်မဲ့ပြည်သူများနှင့်ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုကာ စစ်ကောင်စီထံအကြိမ်ကြိမ် သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။