Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

WHO မြန်မာရဲ့ ယာဉ်မောင်းအမျိုးသား ရုံးကနေအပြန် သေနတ်နဲ့ပစ်သတ်ခံရ

သေဆုံးသွားတဲ့ ဝန်ထမ်းဟာWHO မြန်မာရုံးမှာ ၅ နှစ်နီးပါး ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။

WHO
WHO

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ဝန်ထမ်းအမျိုးသားတစ်ဦးဟာ မနေ့က ညနေပိုင်း မော်လမြိုင်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားကြောင်း WHO မြန်မာက သတင်းထုတ်ပြန်အသိပေးပါတယ်။

WHO ဝန်ထမ်းမျိုးမင်းထွဋ်ဟာ ရုံးကနေ အိမ်ကို မော်တော်ဆိုင်ကယ်နဲ့အပြန် သံလွင်ဥယျာဉ်လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတာပါ။

သေဆုံးသွားတဲ့ ဝန်ထမ်းဟာWHO မြန်မာရုံးမှာ ၅ နှစ်နီးပါး ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။

အသတ်ခံရတဲ့ မျိုးမင်းထွဋ်ဟာ စစ်​ကောင်စီ အတွင်း​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး​အောင်လင်း​​ဒွေးရဲ့ ​ဆွေးမျိုး​တော်စပ်သူလို့ စစ်ကောင်ရဲတပ်ဖွဲ့ရဲ့ ရင်းမြစ်တစ်ဦးက People’s Spring ကို​ပြောပါတယ်။

“မော်လမြိုင်မှာ မနေ့က ပွဲဆူသွားတဲ့သတင်း။ ဟုတ်တယ်။ အသတ်ခံရတဲ့သူက ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ အမျိုးတော်တယ်” ဟုအထက်ပါရဲအရာရှိက​ပြောတယ်။

ဒါအပြင်မျိုးမင်းထွဋ် ဟာ စစ်​ကောင်စီရဲ​တွေနဲ့နီးစပ်ပြီး​မော်လမြိုင်မြို့မှာ ဧည်စာရင်းစစ်ဆေးတာ​တွေမှာ ၊CDM ဝန်ထမ်းမိသားစုဝင်​​တွေကိုခြိမ်း​ခြောက်တာ၊ သက်ငယ်မုဒိန်းမှု​တွေကျူးလွန်းပြီး sex tape နဲ့ခြိမ်း​ခြောက်အကြပ်ကိုင်တက်သူဖြစ်တာ​ကြောင့် ​မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ (​မော်လမြိုင် PDO)က ဇွန် ၈ရက်မှာ​သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ထိုအဖွဲ့ကထုတ်ပြန်ထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၅ရက်နေ့ကမြင်းမူမြို့နယ်၊ကန်ဖျားရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းသုံးလုံးဆွဲကာ တိုက်ခိုက်ခံခဲ့ရသည်။

သတင်း

သေနတ်ပစ်ခတ်ခံရပြီးနောက် ဆေးကုသမှုပြုလုပ်ဖို့ ပုဂံဘက်ခြမ်းကို သယ်ဆောင်ခဲ့ပေမယ့် အသက်သေဆုံးသွားပါတယ်။

သတင်း

အကြော်ဆိုင်ကို အမျိုးသားနဲ့အမျိုးသမီး ဆိုင်ကယ်နဲ့ရောက်လာပြီးအမျိုးသမီးက သေနတ်နဲ့ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပြပါတယ်။

သတင်း

ဒဏ်ရာရရှိသွားတဲ့ စောသန်းလေးကို နီးစပ်ရာပြည်သူတွေက သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါးကုသပေးခဲ့ပေမယ့် နောက်နေ့ ဇွန်လ (၃) ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။