Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီးလင်းမြို့နယ်သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

ဇွန်လ ၇ ရက်ကလည်း ကျိုက်ထိုမြို့နယ်အတွင်း စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။

(မွန်ပြည်နယ်အတွင်း အင်အားတိုးနေသည့် စစ်ကောင်စီကားများဖြစ်သည် ။ ဓာတ်ပုံ - KNU)
(မွန်ပြည်နယ်အတွင်း အင်အားတိုးနေသည့် စစ်ကောင်စီကားများဖြစ်သည် ။ ဓာတ်ပုံ - KNU)

မွန်ပြည်နယ်၊ကျိုက်ထိုဘက်မှ ဘီးလင်းမြို့နယ်သို့ ထွက်ခွာလာသည့် ​ခြောက်စီးပါစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၉ ရက်)နံနက် ၉နာရီ မိနစ်၅၀ခန့်ကကျိုက်ထိုမြို့နယ်၊ တညင်ချောင်းရွာ အဝင်လမ်းအနီးတွင် အထက်ပါစစ်ယာဥ်တန်းကို ကျိုက်ထို KRF၊ ကျိုက်ထို (ပကဖ)နှင့် KNU/KNLAပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဘီးလင်းမြို့နယ်
ဘီးလင်းမြို့နယ်

တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးစာရင်း အတိအကျမသိရှိရသေး သော်လည်းပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

“လေးစီးမြောက်ကားက မိုင်းလည်း ထိတယ်။(၄၀) မမ ဗုံးသီးပါ မှန်တာ။အပြန်အလှန်ပစ်ခတ်တာတော့ ငါးမိနစ်ကျော်လောက်ရှိတယ်။စခဘက်က ထိခိုက်သေဆုံးတာ ရှိနိုင်တယ်”ဟု KRF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

(မွန်ပြည်နယ်အတွင်း အင်အားတိုးနေသည့် စစ်ကောင်စီကားများဖြစ်သည် ။ ဓာတ်ပုံ - KNU)
(မွန်ပြည်နယ်အတွင်း အင်အားတိုးနေသည့် စစ်ကောင်စီကားများဖြစ်သည် ။ ဓာတ်ပုံ – KNU)

ဇွန်လ ၇ ရက်ကလည်း ကျိုက်ထိုမြို့နယ်အတွင်း စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၆ရက်က မီးရှို့ဖျက်ဆီးမှုတွင် ပြည်ခိုင်ဖြိုးပါတီအမာခံနေအိမ်များနှင့် မုံရွာမြို့တွင် တာဝန်ကျနေသော ဒုရဲအုပ်တစ်ဦး၏ မိဘအိမ်လည်းပါဝင်သွားကြောင်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ် ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

အောင်လင်းဒွေးနှင့်ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး စစ်ကောင်စီသတင်းပေးလုပ်နေသူ မျိုးမင်းထွဋ်ဆိုသူကို မော်လမြိုင်မြို့ သံလွင်ဥယာဥ်အနီးတွင် ဇွန် ၈ရက် ညနေက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - People's Defense Organization - Mawlamyine က သတင်းထုတ်ပြန်ထားသည်။

သတင်း

တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့်သာရှိသော်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးသူအပါအဝင် ၂၀ကျော် ထိခိုက်သွားကြောင်း၊ ကားဖြင့်သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် FreedomRevolutionForce အဖွဲ့က သတင်းထုတ်ပြန်သည်။

သတင်း

ပစ်ခတ်ခံရမှုကြောင့် ဦးမောင်မောင်တွင်ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးနိုင်ခြေရှိကြောင်း သိရသည်။