Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာမိဿာကျေးရွာအနီး ၁၀မိနစ်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ရှစ်ဦးခန့်သေ

တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့်သာရှိသော်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးသူအပါအဝင် ၂၀ကျော် ထိခိုက်သွားကြောင်း၊ ကားဖြင့်သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် FreedomRevolutionForce အဖွဲ့က သတင်းထုတ်ပြန်သည်။

(Ye-U Urban Guerrilla အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)
(Ye-U Urban Guerrilla အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ရွာမိဿာကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ရှစ်ဦးခန့်သေဆုံးကြောင်း Ye-U Urban Guerrilla အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၈ ရက်) နံနက် ၈နာရီခန့်က ရေဦးမြို့နယ်၊ ရွာမိဿာအုပ်စု ရွာမိ​ဿာကျေးရွာ အရှေ့ဘက် ညောင်လှမူးဆုံကြားတွင် အကြမ်းဖက်စစ်တပ်၏ နောက်ချန် အင်အား ၅၀ခန့်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Ye-U Urban Guerrilla အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး လေးဦးခန့် ဒဏ်ရာရရှိသွားကြောင်း Ye-U Urban Guerrilla အဖွဲ့က အသိပေးသည်။

တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့်သာရှိသော်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးသူအပါအဝင် ၂၀ကျော် ထိခိုက်သွားကြောင်း၊ ကားဖြင့်သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် FreedomRevolutionForce အဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၇ရက် ညနေပိုင်းကလည်း ရေဦးမြို့နယ် ချမ်းသာရွာမှ ပြည်သူပိုင်နေအိမ်ပေါင်း ၁၁၀ခန့်ကိုမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းဒေသခံများက ပြောသည်။

ရေဦးမြို့နယ်အတွင်းရှိ ဗိုလ်မုတ်ဆိတ်အဖွဲ့၊Freedom Revolution Force (FRF)တပ်ဖွဲ့၊DRPA တပ်ဖွဲ့၊ Ye-U Urban Guerrilla၊ ရေဦးမြို့နယ် ပကဖပူးပေါင်းအဖွဲ့၊ ဒီပဲယင်းမြို့နယ် PDFများ စသည့်တပ်ဖွဲ့တို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Ye-U Urban Guerrilla အဖွဲ့အား ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

တော်လှန်ရေးအဖွဲ့ပေါင်းစုံမှ လက်ဦးမှုဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြပြီးတော်လှန်ရေးသမားများအထိအခိုက်မရှိကြောင်း ၊အကြမ်းဖက်စစ်တပ်ဘက်မှ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းဒေသခံတစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၆ရက်က မီးရှို့ဖျက်ဆီးမှုတွင် ပြည်ခိုင်ဖြိုးပါတီအမာခံနေအိမ်များနှင့် မုံရွာမြို့တွင် တာဝန်ကျနေသော ဒုရဲအုပ်တစ်ဦး၏ မိဘအိမ်လည်းပါဝင်သွားကြောင်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ် ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

အောင်လင်းဒွေးနှင့်ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး စစ်ကောင်စီသတင်းပေးလုပ်နေသူ မျိုးမင်းထွဋ်ဆိုသူကို မော်လမြိုင်မြို့ သံလွင်ဥယာဥ်အနီးတွင် ဇွန် ၈ရက် ညနေက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - People's Defense Organization - Mawlamyine က သတင်းထုတ်ပြန်ထားသည်။

သတင်း

ဇွန်လ ၇ ရက်ကလည်း ကျိုက်ထိုမြို့နယ်အတွင်း စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။

သတင်း

ပစ်ခတ်ခံရမှုကြောင့် ဦးမောင်မောင်တွင်ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးနိုင်ခြေရှိကြောင်း သိရသည်။