Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီ/ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို KIA ထပ်မံတိုက်ခိုက်

“ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီနဲ့ ဒူးလေးပါတီရဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIAက လမ်းခုလက်က တိုက်ခိုက်တာ။ အထိအခိုက်တွေကျ အသေးစိတ်တော့ မသိဘူး။ ဖြစ်တာက မြစ်ကြီး နားပူတာအိုလမ်းပေါ်မှာပဲ”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။

KIA
KIA

စစ်ကောင်စီတပ် သေဆုံးမှုရှိ

ပူတာအိုမှ မြစ်ကြီးနားမြို့သို့ ပြန်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ ရိက္ခာပို့ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နံနက်ပိုင်းတွင် ထပ်မံတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

“ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီနဲ့ ဒူးလေးပါတီရဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIAက လမ်းခုလက်က တိုက်ခိုက်တာ။ အထိအခိုက်တွေကျ အသေးစိတ်တော့ မသိဘူး။ ဖြစ်တာက မြစ်ကြီး နားပူတာအိုလမ်းပေါ်မှာပဲ”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ပြီးခဲ့သည့် ရက်ပိုင်းကလည်း KIA /PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သေးသည်။ တိုက်ပွဲဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်က ပူတာအို – မြစ်ကြီးနားလမ်းတွင် ခရီးသွားလာခွင့်မပြုဘဲ ပိတ်ပင်ထား၍ ကားသမားများနှင့် ခရီးသည်များ အခက်အခဲ ကြုံနေရသည်ဟုဆိုသည်။

ကချင်ဒေသစစ်ရေးသတင်းများကို ပုံမှန်ဖော်ပြလေ့ရှိသည့် သတင်းရင်းမြစ်တစ်ဦးကလည်း ယနေ့(ဇွန်လ ၁၀ရက်)နံနက် ၅နာရီခွဲတွင် ပူတာအိုမှ မြစ်ကြီးနားဘက်သို့ ဆင်းလာသည့် အာဏာသိမ်း အကြမ်းဖက် အဖွဲ့နှင့် ဦးရွှေမင်း ဦးဆောင်သည့် ဒူးလေးပါတီ၏ လက်နက်ကိုင် ပူးပေါင်းအဖွဲ့ကို KIA တပ်မဟာ (၁)၊ တပ်ရင်း(၁၀)တပ်ဖွဲ့များက မိုင်ထောင်ရွာအကျော် တစ်နေရာ၌ စောင့်ကြို တိုက်ခိုက်ခဲ့သည်ဟု ရေးသားထားသည်။

တိုက်ပွဲအတွင်း၌ဒူးလေးပါတီလက်နက်ကိုင်အဖွဲ့ဘက်မှ ၃ ဦးလမ်းမပေါ်တွင်သေဆုံးပြန့်ကြဲနေပြီးတစ်ချို့မှာပြင်းထန်စွာဒဏ်ရာရရှိထွက်ပြေးကြ ကြောင်း၊ စစ်အာဏာသိမ်းအကြမ်းဖက် အဖွဲ့များ၏စစ်ကြောင်းကားတစ်စီးလည်းထိခိုက်ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုများပြားနေကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အခင်းဖြစ်ပွားရာ ခရိုင်ချင်းဆက်လမ်းကို ကန့်သတ်ထားသည့်အချိန်မှလွဲ၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ကြောင်း ဝက်လက် PDFက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်တွင် ပေါ်လယ်ရွာလမ်းခွဲအနီး ကင်းပုန်းများချထားခဲ့ရာ YDF တပ်ဖွဲ့ဝင်များက သွား ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြားချိန် ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါTBCဘုရားကျောင်းအဆောက်အဦးများကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့ဖူးသည်။

သတင်း

စစ်​ကောင်စီတပ်သည် သဲတောရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ထော်လာဂျီ (၁) စီး၊ ဆိုင်ကယ် အစီး (၃၀)ကျော်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း လုယူသွားကြောင်း Yesagyo Informationက ဖော်ပြသည်။