Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ် သဲတောရွာကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ် ၃၀နီးပါး မီးလောင်၊ မသန်စွမ်းအဘွားအိုတစ်ဦး မီး​လောင်​သေဆုံး

စစ်​ကောင်စီတပ်သည် သဲတောရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ထော်လာဂျီ (၁) စီး၊ ဆိုင်ကယ် အစီး (၃၀)ကျော်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း လုယူသွားကြောင်း Yesagyo Informationက ဖော်ပြသည်။

ရေစကြိုမြို့နယ် သဲတောရွာ
ရေစကြိုမြို့နယ် သဲတောရွာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး နေအိမ် ၃၀နီးပါး မီးလောင်ပျက်စီးကာ မသန်စွမ်းအဘွားအို တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်း မြစ်များက ပြောသည်။

စစ်​​​​ကောင်စီတပ်သည် ယမန်နေ့ (ဇွန်လ ၉ရက်)နံနက် ၆နာရီခန့်က သဲတောရွာကို အင်အား ၂၀၀ခန့်ဖြင့် လက်နက်ကြီး ၊လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့သည်။ ထို့နောက် နံနက် ၁၁နာရီခွဲခန့်တွင် ရွာရှိအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ​ဒေသခံများက ပြောသည်။

မီးလောင်ကျွမ်းနေစဥ် ထွက်မပြေးနိုင်၍ အောက်ပိုင်းမသန်သူ အသက် ၆၇ နှစ်အရွယ် ဒေါ်အေးမှာ မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ရေစကြိုမြို့နယ် သဲတောရွာ
ရေစကြိုမြို့နယ် သဲတောရွာ

စစ်​ကောင်စီတပ်သည် သဲတောရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ထော်လာဂျီ (၁) စီး၊ ဆိုင်ကယ် အစီး (၃၀)ကျော်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း လုယူသွားကြောင်း Yesagyo Informationက ဖော်ပြသည်။

အလားတူ ယနေ့ (ဇွန်လ ၁၀ ရက်)နံနက်ပိုင်းတွင်လည်း ယမန်နေ့က ဆင်ဖြူရှင်တံတား တိုက်ခိုက်ခံရမှုဖြစ်စဥ်ကြောင့် တံတားအနီး ရေစကြိုမြို့နယ်အတွင်းရှိ သစ်ခေါက်ဆိပ်၊ ပိတ်သင်းကပ် ၊ ဝက္ကတော၊သစ်ကြီးတော စသည့် ကျေးရွာများကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ​ဒေသခံများက ပြော သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အခင်းဖြစ်ပွားရာ ခရိုင်ချင်းဆက်လမ်းကို ကန့်သတ်ထားသည့်အချိန်မှလွဲ၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ကြောင်း ဝက်လက် PDFက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်တွင် ပေါ်လယ်ရွာလမ်းခွဲအနီး ကင်းပုန်းများချထားခဲ့ရာ YDF တပ်ဖွဲ့ဝင်များက သွား ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြားချိန် ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါTBCဘုရားကျောင်းအဆောက်အဦးများကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့ဖူးသည်။

သတင်း

“ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီနဲ့ ဒူးလေးပါတီရဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIAက လမ်းခုလက်က တိုက်ခိုက်တာ။ အထိအခိုက်တွေကျ အသေးစိတ်တော့ မသိဘူး။ ဖြစ်တာက မြစ်ကြီး နားပူတာအိုလမ်းပေါ်မှာပဲ”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။