Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကိုရီးယားမှာ ဖမ်းခံရတဲ့ မြန်မာလုပ်သား သုံးဦး NUG အစိုးရ ရဲ့ ညှိနှိုင်းမှုနဲ့ပြန်လည်လွတ်မြောက်လာ

ဒီလို ဆက်သွယ်အကူအညီတောင်းခံလာတာကြောင့် NUG မြန်မာကိုယ်စားလှယ်ရုံးရှိ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းဟာ ဇွန် ၉ ရက်နေ့က ဒယ်ဂျွန်းမြို့ လဝကဌာနကိုသွားရောက်ပြီး မြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးအတွက် တာဝန်ခံအရာရှိနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ဆိုထားပါတယ်။

NUG
NUG

တောင် ကိုရီးယားမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဗီဇာမဲ့ မြန်မာနိုင်ငံသားသုံးဦးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရေးရာတာဝန်ခံကိုယ်စားလှယ်က ပြည်လည်လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကိုရီးယားသမ္မတနိုင်ငံ ဒယ်ဂျွန်းမြို့မှာ နေထိုင်လုပ်ကိုင်နေတဲ့ ဗီဇာမဲ့ မြန်မာနိုင်ငံသားသုံးဦးဟာ တရားမဝင်နေထိုင်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

ဒါကို ကူညီပေးဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ(ကိုရီးယား)ကနေတဆင့် NUG ရဲ့ တောင်ကိုရီးယားဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးထံ ဆက်သွယ်အကူအညီတောင်းခံလာတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလို ဆက်သွယ်အကူအညီတောင်းခံလာတာကြောင့် NUG မြန်မာကိုယ်စားလှယ်ရုံးရှိ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းဟာ ဇွန် ၉ ရက်နေ့က ဒယ်ဂျွန်းမြို့ လဝကဌာနကိုသွားရောက်ပြီး မြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးအတွက် တာဝန်ခံအရာရှိနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ဆိုထားပါတယ်။

လက်ရှိအချိန်မှာ ဗီဇာမဲ့မြန်မာနိုင်ငံသားတွေကို အတင်းအကြပ်ဖမ်းဆီးထိန်းသိမ်းတာနဲ့ ပြန်ပို့တာတွေမပြုလုပ်ဖို့၊ အထောက်အထားခိုင်လုံမှုရှိပါက ဆက်လက်နေထိုင်လုပ်ကိုင်ခွင့် ခိုလှုံခွင့် လျှောက်ထားနိုင်ရေး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီးနောက် အဆိုပါမြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

ကိုရီးယားရောက် မြန်မာအလုပ်သမားတွေအနေနဲ့ အခက်အခဲပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက NUG မြန်မာကိုယ်စားလှယ်ရုံး၊ အလုပ်သမားရေးရာ တာဝန်ခံ ကိုယ်စားလှယ် ဦးမျိုးဟိန်း (ဖုန်း 032-503-2022 (10AM~6PM/ FRI & SAT OFF)နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ကိုရီးယား)ထံ ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက အသိပေးထားတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေမှုကို မကြာခင် စတင်သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက မေလတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြည်သူလူထုကို ယခုလိုခြိမ်းခြောက်ခြင်းဖြစ်သည်။

သတင်း

ကုလလူ့အခွင့်အရေးကောင်စီတွင် ရုရှားကို ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခဲ့ပြီးနောက် ချက်ပြည်သူ့သမ္မတနိုင်ငံသည် အဖွဲ့ဝင်အသစ်ဖြစ်လာခဲ့သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကမူ ကုလသမဂ္ဂနှင့် နိုင်ငံကြီးများ၏ ပြင်းထန်စွာရှုတ်ချကန့်ကွက် မှုများကို ရင်ဆိုင်နေရပြီး ပြင်သစ်က ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ ဟု ခေါ်ဝေါ် သုံးနှုန်းခြင်းကို ဒေါသထွက်နေသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီကမူ ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ဟု ပြင်သစ်က သုံးနှုန်းခဲ့မှုနှင့် ကုလသမဂ္ဂအပါအဝင်အနောက်အင်အားကြီးနိုင်ငံများက ပြင်းထန်စွာဝေဖန်ရှုတ်ချခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။