Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို PDF များကယာယီပိတ်

ချောင်းဦး-ပခုက္ကူလမ်းပိုင်းကိုအရေးပေါ်လိုအပ်ချက်အခြေအနေအရ ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

(ချောင်းဦး-ပခုက္ကူလမ်းပိုင်း၊ ဆင်ဖြူရှင်တံတားအနီးစစ်ကောင်စီဂိတ်စခန်းအား ဒေသတွင်းPDFများကတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ ။ဓါတ်ပုံ-​ရေစကြို PDF)
(ချောင်းဦး-ပခုက္ကူလမ်းပိုင်း၊ ဆင်ဖြူရှင်တံတားအနီးစစ်ကောင်စီဂိတ်စခန်းအား ဒေသတွင်းPDFများကတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ ။ဓါတ်ပုံ-​ရေစကြို PDF)

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဆက်သွယ်ထားသည့် ချောင်းဦး – ပခုက္ကူလမ်းပိုင်းရှိ ဆင်ဖြူရှင်တံတားစစ်ဆေးရေးဂိတ်ကို PDF များတိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက်ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်းချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးကြေညာသည်။

ချောင်းဦး-ပခုက္ကူလမ်းပိုင်းကိုအရေးပေါ်လိုအပ်ချက်အခြေအနေအရ ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယာယီပိတ်ထားချိန်အတွင်းကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ချောင်းဦး PDFကသတိပေးသည်။

Public Service Announcement

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသေမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန်လည်း ချောင်းဦး PDFကမေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့ကိုဆက်သွယ်ထားသော ဆင်ဖြူရှင်တံတားကိုယနေ့မွန်းလွဲ၁နာရီကဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မကွေးတိုင်းရှိ ရေစကြိုမြို့နယ်PDF၊မြိုင်မြို့နယ် PDF နှင့် စစ်ကိုင်းတိုင်းရှိဆားလင်းကြီးမြို့နယ်​ပြည်သူ့ကာကွယ်​ရေးတပ် (Salingyi Special Task Force)တို့ကပူးပေါင်း၍ တိုက်ပွဲဖြစ်ကာသိမ်းပိုက်ခဲ့သည်။

တံတားစောင့် ရဲနှင့်စစ်သား၃ဦးသေဆုံးပြီး၊ဒဏ်ရာရစစ်သားများအများအပြားထွက်​​ပြေးကာ ၁ဦး အရှင်မိခဲ့သည်။ ဂျီသရီး ၄ လက်၊ အူစီ ၃ လက် ၊ခြောက်လုံးပြူး ၁ လက် နှင့် ကျည် ( ၁၀၀၀ ) ၊ဆိုင်ကယ် ( ၄) စီး ၊ငွေကျပ်သိန်း၁၀၀ကျော်နှင့်ဗုံး ၁လုံး သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

ထို့အပြင် စစ်ကူလာသည့် စစ်ကားတစ်စီးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမှ မိုင်း၆လုံးဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးလုံးစုတ်ပျက်သွားပြီး အများအပြား ဒါဏ်ရာရကာ စစ်သား၁၀ဦးခန့် နေရာတွင် ပွဲချင်းပြီးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီလက်ပါးစေများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်းကြရန်လည်း PDFရဲဘော် တိုက်တွန်းသည်။

သတင်း

“ယနေ့ တစ်ရက်သာစစ်တပ်ကုန်းအနီး ၊မြေနီကုန်းအနီး၊ လေးမိုင်အနီး ပြည်သူနေအိမ်များရှောင်ရှားပေးကျပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်”ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦးက ပြည်သူလူထုကို မေတ္တာရပ်ခံထားသည်။

သတင်း

ကျောင်းဝန်းရှင်းလင်းရန်အတွက် တစ်အိမ်တစ်ယောက် မလာမနေရ လက်နက်ဖြင့် ခြိမ်းခြောက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများကို ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အတင်းအဓမ္မ စေခိုင်းမှုများကို ရပ်တန့်ပြီး ဖက်ဒရယ်ပညာရေးကို ရှေးရှုဆောင်ရွက်ရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

သတင်း

မြစ်ကြီးနား - ပူတာအိုလမ်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းများ၊ စစ်ကြောင်းများ ဖြတ်သန်းသွားလာတိုင်း KIA/PDF ပူးပေါင်းတပ်များက တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။