Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့ရှိ စစ်ထောက်လှမ်းရေးတပ်၏ စစ်ဆေးရေးဂိတ်ပေါက် နှစ်ခုကို ဖောက်ခွဲတိုက်ခိုက်

ယင်းစစ်ဆင်ရေးအတွက် ACPLF Ranger အဖွဲ့၏ ကူညီပံ့ပိုးခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ကြောင်း Silver Coin မြောက်ဥက္ကလာပသမိုင်း မရိုင်းစေချင်သူများ လူငယ်အဖွဲ့ က အသိပေးထားသည်။

မြောက်ဥက္ကလာပမြို့နယ်
မြောက်ဥက္ကလာပမြို့နယ်

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှေ့ရှိ စစ်ထောက်လှမ်းရေးတပ်၏ စစ်ဆေးရေးဂိတ်ပေါက် နှစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Silver Coin မြောက်ဥက္ကလာပသမိုင်း မရိုင်းစေချင်သူများ လူငယ်အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၇ ရက် ညနေ ၅နာရီ ၂၀ မိနစ်ခန့်တွင် အမှတ်(၃) လမ်းဆုံ အပေါက်ဝနှင့် အလယ်အပေါက်ဝရှိ စစ်ဆေးရေးဂိတ်ပေါက်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပွဲကရာတွင် Taxi အငှားယဥ်များ ပြည်သူများအား မထိခိုက်အောင် ​ရှောင်ရှားနေခဲ့ရပါသည်။
တော်လှန်ရေးအရှိန်မြှင့်တင်နေပီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ခွေးတပ်ချရာနေရာများနှင့် ၎င်းတို့နှင့် နီးစပ်ရာ ပတ်ဝန်းကျင်များအား ​ရှောင်ရှားသွားလာနေထိုင်ကြရန် ထပ်မံအသိပေးအပ်ပါသည်။”ဟု ထုတ်ပြန်ထားသည်။

ယင်းစစ်ဆင်ရေးအတွက် ACPLF Ranger အဖွဲ့၏ ကူညီပံ့ပိုးခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ကြောင်း Silver Coin မြောက်ဥက္ကလာပသမိုင်း မရိုင်းစေချင်သူများ လူငယ်အဖွဲ့ က အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့(ဇူလိုင် ၁၇)ည ၇ နာရီ ၄၅ ခန့်က တံတားဦးမြို့ ကျောက်နယ်လမ်းဟောင်း စစ်ဆေးရေးဂိတ်အား FLA ဒုတာဝန်ခံမန်းမိုးကြိုးဦးဆောင်ပြီး စစ်ကောင်စီတပ်များရှိနေသော ဂိတ်တဲအတွင်း မိုင်းတစ်လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ဒုတိယစစ်ဆင်ရေးမအောင်မြင်ခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်းနှင့် YUA ညီနောင်များအနေဖြင့် မြို့ပြ၌ စစ်ကောင်စီကို အရှိန်အဟုန်တိုးမြှင့်၍ တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ပြီး တိုက်ခိုက်ခံရပြီးချိန်တွင် စစ်ကောင်စီတပ်မှ ၎င်းတို့လူများကို လိုက်ထရပ်တစ်စီး၊ လူနာတင်ယာဥ်တစ်စီးတို့ဖြင့် ကန့်ဘလူနယ် မှောတောရွာဘက် သယ် ဆောင်သွားကြောင်း TSO ထံမှ သိရသည်။

သတင်း

ဇူလိုင် ၁၂ ရက် နေ့လည် ၁၁နာရီခွဲခန့်တွင် တာမွေမြို့နယ် အောင်မင်္ဂလာလမ်းထိပ်၌ စစ်ကောင်စီကားများကို ဖောက်ခွဲရန် Urban Revolutionary Front (URF) အဖွဲ့နှင့်ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။