Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် တရားမျှတရေးတိုက်ပွဲများတွင် ကျဆုံးခဲ့သူများအား အာဇာနည်များအဖြစ် အသိအမှတ်ပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများ အတိုင်ပင်ခံကော်မတီထုတ်ပြန်

အမှတ်စင်စစ်အားဖြင့် ဤနိုင်ငံအတွင်း လွတ်လပ်ရေးတိုက်ပွဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတရေးတိုက်ပွဲများတွင်ပါ၀င်ရင်း ကျဆုံးခဲ့သူများစွာရှိနေသည်ဟု အသိပေးသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ

စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတရေးတိုက်ပွဲများတွင်ပါ၀င်ရင်း ကျဆုံးခဲ့သူများအား ရဲဝံ့စွာ အသက်ပေးခဲ့သူ အာဇာနည်များအဖြစ် အသိ အမှတ်ပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီက ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၉ ရက်)ကျရောက်သော “အာဇာနည်နေ့ ထုတ်ပြန်ကြေညာချက်”တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

ယနေ့ (၇၅) နှစ်မြောက် အာဇာနည်နေ့သည်လူမျိူးပေါင်းစုံ ကြိုးပမ်းတိုက်ပွဲ၀င်ခဲ့သော လွတ်လပ်ရေးတိုက်ပွဲတွင်ပါ၀င်ခဲ့သည့်ခေါင်းဆောင်များအနက် ခေါင်းဆောင် ၉ ဦးလုပ်ကြံခံခဲ့ရသည်။

လွတ်လပ်ရေးတိုက်ပွဲ၀င်ခဲ့သူများအနက်မှ ခေါင်းဆောင်များ ယခုကဲ့သို့ မတရားလုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုအား များစွာ၀မ်းနည်းကြေကွဲရသည်ဟု ​ဖော်ပြထားသည်။

နိုင်ငံအတွင်းတွေ့ကြုံခဲ့ရသည့်အာဏာရယူလိုမှု၊နိုင်ငံရေးမကျေနပ်မှုကြောင့်လုပ်ကြံသတ်ဖြတ်မှုတိုင်းအား မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီမှရှုတ်ချဆန့်ကျင်ကြောင်း အသိပေးသည်။

ခေတ်အဆက်ဆက် ကျောင်းသုံးစာအုပ်များ၊သတင်း စာစောင်များနှင့် ရုပ်သံလေလှိုင်းများမှ ဤနိုင်ငံအတွင်းရှိလူအများသည် နိုင်ငံ၏ အာဇာနည်များသည် (ဗမာခေါင်းဆောင်အများစုနှင့် ပြည်မနိုင်ငံ ရေးသမားများပါ၀င်သော)ဤပုဂ္ဂိုလ်၉ဦးတည်းရှိသည်ဟု ထင်မှတ်ရန် စစ်တပ်က ဝါဒဖြန့်ခဲ့သည်ဟု ဆိုသည်။

အမှတ်စင်စစ်အားဖြင့် ဤနိုင်ငံအတွင်း လွတ်လပ်ရေးတိုက်ပွဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတရေးတိုက်ပွဲများတွင်ပါ၀င်ရင်း ကျဆုံးခဲ့သူများစွာရှိနေသည်ဟု အသိပေးသည်။

ထိုကျဆုံးခဲ့သူတိုင်းအား ရဲဝံ့စွာအသက်ပေးခဲ့သူ အာဇာနည်များအဖြစ် အသိအမှတ်ပြုရန်လိုအပ် ကြောင်း တိုက်တွန်းသည်။

ထိုကဲ့သို့သတ်မှတ်မှသာ အာဇာနည်အဖြစ်အသိ အမှတ် ပြုထိုက်သောလူမျိူးစုအသီးသီးမှ ကျောင်းသား၊ ရဟန်း၊ ပြည်သူများအတွက် ထိုက်တန်သည့် အသိ အမှတ်ပြုမှု ရရှိမည်ဖြစ်ပြီး လူမျိုးကြီးဝါဒအား ဆန့်ကျင်ရာလည်းရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(ဇူလိုင် ၁၉ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြု​ခြင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဂန့်ဂေါတောင်ပိုင်းက ပြုလုပ်ခဲ့​​သည်။

သတင်း

"ကိုဌေးအောင်က မှုခင်းသတင်းထောက်။ ဒီလူက စစ်ကောင်စီဘောမ မဘဲ ဖောက်ထွက်လာတဲ့ သတင်း ထောက်။ လူတော်တစ်ယောက်"ဟု ဒေသခံတစ်ဦးကပြောသည်။

သတင်း

တိုက်ပွဲသည်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပုံစံဖြစ်ပြီးစစ်ကောင်စီဘက်မှ​သေဆုံးထိခိုက်မှုအခြေအနေကိုမသိရသေးဟုအထက်ပါ PDFက​ပြောသည်။

သတင်း

ကျဆုံးသူနှစ်ဦးမှာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ (၃ )မှတပ်ခွဲမှူးကောင်းဆက်ဇော် (ခ) စော်ဘွားနှင့် KNDO တက်မဟာ (၄) တပ်ရင်း (၇) တပ်ခွဲ (၂) မှ တပ်စိတ်မှူး ဗိုလ်ဖအေး(ခ) ကော့လ်ဖတ် တို့ဖြစ်သည်။