Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာရှင်စနစ် အလုံးစုံကျဆုံးရေး လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲလုပ်ရမည်ဟု KNU ဥက္ကဋ္ဌ ပြော

ဒီဇင်ဘာ ၂၂ရက်တွင် ကျရောက်မည့် ကရင့်နှစ်သစ်ကူးနေ့ သို့ သဝဏ်လွှာပေးပို့ရာ၌ အထပ်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

(ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ​စေားမူတူး​စေးဖိုး။ဓါတိပုံ-Karen News)
(ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ​စေားမူတူး​စေးဖိုး။ဓါတိပုံ-Karen News)

စစ်အာဏာရှင် စနစ်အပြင် အာဏာရှင် စနစ် အလုံးစုံ ကျဆုံးရေးအတွက် ကြိုးပမ်း အားထုတ်နေကြသည့် လူမျိုးတိုင်း အဖွဲ့အစည်း တိုင်း အစုအဖွဲ့တိုင်းနှင့် လက်တွဲလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ဒီဇင်ဘာ ၂၂ရက်တွင် ကျရောက်မည့် ကရင့်နှစ်သစ်ကူးနေ့ သို့ သဝဏ်လွှာပေးပို့ရာ၌ အထပ်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြောင်းလဲဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် ခေတ်စနစ်များ၏ လိုအပ်ချက်များ အတိုင်း မဟာဗျူဟာ နှင့် နည်းဗျူဟာများကို ချမှတ်အကောင်အထည်ဖော်ဆောင်ကြရပါမည်” ဟု KNU ဥက္ကဋ္ဌက ဆိုသည်။

လူမျိုးတိုင်းနှင့် ပြည်နယ်တိုင်း တန်းတူညီမျှသည့် အခွင့်အရေးများ ရရှိနိုင်ရန်နှင့် ထိုအခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတိအလင်း ပြဌာန်းထားရန် မဆုတ်မနစ် ဆက်လက် ကြိုးပမ်းအားထုတ်ရမည်ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။

နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်များ ပြီးပြည့်စုံစေရန် ကရင်အမျိုးသား အဖွဲ့အစည်းများ၊ ဘာသာရေး အစုအဖွဲ့များ အပြင် တော်လှန်ရေး အဖွဲ့အစည်း အားလုံး တစ်ခုတည်းသော ကရင့်အမျိုးသား အလံတော်အောက်တွင် တစ်ခုတည်းသော ရည်မှန်းချက် ပန်းတိုင်ဖြင့် စည်းစည်းလုံးလုံး ဖြင့် ကြိုးပမ်းအားထုတ်ကြရမည်ဟု ၎င်း ကဆိုသည်။

ကရင့်အမျိုးသားရေး ကြိုးပမ်းမှုများအား ပြန်လည်သုံးသပ်ကြည့်ပါက အားနည်းချက်များစွာ တွေ့ရှိခဲ့ပြီး အကြီးမားဆုံးသော အားနည်းချက်သည် သင်းကွဲမှုများနှင့် စည်းလုံးညီညွတ်မှု အားနည်းခြင်းပင်ဖြစ်သည်ဟု KNU ဥက္ကဋ္ဌက ပြောသည်။

မည်သို့ပင်ဖြစ်စေကာမူ အားလျှော့ခြင်း အလျှင်းမရှိဘဲ ထိုမျှမက အားကောင်းပြီး ပိုမိုကောင်းမွန်သော စုစည်းမှုဖြင့် အရှိန်အဟုန်မြှင့်တင်ပြီး ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်ဗုံးကြဲမှုများကြောင် ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု အသိပေး ဖော်ပြထားသည်။

သတင်း

မဲဝိုင်ဒေသအတွင်းသို့ ၂ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာ၍ ဒေသခံ ရွာသားများ နေအိမ် ပျက်စီးမှုများ ကြုံရကာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်ခဲ့သည်။

သတင်း

KNU တပ်မဟာ(၁)နယ်မြေ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ တောက်လျှောက်လုပ်ဆောင်လျက်ရှိရာ ယနေ့(ဒီဇင်ဘာ ၁၅ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု KNLA တပ်မှူးက ပြောသည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၆ရက်)က ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုထက်မနည်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ညာတခိုကျိုး တပ်စခန်းအပါအဝင် စခန်းအချို့ သိမ်းရခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။