Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းပြတ်​ရွေ့တွင်ငလျှင်ဆက်တိုက်လှုပ်​နေ၍ ပြည်သူများ​မြေငလျှင်သတိပြု​ရန် ဘူမိ​ဗေဒပညာရှင်သတိ​ပေး

ယခုရက်ပိုင်း လှုပ်ရှားနေသော ငလျင်များနှင့် ပတ်သက်၍ဘူမိ​ဗေဒပညာရှင်ဖြစ်သော ဦးစိုးသူရထွန်းကယင်းကဲ့သို့သတိ​ပေးခြင်းဖြစ်သည်။

(တံတားဦး မြို့နယ်တွင်ဒီဇင်ဘာ ၁၅ ရက်က ပြင်းအား ရစ်ချ်တာစ​ကေး ၅ အဆငိ့ရှိ​မြေငလျှင်​ကြောင့် ​နေအိမ်နှင့်​ရှေး​ဟောင်း​စေတီ ပုထိုးအချို့ပျက်စီးခဲ့သည်။ ။ဓါတ်ပုံ-CJ)
(တံတားဦး မြို့နယ်တွင်ဒီဇင်ဘာ ၁၅ ရက်က ပြင်းအား ရစ်ချ်တာစ​ကေး ၅ အဆငိ့ရှိ​မြေငလျှင်​ကြောင့် ​နေအိမ်နှင့်​ရှေး​ဟောင်း​စေတီ ပုထိုးအချို့ပျက်စီးခဲ့သည်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းပြတ်ရွေ့သည် အင်အားအနည်းငယ်ရှိသော ငလျင်များ ဆက်တိုက်လှုပ်နေပြီး ပြည်သူများအနေဖြင့် ငလျင်အန္တရာယ်ကို သတိပြုနေထိုင်ရန် ဘူမိ​ဗေဒပညာရှင်တစ်ဦးလည်းဖြစ် ၊အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်​သော ဦးစိုးသူရထွန်းသတိပေးသည်။

ယခုရက်ပိုင်း လှုပ်ရှားနေသော ငလျင်များနှင့် ပတ်သက်၍ဘူမိ​ဗေဒပညာရှင်ဖြစ်သော ဦးစိုးသူရထွန်းကယင်းကဲ့သို့သတိ​ပေးခြင်းဖြစ်သည်။

“ဒီရက်လှုပ်နေတာတွေက စစ်ကိုင်းပြတ်ရွေ့မှာဖြစ်နေတာ။ အင်အားနည်းပေမယ့်လည်းအပျက်အစီးရှိနေတာ​တွေ့တယ်။ ငလျင်ဘေးအန္တရာယ်ရဲ့ သဘာဝအတိုင်း အမြဲတမ်းသတိရှိရှိနေဖို့လိုအပ်ပါတယ်” ဟုဦးစိုးသူရထွန်းက ပြောသည်။

(တံတားဦး မြို့နယ်တွင်ဒီဇင်ဘာ ၁၅ ရက်က ပြင်းအား ရစ်ချ်တာစ​ကေး ၅ အဆငိ့ရှိ​မြေငလျှင်​ကြောင့် ​နေအိမ်နှင့်​ရှေး​ဟောင်း​စေတီ ပုထိုးအချို့ပျက်စီးခဲ့သည်။ ။ဓါတ်ပုံ-CJ)
(တံတားဦး မြို့နယ်တွင်ဒီဇင်ဘာ ၁၅ ရက်က ပြင်းအား ရစ်ချ်တာစ​ကေး ၅ အဆငိ့ရှိ​မြေငလျှင်​ကြောင့် ​နေအိမ်နှင့်​ရှေး​ဟောင်း​စေတီ ပုထိုးအချို့ပျက်စီးခဲ့သည်။ ။ဓါတ်ပုံ-CJ)

ဦးစိုးသူရထွန်းသည် မြန်မာနိုင်ငံမြေငလျင်ကော်မတီ၏ အတွင်းရေးမှုးဟောင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကွမ်းခြံကုန်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသည်။

စစ်ကိုင်းပြတ်ရွေ့သည် ဒီဇင်ဘာဘာ ၁၅ရက်မှစတင်ကာ တံတားဦး၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ကန့်ဘလူ၊နေပြည်တော်၊ မိုးညှင်းမြို့တို့တွင်ရစ်ချ်တာစကေး ၃မှ ၅ အဆင့်ကြာငလျင်များ ရှစ်ကြိမ်ထက်မနည်း လှုပ်ခဲ့သည်။ မန္တလေးနှင့်စစ်ကိုင်းတွင်ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သည်။

စစ်ကိုင်းပြတ်ရွေ့သည်ကီလိုမီတာ ၁၂၀၀ခန့်ရှည်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်းပြည်နယ်မှ ရန်ကုန်တိုင်း သုံးခွမြို့အနီးအထိ ဖြတ်သွားသည့် ပြတ်ရွေ့ကြောကြီးဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့ တွင်အင်အားကြီးငလျှင်လှုပ်ပါကမန္တလေးနှင့် စစ်ကိုင်းမြို့အပါအဝင် ပြတ်ရွေ့ဖြတ်သွားသည့် မြို့ပြများ အပျက်အစီးရှိနိုင်ကြောင်း ငလျင်ပညာရှင်များက သတိပေး ထားသည်။

စစ်ကောင်စီသည်ငလျင်ဘေးအပါအဝင်သဘာဝဘေးကြိုတင်ကာကွယ်ရေးကို မလုပ်နိုင်သည့်အတွက်ပြည်သူလူထုအတွက် အန္တရာယ်ပိုများနေသည်ဟုလည်း ဦးစိုးသူရထွန်းက သတိ​ပေးသည်။

​မြေငလျှင်မည်သည့်အချိန်လှုပ်မည်ကို ကြိုတင်ခန့်မှန်း၍မရဘဲ ၊ငလျှင်လှုပ်လျှင် ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းရန်သာကြိုတင်ကာကွယ်နိုင်​ကြောင်း​မြေငလျှင်​ပညာရှင်များက​ပြောသည်။​မြေငလျှင်လှုပ်ပါက ငလျှင်​ကြောင့်လူမ​သေဘဲ​မြေငလျှင်လှုပ်၍ အ​ဆောက်အအုံများပြိုကျပိမိ၍သာ လူ​သေဆုံးကြခြင်းဖြစ်၍ အ​ဆောက်အအုံကို ခိုင်မာစွာ​ဆောက်ရန် ၊ ပြိုကျနိုင်​သောအရာများကို မပြို​​အောင် ကြိုတင်ပြင်ဆင်ထားရန် ပညာရှင်များကအကြံပြုသည်။

You May Also Like

News

မြန်မာနိုင်ငံ ပြည် တွင်း (သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ) အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၃)အဆင့်ရှိ အင်အားပြင်းငလျှင်လှုပ်တာလို့ဆိုပါတယ် ။