Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရသည့် ရွှေပြည်အေးရွာသား ၁၈ဦးကို စစ်ကောင်စီက ထောင်ဒဏ်(၃)နှစ်စီ မတရားချမှတ်

မတရားထောင်ဒဏ်ချမှတ်ခံရမှု မတိုင်မီက ရွှေပြည်အေးရွာသား ၁၉ဦးအား သေနတ် ၅လက်ဖြင့် ပြန်လာရွေးရန် စစ်ကောင်စီအကြောင်းကြားမှုရှိခဲ့သည်။

(ယမန်နှစ် အောက်တိုဘာ ၂၇ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ရွှေပြည်အေးရွာသာများအား တွေ့ရစဥ်၊ ဓာတ်ပုံ - PKPF)
(ယမန်နှစ် အောက်တိုဘာ ၂၇ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ရွှေပြည်အေးရွာသာများအား တွေ့ရစဥ်၊ ဓာတ်ပုံ - PKPF)

လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ရွှေပြည်အေးရွာသား ၁၈ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၃)နှစ်စီ မတရားချမှတ်လိုက်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့(ဒီဇင်ဘာ ၂၂ ရက်) ထုတ်ပြန်သည်။

၂၀၂၁ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များမီးရှို့ဖျက်ဆီးခဲ့ပြီး ရွာ သား ၁၉ ဦးအားဖမ်းဆီးကာ မျက်လုံးကို အဝတ်စဖြင့်ပိတ်ကြိုးနှင့်ချည်ကာ လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

ဖမ်းဆီးခံရသူ ၁၉ ဦးအနက် ဦးမောင်ညိုမှာ တောင်ကြီး အမှတ်(၁)ရဲစခန်းတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားကာ ကျန်ရှိသူများကို နိုင်ငံတော်ပုန်ကန်မှုဖြင့် အကြမ်းဖက်စစ်တပ်က တရားစွဲဆိုခဲ့သည်။

“မနေ့က(ဒီဇင်ဘာ ၂၁ ရက်) အမိန့်ချလိုက်တာလို့ သိရတယ်။ဒီနေ့မှကြားရတာ”ဟု ဖယ်ခုံမြို့ခံတစ်ဦးက ပြောသည်။

မတရားထောင်ဒဏ်ချမှတ်ခံရမှု မတိုင်မီက ရွှေပြည်အေးရွာသား ၁၉ဦးအား သေနတ် ၅လက်ဖြင့် ပြန်လာရွေးရန် စစ်ကောင်စီအကြောင်းကြားမှုရှိခဲ့သည်။

ယမန်နှစ် အောက်တိုဘာ ၂၂ ရက်က ခမရ(၃၃၆)တပ် ကင်းစခန်းကို ဖယ်ခုံ PDFက ဝင်တိုက်ခဲ့ရာ MA-3 သုံးလက်၊ MA-2 တစ်လက်နှင့် MA-1 လက်တို့ရရှိခဲ့သည်။

You May Also Like

သတင်း

အဆိုပါတိုက်ပွဲ၌ MNDAA ဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အသေအပျောက်ကို မသိရသေးကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်အများအပြား ရောက်ရှိလာပြီး စမ်းချောင်းရှိ သဇင်လမ်းအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

သတင်း

နယ်မြေရှင်းလင်းရန်သွားရောက်သည့် တော်လှန်ရေးရဲဘော်လေးဦးအနက်မှ တစ်ဦးကျဆုံးပြီး သေနတ်တစ်လက်၊ကျည်ဘောက်ငါးခု အပါအဝင် ကျည် (၁၈၀)ခန့်နှင့် လက်ပစ်ဗုံးတစ်လုံးဆုံးရှုံးခဲ့ကြောင်း ဗိုလ်အောင်မောင်းက ရှင်းပြသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး မိုင်းခွဲသည့်နေရာသို့ လူနာတင်ယာဥ်များရောက်ရှိလာကာ သေဆုံးဒဏ်ရာရသူများအား ပြန်သယ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကြာညှပ်က ပြောသည်။