Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများကို လက်နက်ကြီးဖြင့်ပစ်ခတ်နေ​သော ပလရဲစခန်းကို PDFများသွား​ရောက်တိုက်ခိုက်

ပလမြို့မှ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှာ ပုလောမြို့နယ် မြိတ်ခရိုင်တပ်ရင်း (၁ )လက်အာက်မှ တပ်ဖွဲ့ဖြစ်​ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူကပြောသည်။

(ပလမြို့ သို့ PDFများချီတက်လာစဥ် ။ ဓါတ်ပုံ-The Tanintharyi Times)
(ပလမြို့ သို့ PDFများချီတက်လာစဥ် ။ ဓါတ်ပုံ-The Tanintharyi Times)

ကျေးရွာများ လက်နက်ကြီးနှင့်ပစ်ခတ်နေ​သော တနသာ်ရီတိုင်း ၊ ပု​လောမြို့နယ် ၊ပလမြို့ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း PDFများက​ပြောသည်။

စစ်ကောင်စီတပ်များသည် ပလမြို့ရဲစခန်းမှ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ​ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ထို့နောက် ဒေသခံပြည့်သူ့ကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၂၁ ရက်နေလည် ၁၂ နာရီခန့်က အဆိုပါရဲစခန်းသို့သွား​ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခဲ့ပြီး​​နောက် ပလမြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ​ဒေသခံများက​ပြောသည်။

ပလမြို့မှ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှာ ပုလောမြို့နယ် မြိတ်ခရိုင်တပ်ရင်း (၁ )လက်အာက်မှ တပ်ဖွဲ့ဖြစ်​ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူကပြောသည်။

ပြည်သူများထိခိုက်သေဆုံးမှုကို မခံနိုင်၍ ဒေသခံကာကွယ်ရေးတပ်များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံPDFများက​ပြောသည်။

ရဲစခန်းကိုသွား​ရောက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအ​ခြေအ​နေကိုမူမသိရှိရကြောင်း ဒေသခံများက​ပြောသည်။

ဒီဇင်ဘာ ၉ ရက်ကလည်း ပလရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်အများအပြား ရောက်ရှိလာပြီး စမ်းချောင်းရှိ သဇင်လမ်းအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

သတင်း

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်နိုင်ဖွယ်ရှိပြီး အဖွဲ့သားများ အားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA အဖွဲ့က ဆိုသည်။

သတင်း

နယ်မြေရှင်းလင်းရန်သွားရောက်သည့် တော်လှန်ရေးရဲဘော်လေးဦးအနက်မှ တစ်ဦးကျဆုံးပြီး သေနတ်တစ်လက်၊ကျည်ဘောက်ငါးခု အပါအဝင် ကျည် (၁၈၀)ခန့်နှင့် လက်ပစ်ဗုံးတစ်လုံးဆုံးရှုံးခဲ့ကြောင်း ဗိုလ်အောင်မောင်းက ရှင်းပြသည်။

သတင်း

တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်အချို့ရှိပြီးစစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။