Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်

မြိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများလည်း အလင်းဝင်ရောက်မှုရှိပြီး ဆက်လက်ဝင်ရောက်ကြရန်လည်း ဒေသကာကွယ်ရေးအဖွဲ့အချို့က သတိပေးတိုက်တွန်းထားသည်။

CDM ဝင်လာသော ရဲတပ်သား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့စဥ်၊ ရဲတပ်သားပါလာသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)
CDM ဝင်လာသော ရဲတပ်သား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့စဥ်၊ ရဲတပ်သားပါလာသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)

ကျပ်သိန်း ၁၀၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်ကျည်အပြည့်အစုံဖြင့် CDM ပြုလုပ်လာ၍ ကျပ်သိန်း ၁၀၀ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်က မကွေးတိုင်း၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သား ကိုစွမ်းလင်းထက်သည် စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသောကြောင့် G3 တစ်လက် ၊ကျည်ဘောက်အပိုတစ်ခု ၊ G3 ကျည် ၅၂ တောင့်နှင့်အတူ CDM ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)က အသိပေးသည်။

CDM ဝင်လာသော ရဲတပ်သား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့စဥ်၊ ရဲတပ်သားပါလာသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)
CDM ဝင်လာသော ရဲတပ်သား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့စဥ်၊ ရဲတပ်သားပါလာသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)

“စကစ ရဲ့ လုပ်ပုံကိုင်ပုံတွေကိုမကြိုက်နေတာတွေကြောင့် သူတို့လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့အတွက် CDM ဝင်လာတာလို့ပြောပါတယ်။ ဟိုးအရင်ကတည်းက CDM ဝင်ချင်ခဲ့ပေမယ့် CDM ဝင်လာတဲ့ရဲတွေ စစ်သားတွေကို PDFတွေက သတ်ပစ်တယ်၊ ရိုက်နှက်စစ်ဆေးတယ်။ လက်နက်ပါရင် လက်နက်ကိုယူပြီး လူကိုသတ်ပစ်တယ်ဆိုတဲ့ ဟိုဘက်က ဆိုက်ဝါးတွေကြောင့် မဝင်ဖြစ်နေသေးတာလို့လည်း ပြောပါတယ်။”ဟု ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများလည်း အလင်းဝင်ရောက်မှုရှိပြီး ဆက်လက်ဝင်ရောက်ကြရန်လည်း ဒေသကာကွယ်ရေးအဖွဲ့အချို့က သတိပေးတိုက်တွန်းထားသည်။

You May Also Like

သတင်း

ခလရ (၂၇၄)တပ်မှ ရဲဘော် မျိုးသက်ပိုင်သည် ဒီဇင်ဘာ ၁၆ရက်တွင် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

အဆိုပါ CDM တပ်ကြပ်ကြီးသည် ယခုနှစ် ဇန်နဝါရီ၁ရက်တွင် ပြည်သူ့ဘက်ရပ် တည်လာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဦးထက်မြတ်အောင်ကို ဖေဖော်ဝါရီ ၂၃ရက်တွင် နေအိမ်သို့ဝင်ရောက်၍ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြစ်မှူကျူးလွန်ထားခြင်းမရှိဘဲ မတရားစွပ်စွဲချက်များဖြင့် အမှုဆင်ကာ ဒီဇင်ဘာ ၂ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

သတင်း

ရဲနိုင်​သွေးနည်းတူ စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် နဂါးနီစစ်ကြောင်းတပ်ခွဲ၂ထံ အမြန်ဆုံးပူးပေါင်း CDMပြုလုပ်ကြရန် တိုက်တွန်းသည်။