Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က မတ္တရာနယ် ဧရာဝတီမြစ်ဘေးကျေးရွာများအား မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်နှင့် မြစ်တစ်ဖက်ကမ်းတွင်ရှိသော မတ္တရာမြို့နယ်ရှိ ကျေးရွာအများအပြားအား စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

စိန်ပန်းကုန်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Cj
စိန်ပန်းကုန်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ဘေးရှိ စိန်ပန်းကုန်းကျေးရွာအား စစ်ကောင်စီတပ်က ညအချိန် ဝင်ရောက်ဖျက်ဆီးမီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက်) ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က မတ္တရာမြို့နယ် ဧရာဝတီမြစ်ဘေးရှိ စိန်ပန်းကုန်းကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ အိမ်ခြေအများအပြား မီးလောင် ကျွမ်းပျက်စီးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ၂၃ ရက် ညနေ ၃နာရီခန့်က ဧရာဝတီမြစ်ကြောင်းအတွင်း မန္တလေးမြို့မှဆန်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော ရေယာဉ်တစ်စီးအား စိန်ပန်းကုန်းကျေးရွာအနီး၌

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် နောက်တစ်ရက် ဒီဇင်ဘာ၂၄ ရက်တွင် စစ်အုပ်စုက အနီးရှိ စိန်ပန်းကုန်းရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဒေသခံတစ်ဦးကိုလည်း ဒရုန်းဖြင့်တိုက်ခဲ့သည့် ဖြစ်စဥ်ပါဝင်သော PDFဟုဆိုကာ ဖမ်းဆီးထားကြောင်း ဒေသခံက ပြောသည်။

“ထိခိုက်မှု အတိအကျမသိရလို့သာ။ အဲဒီနားက ရွာလည်းမီးပတ်ရှို့နေတာ။ စိတ်ဆိုးနေကြတာ။ ဖမ်းထားတဲ့တစ်ယောက်ကလည်း အဖွဲ့ထဲက မဟုတ်ဘဲ ပြည်သူတွေထဲကလည်း ဖြစ်နိုင်တယ်။”ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်နှင့် မြစ်တစ်ဖက်ကမ်းတွင်ရှိသော မတ္တရာမြို့နယ်ရှိ ကျေးရွာအများအပြားအား စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

You May Also Like

သတင်း

တစ်ပတ်ကျော်ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ကူများ၊တင့်ကားများ အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသခံက ပြောသည်။

သတင်း

ညနေ ၄ နာရီခန့်တွင် ထန်းတောကုန်းရွာ၊ ည ၇ နာရီခန့်တွင် ဂူကြီးကုန်းရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြကြောင်း၊ ပျက်စီးအိမ်ခြေအတိအကျမသိရသေးကြောင်း နယ်ခံများက ပြောသည်။

သတင်း

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုများလည်းရှိနေပြီး ယမန်နေ့ကပင် စစ်ကားကိုကျော်တက်မိသည့် ခရီးတင်ယာဥ်ပစ်အား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလ​ည်း ရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ၍ ပြည်သူလူထုများသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်နေရသည်။