Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းဘေးကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုများလည်းရှိနေပြီး ယမန်နေ့ကပင် စစ်ကားကိုကျော်တက်မိသည့် ခရီးတင်ယာဥ်ပစ်အား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလ​ည်း ရှိခဲ့သည်။

မုံရွာကျောက္ကာလမ်းပေါ်က စစ်ကောင်စီတပ်များ (ပုံဟောင်း)ဓာတ်ပုံ - CJ
မုံရွာကျောက္ကာလမ်းပေါ်က စစ်ကောင်စီတပ်များ (ပုံဟောင်း)ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးဘေးကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်လုပ် (၄၀)မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People Revolution Force Kyaukse အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက်) မွန်းလွဲ ၁နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ထီးဆောင်းကျေးရွာနှင့်ညောင်ပင်ဝန်းကျေးရွာကြား နဘဲကြူးဇရပ်အနီးရှိ လမ်းဘေးခြံတစ်ခုအတွင်း ဝပ်ကင်းယူထားသော စစ်ကောင်စီတပ်၏ အင်အား၂၀ခန့်အား လက်လုပ် (၄၀) မမများဖြင့် ဒေသတွင်းမဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း​​ဖြစ်ကြောင်း People Revolution Force Kyaukse အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ထီးဆောင်းမှာတပ်စွဲထားတာရှိပါတယ်။ ၂၃ ရက်နေ့က ထီးဆောင်းကိုဒေသခံ PDF တွေကလာရောက်တိုက်ခိုက်ပါတယ်။ အဲဒါကြောင့် သူတို့ကင်းပုန်းလာဝပ်တာပါ။ ကျွန်တော်တို့ကဒီဘက်ကနေဖြတ်တောက်ပေးတာပါ။”ဟု ၎င်းတာဝန်ခံက ပြောသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်အုပ်စု ပြင်းထန်ဒဏ်ရာများရရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို People Revolution Force Kyaukse၊ အမရစစ်သည်တော်ကာကွယ်ရေးအဖွဲ့၊ Farmer Revolution Force(SGG)၊ Kyaukse District Defense Force၊ PDF တောင်သာ၊ Dragon Brother Defense Force မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုများလည်းရှိနေပြီး ယမန်နေ့ကပင် စစ်ကားကိုကျော်တက်မိသည့် ခရီးတင်ယာဥ်ပစ်အား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလ​ည်း ရှိခဲ့သည်။

You May Also Like

သတင်း

တစ်ပတ်ကျော်ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ကူများ၊တင့်ကားများ အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသခံက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်နှင့် မြစ်တစ်ဖက်ကမ်းတွင်ရှိသော မတ္တရာမြို့နယ်ရှိ ကျေးရွာအများအပြားအား စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

သတင်း

ဒီလိုတိုက်ခိုက်မှုမလုပ်ခင် ပုလိပ်မြို့က KTV ၊ ဘားနဲ့ကလပ်တွေအနေနဲ့ စစ်ကောင်စီတပ်ကို ငွေကြေးမပေးဖို့ကြိုတင်သတိပေးခဲ့တယ်လို့လည်းသိရပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ၍ ပြည်သူလူထုများသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်နေရသည်။