Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလိပ်မြို့က KTV ပစ်မှတ်ထားတိုက်ခိုက်ခံရ

ဒီလိုတိုက်ခိုက်မှုမလုပ်ခင် ပုလိပ်မြို့က KTV ၊ ဘားနဲ့ကလပ်တွေအနေနဲ့ စစ်ကောင်စီတပ်ကို ငွေကြေးမပေးဖို့ကြိုတင်သတိပေးခဲ့တယ်လို့လည်းသိရပါတယ်။

ပုလိပ်မြို့က KTV ပစ်မှတ်ထားတိုက်ခိုက်ခံရ
ပုလိပ်မြို့က KTV ပစ်မှတ်ထားတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပုလိပ်မြို့မှာ ဖွင့်ထားတဲ့ KTV ဆိုင်တစ်ဆိုင်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ကဒီဇင်ဘာလ. ၂၄ ရက်မှာ ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုကို စဉ့်ကိုင်ဒေသကာကွယ်ရေးတပ်ဖွဲ့ က မနေ့က ဒီဇင်ဘာလ ၂၄ ရက် နေ့ခင်းပိုင်း ၂ နာရီမှာ ဆောင်ရွက်ခဲ့တာလို့ LPDF SINTGAINGအဖွဲ့က ထုတ်ပြန်ပါတယ်။

ဗုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပုလိပ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ကို လိုင်းကြေးပေးဖွင့်လှစ်လို့တိုက်ခိုက်တာလို့ဆိုထားပါတယ်။

ဒီလိုတိုက်ခိုက်မှုမလုပ်ခင် ပုလိပ်မြို့က KTV ၊ ဘားနဲ့ကလပ်တွေအနေနဲ့ စစ်ကောင်စီတပ်ကို ငွေကြေးမပေးဖို့ကြိုတင်သတိပေးခဲ့တယ်လို့လည်းသိရပါတယ်။

ပလိပ်မြို့မှာ မန္တလေးမြို့အနီး ၊မြစ်ငယ်မြစ်ဘေးမှာတည်ရှိတဲ့မြို့လည်းဖြစ်ပါတယ်။

You May Also Like

သတင်း

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုများလည်းရှိနေပြီး ယမန်နေ့ကပင် စစ်ကားကိုကျော်တက်မိသည့် ခရီးတင်ယာဥ်ပစ်အား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလ​ည်း ရှိခဲ့သည်။

သတင်း

ယနေ့( ဒီဇင်ဘာ ၂၄ရက်)နံနက် ၁ဝ နာရီခွဲခန့်တွင် ကလေးမြို့တာဟန်းမီးပွိုင့်ဂိတ်ကိုချင်း​ဒေသကာကွယ်​ရေးတပ်( က​လေး၊က​ဘော်၊ဂန့်​ဂေါ) CDF – KKGမှ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ရန် ချဥ်းကပ်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကိုထားခဲ့ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

သတင်း

KAနှင့် KNDF တို့အား ကြိုတင်အသိပေးအကြောင်းကြားခဲ့သော်လည်း KA/KNDF တို့က တိုက်ခိုက်ခဲ့မှုကြောင့် ကလလတ တပ်ဖွဲ့ဝင် ၆ဦးနှင့် ပြည်သူ ၂ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၃ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟု ကလလတက ထုတ်ပြန်ခဲ့သည်။

သတင်း

FLA အဖွဲ့သည် ယမန်နေ့ကလည်း အထက်ပါမဟာမိတ်အဖွဲ့များနှင့်အတူ တာမွေမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်တစ်ခုကို လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့သည်။