Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နှင့် ခင်ဦးနယ်စပ်ရှိ ချောင်းရိုးရွာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်

ယနေ့ (ဧပြီ ၁၁ ရက်) နံနက် ၅ နာရီခန့်က တန့်ဆည်နှင့် ရေဦးမြို့နယ်နယ်အစပ်ရှိ ချောင်းရိုးကျေးရွာကို စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်ခဲ့ပြီး တစ်နာရီခန့်အကြာတွင် စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်နှင့် ခင်ဦးမြို့နယ်အစပ်ရှိ ချောင်းရိုးကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေ၍ အနီးတဝိုက်ကျေးရွာများမှ ဒေသခံပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဧပြီ ၁၁ ရက်) နံနက် ၅ နာရီခန့်က တန့်ဆည်နှင့် ရေဦးမြို့နယ်နယ်အစပ်ရှိ ချောင်းရိုးကျေးရွာကို စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်ခဲ့ပြီး တစ်နာရီခန့်အကြာတွင် စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

“ပျူစောထီးတွေလည်း ပါတယ်။ မနက် ၅ခွဲလောက်မှာ တန့်ဆည်-ရေဦးလမ်းပေါ်မှာရှိတဲ့ ချောင်းရိုးရွာနဲ့ ဖန်းခါးဇင်ရွာကို ဝင်ပြီးလက်နက်ကြီးတွေနဲ့ထုတယ်။ ချောင်းရိုးရွာကို မီးရှို့တယ်။”ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ချောင်းရိုးကျေးရွာအပြင် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ တန့်ဆည် – ရေဦး လမ်းမကြီးအား လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ၊ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက သတိပေးသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ယမန်နေ့( ဧပြီ ၁၀ ရက်​) နံနက်ပိုင်းကလည်း ရေဦးနယ်မှ ခင်ဦးမြို့နယ်သို့ကူးလာသော စစ်ကောင်စီတပ်သည် အင်းပတ်ကျေးရွာကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အာဏာသိမ်းကာလအတွင်း ၂၀၂၃ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။