Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“သေဆုံးသူတွေထဲမှာအရပ်သားတွေအများကြီးပါပါတယ်”

ယနေ့ နေ့လယ် ၁၂နာရီခန့်အထိ People’s Spring ကရရှိသော စာရင်းအရ​သေဆုံးသူ ၄၀ဦးထက် ထက်မနည်းရှိပြီး ဒဏ်ရာအပြင်းအထန်ရသူ အများအပြားရှိနေသည်။

"သေဆုံးသူတွေထဲမှာအရပ်သားတွေအများကြီးပါပါတယ်"
"သေဆုံးသူတွေထဲမှာအရပ်သားတွေအများကြီးပါပါတယ်"

▪︎ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်ခံရမှုအ​​ပေါ် ​ ကယ်ဆယ်​ရေးလုပ်ကိုင်​နေ​သော ​ဒေသခံတစ်ဦးနှင့်​မေးမြန်းခန်း

ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီက ယနေ့ နံနက် ၇ နာရီ​ကျော်တွင် လေကြောင်းမှ ဂျက်တိုက်​လေယာဥ်နှင့် Mi-35 တိုက်ခိုက်​ရေးရဟတ်ယာဥ်များအသုံးပြုတိုက်ခိုက်ခဲ့သည်။ယနေ့ နေ့လယ် ၁၂နာရီခန့်အထိ People’s Spring ကရရှိသော စာရင်းအရ​သေဆုံးသူ ၄၀ဦးထက် ထက်မနည်းရှိပြီး ဒဏ်ရာအပြင်းအထန်ရသူ အများအပြားရှိနေသည်။သေဆုံးသူနှင့်ပျောက်ဆုံးနေသူအရေအတွက်စုစုပေါင်းသည် တစ်ရာဝန်းကျင်အထိရှိနိုင်သည်ဟု ကယ်ဆယ်​ရေးလုပ်​နေသူများကခန့်မှန်းသည်။

မြေပြင်သို့ရောက်ရှိနေသော ​ဒေသခံတစ်ဦးဖြစ်​သည့် ကိုကျော်ဝဏ္ဏ အား People’s Spring ကဆက်သွယ်မေးမြန်းထားပါသည်။

မေး – ​လေ​ကြောင်းတိုက်ခိုက်ခံရချိန်မြေပြင်မှာရှိနေလား။

‌ဖြေ – ရှိနေပါတယ်ဗျ။ ပစ်ခတ်တဲ့အချိန်မှာတော့ ကျနော်ကားလမ်းပေါ်မှာရှိနေတာပါ။ တစ်ရွာနဲ့တစ်ရွာသမိုင်းသုံးပိုင်းပဲဝေးတာဆိုတော့ လှမ်းမြင်နေရပါတယ်။

"သေဆုံးသူတွေထဲမှာအရပ်သားတွေအများကြီးပါပါတယ်"

မေး- စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်တဲ့အချိန် မြင်​တွေ့ရတာ​တွေကို ​ပြောပြ​ပေးပါလား။

ဖြေ- မနက် ၇နာရီခွဲမှာပဲ ဂျက်ဖိုက်တာက အနောက်အရပ်ကနေလာတယ်။ ပစ်တယ်။ရော့ကက်ခေါ်မလား။ အဲ့ဒါနဲ့ ပစ်တာ။ တအုန်းအုန်းနဲ့ကွဲတယ်။ ပစ်ပြီးလို့ တစ်မိနစ်နဲ့နှစ်မိနစ်လောက်ပဲကြာပါတယ်။ နောက်ကနေ Mi-35 က ကပ်လိုက်လာပြီး စက်သေနတ်နဲ့ပတ်ပြီးဖြစ်တယ်။ ၁၅မိနစ်ကနေ မိနစ် ၂၀ လောက်ကြာတယ်။ ရွာကိုပတ်ပျံပြီးတော့ပစ်တာပါ။ ပကဖရုံးလို့ သူတို့ထင်တဲ့နေရာကိုချိန်,ချိန် ပစ်တာ။

မေး- သေဆုံး ထိခိုက်မှုအ​ခြေ​အေ​နေ​တွေကိသိသ​လောက်ပြောပြပါလား။

ဖြေ- သေဆုံးသူတွေထဲမှာအရပ်သားတွေအများကြီးပါပါတယ်။ ကျေးရွာလုံခြုံရေးကိုတာဝန်ယူနေတဲ့ ပကဖတွေ၊ ပလဖတွေလည်း ပါသွားတယ်။ တချို့ဟာတွေက လက်ရှိအချိန်အထိပုံဖမ်းလို့မရဘူးဖြစ်နေတယ်။

မေး- သေဆုံးသူအရေအတွက်ဘယ်လောက်ရှိနိုင်လဲ။

ဖြေ- သေဆုံးနေတာတွေက ပိုးလို့ပက်လက်ပဲ။လောလော

ဆယ်အနေအထားအရ သုံးလေးဆယ်လောက် ကောက်ရလိမ့်မယ်တူတယ်။ ပျောက်တာနဲ့သေတာနဲ့ဆို တစ်ရာ ဝန်းကျင်လောက်ရှိတယ်။ တိုးလည်းတိုးလာနိုင်တယ်။

မေး – ဒဏ်ရာရတဲ့သူအခြေနေကရော။

ဖြေ- ဒဏ်ရာရတဲ့သူတွေကို ကန့်ဘလူခရိုင်ကဆေးအဖွဲ့ကနေ ကုသပေးနေပါတယ်။

မေး – အခုလက်ရှိမြင်ကွင်းကိုပြောပြပါဦး ။

ဖြေ – သေဆုံးနေတာတွေက တုံးလုံးပက်လက်တွေ၊ ဒဏ်ရာရတဲ့သူ တွေက အော်ဟစ်ငိုကြွေးနေတာ။ ပြည်သူ့ကာကွယ်ရင်းအဖွဲ့တွေက လုံခြုံရေးအရထားတဲ့ မိုင်းတွေလည်း ကွဲတာဆိုတော့ ချက်ချင်းမတက်နိုင်ဘူး။ အသံတွေတိတ်သွားပြီဆိုမှတတ်နိုင်တာ။

မေး – အခုလိုမျိုး လေကြောင်းကနေ အပစ်ခံရတဲ့အပေါ် ဘယ်လိုထင်လဲ ။

ဖြေ – ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ သူလျိုဒလန်တွေ ရှိနိုင်သေးတယ်ဗျ။ ဒီနေ့ ၊ဒီရက် ဒီဖွင့်ပွဲလုပ်ချိန်မှ၊ ရုံးကလည်းဆောက်ထားတာ အသစ်ရှိသေးတာ။ ဒါကို လာ ပစ်တာဆိုတော့ သူတို့ဘက်ကသတင်းထောက်တာပဲ ကောင်းနေတာလား။သေချာတာတော့သတင်းပေးရှိလို့ဒီလိုဖြစ်တာပဲ။

မေး- ဘာဖြည့်စွက်ပြောချင်​သေးလဲ။

ဖြေ – စစ်‌​ကောင်စီကတော့ ပြည်သူအပေါ် ဖြတ်လေးဖြတ်ပုံစံမျိုးနဲ့ဆက်လုပ်မှာပဲ။ ဒီအပေါ်မှာကျွန်တော်တို့တောင့်ခံရမယ်။ စစ်ကောင်စီကို နောက်ဆုံးထွက်သက်ထိတော်လှန်နေမှာပဲ။ ဒါဟာ ကျနော်တို့တစ်နယ်တည်းမဟုတ်ဘူး။ လေကြောင်းက သူတို့ အားသာလို့ သူတို့ လာပစ်တာ။ ဇရှိရင်တော့ဗျာ တစ်ယောက်ချင်း ခုတ်ပစ်ချင်တယ်။ ကျွန်တော်တို့ သွေးမနည်းပါဘူး။ ဆက်တိုက်နေပါမယ်။