Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်အုပ်စု၏ လူမျိုးတုန်းသတ်ဖြတ်ရေးလှုံ့ဆော်မှုများနှင့် စစ်သုံ့ပန်းဓာတ်ပုံများကို Canal+ နှင့် Thaicom တို့ ထုတ်လွှင့်နေ

တရားမဝင်စစ်အုပ်စုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး မြန်မာပြည်သူများအပေါ် ၎င်းတို့ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းအတွက် ရုပ်မြင်သံကြားကို အသုံးပြုနေခြင်းဖြစ်ပြီး ယင်းအစီအစဉ်များကို Canal + နှင့်Thaicom တို့က ထုတ်လွှင့်ပေးနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(စစ်အုပ်စုက ၎င်းတို့၏ ဝါဒဖြန့်ရုပ်သံလိုင်းမှ ထုတ်လွှင့်ဝါဒဖြန့်ထားသော သတင်းတစ်ပုဒ်အား တွေ့ရစဥ်)
(စစ်အုပ်စုက ၎င်းတို့၏ ဝါဒဖြန့်ရုပ်သံလိုင်းမှ ထုတ်လွှင့်ဝါဒဖြန့်ထားသော သတင်းတစ်ပုဒ်အား တွေ့ရစဥ်)

ပြင်သစ်ကော်ပိုရေးရှင်း Vivendi SA ၏ လုပ်ငန်းခွဲ Canal+ နှင့် ၎င်း၏မိတ်ဖက် ထိုင်းဂြိုလ်တု ကော်ပိုရေးရှင်း Thaicom တို့သည် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်မူများ၊ OECD လမ်းညွှန်ချက်များ၊ နိုင်ငံတကာဥပဒေနှင့် စံနှုန်းတွေအရ ၎င်းတို့ လိုက်နာရမည့် တာဝန်ဝတ္တရားများကို ဆန့်ကျင်ပြီး မြန်မာစစ်အုပ်စု၏ ဝါဒဖြန့်ချိရေးသတင်းများကို ထုတ်လွှင့်နေသည်ဟု Justice For Myanmar က ထုတ်ပြန်သည်။

တရားမဝင်စစ်အုပ်စုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး မြန်မာပြည်သူများအပေါ် ၎င်းတို့ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းအတွက် ရုပ်မြင်သံကြားကို အသုံးပြုနေခြင်းဖြစ်ပြီး ယင်းအစီအစဉ်များကို Canal + နှင့်Thaicom တို့က ထုတ်လွှင့်ပေးနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“Canal+ နဲ့ Thaicom တို့အနေနဲ့ စစ်အုပ်စုဝါဒဖြန့်ချီမှုတွေ ထုတ်လွှင့်မှုကို ချက်ချင်းရပ်ဆိုင်းပြီး၊ OECD လမ်းညွှန်ချက်တွေနဲ့ နိုင်ငံတကာဥပဒေအရ သူတို့လိုက်နာရမယ့် တာဝန်တွေကို လေးစားလိုက်နာဖို့ တောင်းဆိုပါတယ်။ ပြင်သစ်နဲ့ ထိုင်းနိုင်ငံ တို့အနေနဲ့ သူတို့ အာဏာပိုင်နယ်မြေအတွင်းမှာရှိကြတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ရပ်တွေ အတွက် တာဝန်ရှိကြတဲ့ကုမ္ပဏီတွေကို မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ ဥပဒေနဲ့စံနှုန်းတွေကို လိုက်နာကျင့်သုံးစေဖို့ အရေးတကြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်ပါတယ်”ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

Canal+ သည် ခရိုနီကုမ္ပဏီ Forever Group နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လစဉ်ကြေးသွင်းပြီးကြည့်ရသည့် ရုပ်သံစီးပွားရေးတစ်ခုကို ၂၀၁၈ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။ Forever Groupမှာ မြန်မာစစ်တပ်နှင့် ကာလရှည်လက်တွဲလာသည့် ရုပ်သံထုတ်လွှင့်ရေးမိတ်ဖက်ဖြစ်ပြီး ယခင်က Forever Groupကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ခဲ့သည်။

၂၀၁၉ တွင် Canal+ သည် Thaicom 6 ဂြိုလ်တုမှတဆင့် ရုပ်သံထုတ်လွှင့်နိုင်ရန် ထိုင်းဂြိုလ်တု ကော်ပိုရေးရှင်း Thaicom နှင့် ဂြိုလ်တုအသုံးပြုခွင့်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု JFM က ဖော်ပြသည်။

“Thaicom ဟာ မြန်မာစစ်တပ်နဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ အရင်က မြန်မာစစ်တပ်ရဲ့ မြဝတီ ရုပ်မြင်သံကြား (MWD) ချန်နယ်တွေကို ထုတ်လွှင့်ပေးခဲ့ပါတယ်။ Thaicom က မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) နဲ့ ဝန်ဆောင်မှုသဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုထားပြီး၊ ဒီစာချုပ်ကို ၂၀၂၁ ခုနှစ်မှာ သက်တမ်းတိုးထားပါတယ်”ဟု JFM က ဆိုသည်။

Canal+ နှင့် Thaicom တို့သည် စစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲ သတ်မှတ်ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်၊ ဥပဒေမဲ့ထောင်ချ၊ စစ်အုပ်စု၏ တရားရုံးများက သေဒဏ်ချမှတ် ခံရသူများ၏ ရုပ်ပုံများကို ပုံမှန်ထုတ်လွှင့်နေသော MRTV နှင့် နိုင်ငံတကာ ဝါဒဖြန့်ချိရေးရုပ်သံလိုင်း MITV တို့ကို ထုတ်လွှင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။