Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးမြို့အဝင် ကင်းပုန်းဝပ်နေသောစစ်​ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်က ပတ်ဝန်းကျင်သို့ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းမဟာမိတ်ညီနောင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

(၂ဝ၂၁ ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ဓာတ်ပုံ - အေအပ်ပီ)
(၂ဝ၂၁ ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ဓာတ်ပုံ - အေအပ်ပီ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့အဝင် ရွှေမုဌောဘုရားအနီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း Myanmar Revolution Army -MRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (မေလ ၇ရက်) နံနက် ၈နာရီခွဲခန့်က ဆားလင်းကြီးမြို့အဝင် ရွှေမုဌောဘုရားအနီး၌ ကင်းပုန်းဝပ်နေကြသော စစ်ကောင်စီတပ်သားများအား (၄၀)မမ၊ စနိုက်ပါများဖြင့်ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း MRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ရွှေမုဌောမှာအင်အား ၃၀ ဝန်းကျင်လောက်ရှိတယ်။ တိုက်ပွဲချိန်က မိနစ်၂၀ ဝန်းကျင်လောက်ပေါ့။ ကျွန်တော်တို့က စနိုက်ပါနဲ့ ချောင်းပစ်တာဆိုတော့ ပစ်ကွင်းရှာနေတာ။ တစ်ကောင်ရ နှစ်ကောင်ရ ပြောက်ကျားစနစ်နဲ့ ပစ်ပြီးပြန်ဆုတ်လုပ်ခဲ့တာ။ အရင်စစ်ကြောင်းက လက်ကျန် စကစတွေ။အမြဲတမ်းလိုလို အရှေ့မှာ ကင်းစောင့်တယ်။ ပြည်သူဖုန်းတွေစစ်၊ ပိုက်ဆံတောင်း မှတ်ပုံတင်စစ်တွေ ရံဖန်ရံခါလုပ်တက်တယ်။”ဟုMRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သားနှစ်ဦးမှာ စနိုက်ပါလက်ချက်ဖြင့် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားသည်ဟု MRAက ဆိုသည်။သို့သော် စစ်ကောင်စီတပ်သား သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

စစ်ကောင်စီတပ်က ပတ်ဝန်းကျင်သို့ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းမဟာမိတ်ညီနောင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ထိုစစ်ဆင်ရေးကို Myanmar Revolution Army -MRAနှင့် MRDA ဆားလင်းကြီးတပ်ခွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။