close
Connect with us

Hi, what are you looking for?

သတင်း

ထပ်မံ သိမ်းရသည့် မြို့နယ်များ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ရာ၌ CDM ဝန်ထမ်းများအား ဖိတ်ခေါ်ရန် TNLA ခေါင်းဆောင် ပြော

မိုးကုတ် တွင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းနှင့် ရိက္ခာများ လွယ်ကူစွာ သယ်ယူနိုင်ရေး အဆင်ပြေအောင် ကြိုးပမ်းမည်ဟု အသိပေး

TNLA အ​ထွေ​ထွေအတွင်း​ရေးမှူးဗိုလ်ချုပ်တားဘုန်း​ကျော်က ထပ်မံသိမ်းပိုက်ထား​သောမြို့များသို့ လိုက်လံကြည်ရှု့ရင်း​ဒေသခံများနှင့် ​တွေ့ဆုံစဥ်။ဓါတ်ပုံ- TNLA

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(PSLF/TNLA)က ထပ်မံသိမ်းပိုက်ရရှိခဲ့သည့် မြို့နယ်များအတွင်း အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ရာ၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု တွင် ပါဝင်ခဲ့သည့် CDM ဝန်ထမ်းများကို ဖိတ်ခေါ်ဆောင်ရွက်ရန် TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထပ်မံသိမ်းပိုက်ရရှိသည့်မြို့များအား PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့်အဖွဲ့ သွားရောက်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်သည့် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့များကို TNLA ခေါင်းဆောင်များက ဩဂုတ် ၁၅ရက်မှ ၁၈ရက် နေအထိ ကွင်းဆင်းသွားရောက်လေ့လာခဲ့သည်ဟုဆိုသည်။

ခရီးစဉ်အတွင်း သိမ်းပိုက်ရရှိထားသည့် တပ်စခန်းနှင့် အစိုးရဆိုင်ရာဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများအား သွားရောက် လေ့လာခဲ့ကြောင်း ဖော်ပြသည်။ ထို့ပြင် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တွင် လူထုတွေ့ဆုံမှုပါ ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ရေးအတွက် မြို့ခံပြည်သူလူထုအား ရှင်းလင်းခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဒေသခံများနှင့်တွေ့ဆုံစဉ် ပြည်သူလူထုများ၏ အခြေခံဝန်ဆောင်မှုဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးတို့ အမြန်ဆုံး ရရှိရေးအတွက် ဆောင်ရွက်လိုကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့ပြီး လိုအပ်နေသည့် ကျွမ်းကျင်ဝန်ထမ်းများကို မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများအား ဖိတ်ခေါ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု အသိပေးခဲ့ကြောင်းဖော်ပြသည်။

မိုးကုတ် ပြည်သူများနှင့်တွေ့ဆုံ့စဉ် ဗိုလ်ချုပ်တားဘုန်းကျော်က မြို့တွင်း စည်ပင်သာယာရေးနှင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့ကို ဆောင်ရွက်မည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။

ထို့ပြင်မိုးကုတ်မြို့နယ်၌ တစ်နိုင်တပိုင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းနှင့် ရိက္ခာများ လွယ်ကူစွာ သယ်ယူနိုင်ရေးတို့ကိုလည်း အဆင်ပြေချောမွေ့စေရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ်တာဘုန်းကျော်မှ ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

PSLF/TNLA ဗဟိုအထွေထွေအုပ်ချူပ်ရေးဌာနမှူး ဗိုလ်မှူးချူပ် တားဂူးဇာရ်က မြို့တွင်း အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် မြို့မိမြို့ဖများအား တိုက်တွန်းပြောကြားခဲ့သည်ဟုဆိုသည်။

သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့များနှင့်ပတ်သက်ပြီး လက်တလော ကာလအတွက် အုပ်ချုပ်ရေးလုပ်ငန်းများကို PSLF/TNLAမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်၌ ကြားကာလ တော်လှန်ရေးအစိုးရ၊ PSLF/TNLA နှင့် အရပ်သားများ ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်း ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောခဲ့ဟု ဖော်ပြသည်။

TNLAအနေဖြင့် ၂၀၂၃ အောက်တိုဘာ ၂၇ရက်က အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းတွင် နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ မန်တုံမြို့များကို သိမ်းပိုက်ထားပြီး ယခု နှစ် ဇွန်လမှ အစပြုသည့် ၁၀၂၇ စစ်ဆင်ရေအပိုင်း(၂)တွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်များကို သိမ်းပိုက်နိုင်ခဲ့ဟု TNLA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ယနေ့ (ဩဂုတ် ၂၁ရက်)တွင် နေရာသုံးနေရာ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)ကို ကျောခိုင်းစွန့်လွှတ်ပြီး တော်လှန်ရေး၌ အပြည့်အ၀ ပါဝင်ရန် မွန်ပြည်သစ်ပါတီ(NSMP)ကို တအာင်းတပ်မတော်(PSLF/TNLA) တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက တိုက်တွန်းလိုက်သည်။

Facebook