close
Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးထောင်မှာ အမျိုးသမီး နိုင်ကျဉ်းတွေဖိနှိပ်ခံနေရ

ပဲခူးတိုင်း ၊ ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝန်ထမ်းတွေ က လေးခွ နဲ့ပစ်ခတ်တာကြောင့် ၈ ဦးအပြင်းအထန်ဒဏ်ရာရသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၆ ဖွဲ့က ထုတ်ပြန်ပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒိုက်ဦးအကျဉ်းထောင်

ဆိုင်းမင်း/People’s Spring

ပဲခူးတိုင်း ၊ ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝန်ထမ်းတွေ က လေးခွ နဲ့ပစ်ခတ်တာကြောင့် ၈ ဦးအပြင်းအထန်ဒဏ်ရာရသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၆ ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ သြဂုတ်လ ၁၉ ရက်ကဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

နိုင်ငံရေးအကျဉ်းသူတွေ ရေချိုးရာ နေရာ ဆီ ထောင်ဝန်ထမ်းအမျိုးသားတွေ ဝင်ထွက်တာကို တိုင်ကြားရာကနေ စကားများကြပြီး လေးခွနဲ့ ပစ်ခတ်ခံရတာလို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပြီး နောက်ရက် သြဂုတ်လ ၂၀ ရက်ည အချိန်မှာ အမျိုးသားထောင်ဝန်ထမ်းတွေ ပါတဲ့ အဖွဲ့က သေနတ် ၊ ရာဘာတုတ်၊ ကျဉ်စက် ၊ လေးခွ စတဲ့ လက်နက်တွေ ကိုင်ဆောင်ပြီး အမျိုးသမီး အဆောင်ကို ဝင်ရောက်ခဲ့တာရှိတယ်လို့ နိုင်ကျဉ်းအရေးဆောင်ရွက်နေတဲ့ အဖွဲ့ ၆ ဖွဲ့က ဆိုပါတယ်။

အခုလို ညအချိန်မှာ လက်နက်အပြည့်အစုံနဲ့ အမျိုးသမီးအဆောင်တွေကို ဝင်ရောက်တာကြောင့်အမျိုးသမီးနိုင်ကျဉ်းတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း အသိပေးပါတယ်။

ဒိုက်ဦးထောင်မှာ အမျိုးသမီးနိုင်ကျဉ်းအပေါ် ဖိနှိပ်မှုတွေရှိနေတယ်လို့ နိုင်ကျဉ်းအရေးဆောင်ရွက်နေတဲ့ အဖွဲ့ ၆ ဖွဲ့က တပါတည်းအသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်က ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်ဆီ ပြောင်းရွှေ့ခံရတဲ့ အမျိုးသမီး နိုင်ကျဉ်း ၄၀ ဦး ကို မူးယစ်ဆေးဝါးနဲ့ တရားမဝင်ပစ္စည်းတွေ တွေ့ရှိရတယ်ဆိုပြီး အမျိုးသမီးဆောင်ကို သေနတ်ပစ်ဖောက်တာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် ရိုက်နှက်တာ ၊လေးခွ ၊ အုတ်နီခဲတွေ နဲ့ ပစ် ပေါက်တာတွေကြောင့် အမျိုးသမီး နိုင်ကျဉ်း အချို့ ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် ဆေးကုသမပေးဘဲ တိုက်ပိတ်ပစ်ခဲ့တယ်လို့ နိုင်ကျဉ်းအရေးဆောင်ရွက်နေတဲ့ အဖွဲ့ ၆ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းခံရသူတွေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေ ဖြစ်ပြီး လက်ရှိ အချိန်ထိ အမျိုးသမီးဦးရေ ၄ ,၀၀၀ ကျော် ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP )ရဲ့စာရင်းအရ သိရပါတယ်။

ဖမ်းခံရသူအမျိုးသမီးတွေဟာ ရန်ကုန်တိုင်း ၊ မန္တလေး ၊ စစ်ကိုင်း ၊ပဲခူး ၊တနသ်ာရီ ၊မကွေးနဲ့ ဧရာဝတီတိုင်းတို့ က အများဆုံး ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား ၃၀၀ခန့်ကို မြောင်းမြထောင်သို့ ပြောင်းရွှေ့ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး ထိမှန်ကာ ခြေတစ်ဖက်ဖြတ်လိုက်ရပြီး အမျိုးသမီးတစ်ဦး လည်းထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံတကာ

ထိုင်း ဒုတိယ ဝန်ကြီးချုပ်ဟောင်း ပရာဝစ် ဝမ်ဆူဝန်က သတင်းထောက် အမျိုးသမီး တစ်ယောက်ရဲ့ ခေါင်းကို လှမ်းရိုက်ခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းပေးဖို့ ထိုင်းအောက်လွှတ်တော် ဥက္ကဋ္ဌဆီ ထိုင်းသတင်းထောက်တွေ တောင်းဆိုလိုက်ပါတယ်။

သတင်း

မကျန်းမမာနဲ့ထောင်က ပြန်လွတ်လာတဲ့ မှတ်တ်တမ်းရုပ်ရှင်ဖန်တီးသူ၊ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်းရဲ့ နာရေးကို ဒီကနေ့ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။