close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက နောက်ထပ် သတင်းထောက်နှစ်ဦးကို သတ်ဖြတ်မှု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ရှုတ်ချ

သတင်းထောက် နှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် နယ်စည်းမခြား သတင်းထောက်များ (RSF) အဖွဲ့က ရှုတ်ချလိုက်ပါတယ်။

သတင်းထောက် နှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် နယ်စည်းမခြား သတင်းထောက်များ (RSF) အဖွဲ့က ရှုတ်ချလိုက်ပါတယ်။

အခုဆိုရင် အာဏာသိမ်း ကာလတလျှောက် စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့တဲ့ သတင်းမီဒီယာသမား အရေအတွက်ဟာ ၇ ဦးထိ ရှိလာပြီလို့ RSFကဆိုပါတယ်။

ဩဂုတ် ၂၁ ရက်နေ့က ကိုထက်မြက်သူ နဲ့ ကိုဝင်းထွဋ်ဦးတို့ နှစ်ယောက်ဟာ မွန်ပြည်နယ်ထဲက နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ လောက်က စီးနင်းဝင်ရောက်ပြီး ပစ်သတ်တာ ခံခဲ့ရတယ်လို့ RSF ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သတင်းသမား နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို အဲဒီနေရာမှာပဲ စစ်သားတွေက မီးရှို့ ဖျောက်ဖျက်ခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်လော်ဘီ လူမှုကွန်ရက် စာမျက်နှာတွေက သူတို့နှစ်ယောက်ဟာ လက်နက်ကိုင် တော်လှန်ရေးသမားတွေလို့ စွပ်စွဲ ဖော်ပြခဲ့ကြပေမယ့် Democratic Voice of Burma (DVB)နဲ့ National Voice သတင်းဌာနတွေကတော့ သူတို့ဟာ သတင်းမီဒီယာသမားတွေအဖြစ် ဆက်လက် လုပ်ကိုင်နေဆဲ ဆိုတာကို အတည်ပြုခဲ့ပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ နောက်ထပ် တုန်လှုပ်စရာ တရားမဲ့ လုပ်ကြံ သတ်ဖြတ်မှု တစ်ခုဖြစ်ကြောင်း၊ စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန် ကတည်းက ဂျာနယ်လစ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကြမ်းတမ်းရက်စက်တဲ့ ဖြိုခွင်းမှုတွေ လုပ်ပြခဲ့ပေမယ့် သတင်းသမားတွေဟာ သတ္တိပြောင်မြောက်စွာနဲ့ပဲ နိုင်ငံအခြေအနေတွေကို ဆက်လက် သတင်းတင်ပြနေခဲ့ကြောင်း၊ စစ်ကောင်စီက သတင်းသမားတွေအပေါ် ဖိနှိပ်နေမှုကို နိုင်ငံတကာ အသိုက်အဝန်းက ပိုမို အလေးထား တုံ့ပြန်ဖို့ RSFက ထပ်မံ တောင်းဆိုကြောင်း RSFရဲ့ အာရှ-ပစိဖိတ် ဗျူရို ဒါရိုက်တာ စီဒရစ် အယ်လ်ဗီယာနီက ပြောပါတယ်။

သူက မြန်မာနိုင်ငံမှာ လက်ရှိ အဖမ်းခံထားရတဲ့ သတင်းထောက်နဲ့ သတင်းမီဒီယာ ဝန်ထမ်း ၆၂ ဦး ရှိနေဆဲလို့လည်း ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် ကိုဝင်းထွဋ်ဦး (ခေါ်) ဖိုင်ဇဲလ်ဟာ DVBအတွက် ဒေသခံ သတင်းထောက်အဖြစ် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ သူဟာ အရင်တုန်းက ဆူပူလှုံ့ဆော်မှုနဲ့ စစ်ကောင်စီရဲ့ စွပ်စွဲမှုကို ခံခဲ့ရဖူးပါတယ်။ အသက် ၂၈ နှစ်အရွယ် ကိုထက်မြက်သူကတော့ ၂၀၂၀ ကစလို့ အလွတ်တမ်း သတင်းထောက်အဖြစ် ရပ်တည်ခဲ့ပြီး အွန်လိုင်း မီဒီယာ တစ်ခုဖြစ်တဲ့ National Voiceနဲ့လည်း အလုပ်တွဲလုပ်နေပါတယ်။ သူဟာ ကျိုက်ထိုက ဆန္ဒပြပွဲတွေကို သတင်းယူခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရဖူးပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အလွတ်တမ်း သတင်းထောက် အေးကော်နဲ့ စိုးနိုင်တို့ဟာ အကျဉ်းချ ခံထားရချိန် အတောအတွင်း သတ်ဖြတ် ခံခဲ့ရပါတယ်။ နောက်ပြီး ခေါနုသုမ် သတင်းဌာနကို ထူထောင်ခဲ့သူ Pu Tuidim၊ Federal News ဂျာနယ်ရဲ့ အယ်ဒီတာ စိုင်းဝင်းအောင်တို့ဟာ သတင်းတာဝန်တွေ ထမ်းဆောင်နေရင်း စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်သတ်မှုကို ခံခဲ့ရပါတယ်။

နောက်ပြီး အလွတ်တန်းသတင်း​ထောက် မြတ်သူထွန်း (ဖိုးသီဟ)ဟာလည်း အကျဉ်းထောင်ထဲမှာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ဟာ မြန်မာနိုင်ငံ အနောက်ဖက်စွန်းမှာ တည်ရှိတဲ့ ရခိုင်ပြည်နယ် တစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ကြုံနေပြီလို့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ဆိုပါတယ်။

သတင်း

ပြည်သူနှစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် ၅ဦး ဒဏ်ရာရ

သတင်း

စစ်တပ်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ပြည်သူများမှာ နေ့စဉ်နှင့်အမျှ ဒုက္ခဆင်းရဲခံစားနေရ

သတင်း

စစ်​ကောင်စီက ​လေ​ကြောင်းမှဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်၍ သြဂုတ်လအတွင်း ​ဒေသခံပြည်သူ ၂၁ ဦး​သေ ၆၀ဦးခန့်ဒဏ်ရာရ