close
Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ် တစ်ခုလုံးကို စစ်ကောင်စီ လက်လွှတ်ရဖွယ် ရှိနေကြောင်း နိုင်ငံတကာ လေ့လာသူတွေ သုံးသပ်

အာဏာသိမ်း စစ်တပ်ဟာ မြန်မာနိုင်ငံ အနောက်ဖက်စွန်းမှာ တည်ရှိတဲ့ ရခိုင်ပြည်နယ် တစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ကြုံနေပြီလို့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မြန်မာနိုင်ငံ အနောက်ဖက်စွန်းမှာ တည်ရှိတဲ့ ရခိုင်ပြည်နယ် တစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ကြုံနေပြီလို့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ဆိုပါတယ်။

အဲဒီ အနေအထားမျိုးထိ အမှန်တကယ် ရောက်ရှိသွားရင်တော့ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း စစ်ရေးအရ အကြီးမားဆုံး ရှုံးနိမ့်မှု မှတ်တမ်းကြီးကို ပိုင်ဆိုင်လာရမယ့် အဓိပ္ပါယ်ပါပဲ။ နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့် လေ့လာရေးအဖွဲ့ (ICG)က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အာရက္ခ တပ်တော် (AA)ရဲ့ ထိုးစစ် အစပြုခဲ့ချိန်နောက်ပိုင်း နယ်မြေတွေကို တဖြည်းဖြည်း တိုးမြှင့် သိမ်းပိုက်နိုင်ခဲ့ပြီး အခုအခါ အာဏာသိမ်း ကာလနောက်ပိုင်း ထိန်းချုပ်နယ်မြေ အများဆုံး ပိုင်ဆိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အဖြစ် AAက ရပ်တည်နေပြီလို့ ဖော်ပြသွားပါတယ်။

တရုတ်နဲ့ နယ်စပ်နားမှာ ၂၀၀၉ ခုနှစ်က စတင်ထူထောင်ခဲ့တဲ့ AAဟာ အာဏာသိမ်း စစ်ကောင်စီကို အပြင်းထန်ဆုံး ထိုးနှက်ချက်မျိုးတွေ ကြုံတွေ့စေခဲ့ကြောင်း၊ AAရဲ့ စစ်ရေး အောင်မြင်မှုတွေဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို စိန်ခေါ် တွန်းလှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ တွန်းအား ဖြစ်စေခဲ့တယ်လို့ ICGက ဆိုပါတယ်။

AAဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လူဦးရေ သန်းနဲ့ချီရှိတဲ့ ကိုယ်ပိုင် စီမံ အုပ်ချုပ်မယ့် ပြည်နယ်တစ်ခုကို တည်ထောင်နေတာ ဖြစ်တယ်လို့ ICGက သုံးသပ်ပြထားပါတယ်။ AAဟာ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ အရင်းအမြစ် အားလုံး ပုံအော အသုံးချပြီး ခုခံမှု၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကြမ်းတမ်း ခက်ထန်လှတဲ့ ပိတ်ဆို့မှုတွေ ကြုံနေတဲ့ တိုင်အောင် ဆက်တိုက် ရှေ့တိုး ချီတက်ရင်း နယ်မြေသစ်တွေ သိမ်းယူနေပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံအနှံ့က စစ်ရေး သတင်းတွေအရလည်း စစ်ကောင်စီဟာ မြို့တွေ၊ မြို့နယ်တွေကို လက်လွှတ်ရမှုတွေ ဆက်တိုက် တိုးလာပြီး အကြီးအကျယ် ရုန်းကန်နေရတယ် ဆိုတာကို မြင်သာစေပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကလည်း တောက်လျှောက် ထိုးဆင်းနေပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအမံ (UNDP)ရဲ့ အစီရင်ခံစာအရ နိုင်ငံ လူဦးရေ ၇၆ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေတဲ့၊ ဒါမှမဟုတ် အရမ်းခက်ခဲ ကျပ်တည်းတဲ့ အခြေအနေတွေမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဆင်နွှဲနေတဲ့ AAရဲ့ စစ်ဆင်ရေးတွေမှာတော့ ပြည်နယ်မြို့တော် စစ်တွေကို သိမ်းယူဖို့၊ တရုတ်ရဲ့ အခြေခံ အဆောက်အအုံ ပရောဂျက်တွေ တည်ရှိရာ ကျောက်ဖြူကို ထိန်းချုပ်ဖို့တွေက အဓိက အကျဆုံး မဟာဗျူဟာ ရည်မှန်းချက်တွေအဖြစ် ပါဝင်နေပါတယ်။

တစ်ဖက်မှာတော့ ရခိုင်ပြည်နယ်ရဲ့ ပိုမိုဆိုးရွားလာတဲ့ စစ်ရေး အခြေအနေတွေ၊ ပဋိပက္ခတွေကနေ ထွက်ပြေး တိမ်းရှောင်ရင်း ရာနဲ့ချီတဲ့ အရပ်သား ပြည်သူတွေ သေဆုံးနေတာတွေကို အလေးအနက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတုခ်က ပြောကြားထားပါတယ်။

ပြီးတော့ ကွဲပြားတဲ့ ဒေသခံ အသိုက်အဝန်းတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ AAက အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။ အဲဒီထဲမှာ တရားမဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မ ဖမ်းဆီးမှုတွေ၊ အတင်းအကျပ် စစ်မှုထမ်းစေမှုတွေ ပါဝင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

နောက်ပြီး AAဟာ လောလောဆယ်မှာ သိသိသာသာ စစ်ရေးသာနေပေမယ့်လည်း စစ်ကောင်စီကို ဖယ်ရှား နှင်ထုတ်ပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်ရဲ့ အရင်းအမြစ်တွေကို AAက ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်စွမ်းနဲ့ ပတ်သက်လို့လည်း မရေရာမှုတွေ ရှိနေဆဲပါ။

ICGရဲ့ အကြီးတန်း အကြံပေး တစ်ဦးဖြစ်တဲ့ သောမတ်စ်ကီရန်က AAဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ တိုက်ရိုက် ချိတ်ဆက်မှုတွေ မရှိသေးတာကြောင့် တရုတ်ရဲ့ ရေရှည် ရည်ရွယ်ထားတဲ့ စီမံကိန်းတွေဖြစ်တဲ့ ကျောက်ဖြူရဲ့ ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်၊ မီးရထားလမ်းတွေဟာ ဒေသတွင်းမှာ အရေးပါလာနိုင်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ဒေသမှာ စီးပွားရေးနဲ့ မဟာဗျူဟာရေးရာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတဲ့ တရုတ်အတွက် AAရဲ့ အားကောင်းလာမှုဟာ တရုတ်အတွက် ပြန်သုံးသပ်စရာတွေ၊ တွေးစရာတွေ ဖြစ်လာစေမယ်လို့ ကီရန်က ဆိုတယ်။ ဒါပေမဲ့ တရုတ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အကျိုးစီးပွား ရင်းနှီးမြှုပ်နှံမှုတွေ လုံခြုံရေးကိုပဲ အရာရာ အလေးပေး ချဉ်းကပ်လိမ့်မယ်လို့ သူက ပြောကြားသွားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ပြည်သူနှစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် ၅ဦး ဒဏ်ရာရ

သတင်း

စစ်တပ်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ပြည်သူများမှာ နေ့စဉ်နှင့်အမျှ ဒုက္ခဆင်းရဲခံစားနေရ

သတင်း

သတင်းထောက် နှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် နယ်စည်းမခြား သတင်းထောက်များ (RSF) အဖွဲ့က ရှုတ်ချလိုက်ပါတယ်။

သတင်း

စစ်​ကောင်စီက ​လေ​ကြောင်းမှဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်၍ သြဂုတ်လအတွင်း ​ဒေသခံပြည်သူ ၂၁ ဦး​သေ ၆၀ဦးခန့်ဒဏ်ရာရ