close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီး အချင်းချင်း ပစ်ခတ်မှုဖြစ်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင် ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင် ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁ ရက် ည ၉နာရီခန့်က တောင်သာမြို့နယ်၊ ဝဲလောင်ရွာတံတားထိပ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပစ်ခတ်မှုဖြစ်ပွားပြီး ထနောင်းကုန်းရွာမှ ပျူစောထီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုနေ့က ဝဲလောင်ရွာစာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစေယထီးများ အချင်းချင်း ပြဿနာတတ်ပြီးနောက် ညနေပိုင်းတွင် ပျူအုပ်စုမှာ ထနောင်းကုန်း၊ ရွာသစ်ဘက်သို့ပြန်သွားခဲ့သည်။

ကျေနပ်မှုမရှိသော ပျူစောထီးများက ည ၉နာရီခန့်တွင် PDF အဟောင်ဆောင်ကာ ဝဲလောင်ရွာသို့ ဝင်ရောက်လာစဉ် တံတားထိပ်ရှိ စစ်တပ် ကင်းပုန်းမှ စတင်ပစ်ခတ်သဖြင့် အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ကားပေါ်ပါ ပျူစောထီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက အသိပေးသည်။

“သူတို့အချင်းချင်း ပစ်ခတ်မှုဖြစ်စဥ်ကတော့မှန်တယ်။ ဒါပေမယ့် သူတို့ဘက်က ဒီသတင်းကို ဖုံးဖိထားကြတယ်။ ဒေသခံပြောတာတော့ ပျူတစ်ကောင် သေတယ်လို့ သတင်းရတယ်။ ကျွန်တော်တို့ထပ်မေးကြည့်တဲ့အခါမှာတော့ ရဲတစ်ကောင် နားထင်သေနတ်ဒဏ်ရာနဲ့ သေတယ်လို့လည်း သတင်းရတယ်။ ဆိုလိုတာကတော့ ပျူသေသလား၊ ရဲသေသလား အတိအကျမသိရဘူး။”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

သြဂုတ်၁ဝရက် နံနက်ပိုင်းက တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံရှိ စစ်ကောင်စီတပ်အား မြင်းခြံခရိုင်အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)​အဖြစ် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းအန္တရာယ် အမြဲသတိရှိ ရှောင်တိမ်းကြရန် ထီးချိုင့် ပအဖတိုက်တွန်း

သတင်း

တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာမှ သဲ၊ ကျောက်တူးဖော်ရေးလှေပေါ်ပါ အလုပ် သမားကိုးဦးကို အကြောင်းမဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် သြဂုတ် ၂၄ ရက်က ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲနောက်ပိုင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ် ပွားသည့်နေရာအနီးမှ အုပ်ဖိုစုရွာနှင့် ရေငံကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးရန် လုပ်ဆောင်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဧရာဝတီတိုင်း ရေကြည်မြို့တွင် ပြည်သူ့စစ် လုံခြုံရေးအဖွဲ့ဖွဲ့ရန်ကြိုးပမ်းသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ‌ဒေသခံများ တင်းမာမှုဖြစ်ခဲ့ပြီး ဒေသခံအမျိုးသားငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့သည်။