close
Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်းအား ကော်ဘရာပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကော်ဘရာပူးပေါင်းတပ် သိမ်းပိုက်ခံရပြီးနောက်တွေ့ရသော ရေကန်ကုန်းစခန်း မြင်ကွင်း။ ဓာတ်ပုံ - Federal Wings

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် အသုံးပြုပစ်ခတ်ပေးနေသော စွယ်တော်ကုန်းအမြောက်တပ်အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ယခုရက်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကော်ဘရာအဖွဲ့က မစ်ဇိုင်းတွေနဲ့ ထုပြီး ဝိုင်းထားတယ်။ စကစတောင်ပေါ်မှာ အောက်လည်းဆင်းလို့မရဘူး။ ပိတ်မိနေပြီ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် မြဝတီမြို့စောင့်တပ် ခလရ (၂၇၅)တပ်ကလည်း ပစ်ကူမပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားရာ အဆိုပါနေရာအနီးတွင် စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ ကျန်ရှိနေသည်။

အဆိုပါစွယ်တော်ကုန်းတပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်များက ယခင်က မကြာခဏတိုက်ခိုက်နေရာ ယခုအကြိမ်တွင် ဝန်းရံပိတ်ဆို့ထားနိုင်သည့် အခြေအနေဖြစ်သည်။ ထို့အပြင် စွယ်တော်ကုန်းအောက်ရှိ ရေကန်ကုန်း ကာကင်းစခန်းကို ကော်ဘရာပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃၁ရက်တွင် သိမ်းပိုက်ခဲ့သည်။

” နောက် နှစ်ရက်။ သုံးရက်ဆိုရတော့မယ်ထင်တယ်။ အလံဖြူထောင်တာ စောင့်နေတာ။ တောင်ပိုင်းလည်း ပွဲကတော့မယ်ဆိုတာ ပြတာပေါ”ဟု တောင်ပိုင်းတိုင်းစစ်ဒေသ၌ ထောက်ပို့ပြုလုပ်နေသော ရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)က သတင်းထုတ်ပြန်သည်။

သတင်း

ဗိုလ်ကြီးအပါအဝင် ၁၅ဦး ထိခိုက်သေဆုံးဟု အသိပေး

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၅၇)တပ်ရင်း၊ မြို့ဝင်ဂိတ်နှင့် စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်သုံ့ပန်း ၅ ဦးဖမ်းမိ၊ သေနတ် ၁၉ လက်အပါအဝင်ခဲယမ်းများရ

Facebook