close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်‌မွေးနေ့ အဖြစ်ကျင်းပမယ့် အေးချမ်းမေရဲ့ တစ်ကိုယ်တော်ပွဲ

အသက် ၅၀ ပြည့်မွေးနေ့တွင် တော်လှန်မွေးနေ့ အမည်ဖြင့် တစ်ကိုယ်တော်ပွဲပြုလုပ်ကာ လိုအပ်နေသည့်နေရာများသို့ လှူဒါန်းမည်ဟု အဆိုတော် အေးချမ်းမေက အသိပေးထားသည်။

ဆဏ်း / People’s Spring

အသက် ၅၀ ပြည့်မွေးနေ့တွင် တော်လှန်မွေးနေ့ အမည်ဖြင့် တစ်ကိုယ်တော်ပွဲပြုလုပ်ကာ လိုအပ်နေသည့်နေရာများသို့ လှူဒါန်းမည်ဟု အဆိုတော် အေးချမ်းမေက အသိပေးထားသည်။

“လာမဲ့နိုဝင်ဘာ၂ရက်နေ့ Maryland မှာကျမရဲ့နှစ်၅၀ပြည့်မွေးနေ့ပွဲလေးကိုကျင်းပသွားမှာဖြစ်ပါတယ်။တော်လှန်မွေးနေ့ဆိုသည့်အတိုင်းပွဲမှရလာမည့်အကျိုးအမြတ်၁၀၀%အားလုံးကိုလိုအပ်နေသည့်နေရာများသို့ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု အေးချမ်းမေက ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဖျော်ဖြေပွဲတွင် ဧည့်သည်အဆိုရှင်များအနေဖြင့် ဖိုးဖန် ၊ Cobra ၊ ကျော်သီဟ ၊ Leo ၊ လင်းထက် ၊ Russell ၊ Solomom King နှင့် ရန်ရန်ချန်တို့ပါဝင်မည်ဖြစ်ပြီး The Federal တီးဝိုင်း နှင့် DJ ဝိုင်းတို့က တီးခတ်ပေးမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

“salute ပါကိုယ့်အမ ။ကျွန်တော်တလရ ပွဲတွေစထွက်မယ်ဆိုထဲကသီချင်းလုံးဝမဆိုတော့ရာကနေ လာဆိုပေးပြီးဝန်းရံပေးခဲ့တဲ့အတွက်ရော ဘဝရဲ့မှတ်တိုင်ဖြစ်တဲ့မွေးနေ့ကိုလည်းတိုင်းပြည်အတွက်အသုံးချပေးတဲ့အတွက်ရော” ဟု ယင်းပွဲတွင်ပါဝင်မည့် ရန်ရန်ချန်းက ရေးသားထားသည်။

ယင်းပွဲကို Maryland မြို့ Wheaton High School Theater ၌ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်ခများကို ဒေါ်လာ ၁၀၀ နှင့် ဒေါ်လာ ၅၀ သတ်မှတ်ထားကြောင်း ယင်းပွဲကို စီစဉ်သည့် Maryland Music Concert က အသိပေးထားသည်။

“ကိုယ်တတ်နိုင်တာဆိုလို့ဘုရားပေးထားတဲ့ဒီအသံလေးဘဲရှိတဲ့အတွက်ဒီအသံလေးနဲ့ဘဲအလှူဒါနလေးလုပ်ရခြင်းဖြစ်ပါတယ်။ကျမရဲ့အလှူဒါနလေးကိုဖြည့်စည်းပေးသလိုကျမတို့ရဲ့တိုင်းပြည်မှာအရေးပေါ်လိုအပ်နေတဲ့နေရာတွေကိုလှူဒါန်းနိုင်ဖို့အတွက်ပါဝင်အားဖြည့်ပေးကြပါရန်ဖိတ်ခေါ်ပါရစေရှင့် ။” ဟု အေးချမ်းမေကဖိတ်ခေါ်ထားသည်။

စက်တင်ဘာ ၂၁ ရက်တွင်လည်း အေးချမ်းမေက ခင်ဘုဏ်း ၊ ခင်စုစုနိုင်တို့ နှင့်အတူ Boston မြို့၌ “လူသားချင်းစာနာပံ့ပိုးရေးရန်ပုံငွေ” ပွဲတွင် ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

Facebook