close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၌ တိုက်ပွဲဆက်ဖြစ်နေ၊ ဆိုင်းတောင် ရဲစခန်းမှ ထွက်ပြေးစစ်ကောင်စီတပ်များအား KIAကြားဖြတ် တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ယနေ့ နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လက်ကျန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဆက်ဖြစ်နေဟု စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆိုင်းတောင်ရွာ နေရာအချို့မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Padang Nsen

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ယနေ့ နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လက်ကျန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဆက်ဖြစ်နေဟု စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

ဆိုင်းတောင်တွင် တစ်ပတ်နီးပါးကြာ တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ယနေ့ (စက်တင်ဘာ ၁၂ရက်) တွင် သိမ်းရသသည့် စစ်ကောင်စီ ရဲစခန်းကို သိမ်းပိုက်ရှင်းလင်းလိုက်ပြီးဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” အခု Lucky Man Hotelမှာ ရှိနေတဲ့ စခတွေကို တိုက်ခိုက်ရှင်းလင်းနေပါတယ်။ ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်သော လက်နက်ကြီး ကျည်ကျလို့ ဆိုင်းတောင်ရှိ ပြည်သူ့အိမ်တချို့ မီးလောင်နေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဆိုင်းတောင် ရဲစခန်းကုန်းတွင် စုစည်းခုခံနေသည့် စစ်ကောင်စီ​၏ တပ်မ(၃၃)သည် ယနေ့ နံနက်တွင် စခန်းစွန့်ခွာထွက်ပြေးသွားရာ KIA/KPDF ပူးပေါင်းအဖွဲ့မှ စခန်းအား မီးရှိုးရှင်းလင်းခဲ့ကြောင်း၊ ထို့ပြင် ထွက်ပြေးစစ်ကောင်စီ တပ်များအား ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲဖြစ်ပွားနေကြောင်း လူမှုကွန်ရက်၌ ရေးသားအသိပေးထားသည်။

ဖားကန့်တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုင်းတောင်ရဲစခန်းသိမ်းပိုက်နိုင်မှု သတင်းကြားရသော်လည်း တရားဝင် အကြောင်းကြားမှုမရသေး၍ သတင်း အချက် အလက်များ စုံစမ်းနေဆဲဖြစ်ကြောင်းယနေ့ နံနက်တွင် ပြောကြားသည်။

စစ်ကောင်စီတပ်ကလည်း ယနေ့ မွန်းလွဲ ၁နာရီ ကျော်အချိန်တွင် ဆိုင်းတောင်ကို လေကြာင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

“၁နာရီ ၅မိနစ် ဝန်းကျင်မှာ ဖားကန့် ဆိုင်းတောင်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကနဦးသိရှိရတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီ လက်အောက်ခံတပ်တို့သည် ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသ၌လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ကြီး နှင့် လေကြောင်းပစ်ခတ်မီးရှို့ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တအိမ်တက်ဆင်းမီးရှိုခြင်းတို့ ပြုလုပ်ဟု သတင်းရင်းမြစ်အချို့ပြော

သတင်း

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ လက်အောက်ခံတပ်များအကြား တိုက်ပွဲဖြစ်နေကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့မနက်တွင် သိမ်းပိုက်နိုင်ပြီဟု ကြားရကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်အရာရှိတစ်ဦးအပါအဝင် သေဆုံးမှုများ၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၈ ဦးကျဆုံး

Facebook