close
Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ထန်းတပင်နှင့် တောင်ငူမြို့ပေါ်ရပ်ကွက်များ ရေလွှမ်း

မြစ်အရှေ့ခြမ်းသို့ ကယ်ဆယ်ရေးမသွားရန် စစ်ကောင်စီကန့်သတ်

ထန်းတပင်နှင့်တောင်ငူကြား တာတမံအချို့ကျိုးပေါက်နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ-CJ

ကျော်ဇော/People’s Spring

စစ်တောင်းမြစ်ရေမြင့်တက်လျှက်ရှိရာ တောင် ငူခရိုင်အတွင်းရှိ မြို့ရွာများတွင် ရေကြီးနစ် မြုပ်မှုများ ဖြစ်ပေါ်နေပြီး ထန်းတပင်နှင့် တောင်ငူတွင် မြို့ပေါ်ရပ်ကွက်များပါ ရေကြီးနစ်မြုပ်လာနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

မြစ်ရေကြီးမှုကြောင့် ထန်းတပင်နှင့် တောင်ငူမြို့ပေါ်ရပ်ကွက်များရေဝင်လျှက်ရှိရာ ကယ် ဆယ်ရေးပစ္စည်းလိုအပ်မှုကြောင့် လုပ်အားမနိုင်သည့်အခြေအနေနှင့်ရင်ဆိုင်နေရပြီး ကယ် ဆယ်ရေးလုပ်ရန် စက်လှေများလိုအပ်နေကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များက ပြောသည်။

“ကယ်ဆယ်ရေးအင်အားကောင်းပေမယ့် လှေလိုအပ်ချက်ကြောင့် ပိတ်မိသူတွေ အများကြီးကျန်ပါသေးတယ်။ အခုက ရွာဘက်တွေအ ကုန်ဖြစ်ကုန်တော့ လှေအင်အားမရှိတော့ခက်ကုန်တာ”ဟု တောင်ငူမြို့နယ်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် တောင်ငူနှင့် ထန်းတပင်မြို့များတွင် မြို့ပေါ်ရပ်ကွက်အများစု ရေဝင်ရောက်နေပြီး မြို့ပေါ်မိန်းလမ်းမကြီးများ၌ပါရေ ကျော်နေ၍ ခါးလောက်အထိရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ထန်းတပင်မြို့နယ်အတွင်း၌ တမံများကျိုးကျလျှက်ရှိရာ တမံအောက်ဘက်ရှိကျေးရွာတွင် ပြည်သူများပိတ်မိနေပြီး ကယ် ဆယ်ရေးလုပ်ဆောင်ရမည့် ရေမြုပ်ဧရိယာ ပိုကျယ်လာကြောင်း ဒေသခံပရဟိတအဖွဲ့များထံမှ စုံစမ်းသိရသည်။

လက်ရှိတွင် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် တောင်ငူခရိုင် (၆)မြို့နယ်ရှိကျေး ရွာအများအပြား ရေဝင်ရောက်နေပြီး စစ်ကောင်စီက စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိကျေးရွာများသို့ ကယ်ဆယ်ရေးအဖွဲ့များကို သွားရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားကြောင်းကူညီကယ်ဆယ်ရေးလုက်ဆောင်နေသူအချို့က ပြောသည်။

“စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတချို့နေရာတွေ ကယ်ဆယ်ခွင့်မရပါဘူးဗျ။ တချို့နေရာတွေက PDF ထိန်းချုပ်နယ်မြေတွေမို့ပါ။ သွားမရတာတွေ ရှိပါတယ်။ တားမြစ်တာက စစ်ကောင်စီဘက်ကပါ”ဟု ပရဟိတသမားတစ်ဦးက ပြောသည်။

ထို့ကြောင့် မြစ်အရှေ့ဘက်ခြမ်းကျေးရွာများမှ ရေကြီးနစ်မြုပ်သည့် ကျေးရွာများသို့ တော်လှန်ရေးတပ်ဖွဲ့အချို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ဆောင်နေပြီး ယနေ့(စက် တင်ဘာ ၁၃)နံနက်ပိုင်းအထိ ကလေးနှစ်ဦးရေစီးနှင့်မျောပါသေဆုံးထားကာ ကယ်ဆယ်ရေးလုပ်သည့် PDF ရဲဘော်တစ်ဦး မသက်ဆုံးရှုံးထားကြောင်း စုံစမ်းသိရသည်။

“စစ်တပ်က စစ်ရေးအမြင်နဲ့ နိုင်ငံကို ထင်သ လိုလုပ်နေတာမို့ ပြည်သူတွေ ရေနစ်မြုပ်တာကိုပဲ သူတို့စစ်တပ်အတွက် စစ်ရေးအရအားသာလာမယ်လို့အမြင်ရှိနေတာပါ။ ပြည်သူတွေ ရေနစ်မြုပ် ဒုက္ခရောက်ရင် သူတို့စစ်တပ်ကိုမတော်လှန်နိုင်တော့ဘူး တော်လှန်ရေးအဖွဲ့တွေကို မထောက်ပံ့၊ မဝန်းရံနိုင်တော့ဘူးဆိုတဲ့ စစ်ရေးအရသူအားသာဖို့အမြင်နဲ့ပဲ အဆုံးထိ ဒုက္ခပေးနေတာ။ သူတို့ရဲ့ယုတ်မာမှုတွေကို အစွန်းဆုံးအထိ လုပ်လိမ့်မယ်။ ဒါကို ကျွန် တော်တို့အားလုံး ကြိုတင်တွက်ဆပြီး အာ ဏာရှင်တွေကိုဖယ်ရှားရမှာပါခင်ဗျ”ဟု မြစ်အရှေ့ခြမ်းကျေးရွာများ၌ ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် နေပြည်တော် PDF မှ တပ်ရင်းမှူး ဇင်ယော်က ​မှတ်ချက်ပေးသည်။

ပညာရှင်များ၏ ခန့်မှန်းချက်များအရ စစ်တောင်းမြစ်ရေမှာ ယနေ့(စက်တင်ဘာ ၁၃ ရက်)တွင် အနီရောင်အဆင့်ဖြစ်သည့် လွန်ကဲအဆင့်ထိ မြင့်တက်လာနိုင်ကြောင်း သတိ ပေးမှုများရှိနေပြီး လက်ရှိတွင် တောင်ငူခရိုင်အတွင်းဖြတ်သန်းသွားသော ရန်ကုန်-မန္တလေးလမ်းဟောင်းရေကျော်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းနှင့် ကလောမြို့တို့တွင် စက်တင်ဘာလ ၁၁ရက်က စတင်ခဲ့သည့် ရေဘေးအတွင်း ပျက်စီးဆုံးရှုံးမှုအလွန်များပြားခဲ့ပြီး သေဆုံးသူဦးရေအနည်းဆုံး ၁၀၀ ကျော်အထိရှိနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ရဲ့ မန္တလေးမြို့အနီး တံတားဦီးမြို့နယ်ထဲက မိုင်တိုင် အမှတ် ၃၅၆ အနီးမှာ လမ်းပေါ် ရေကျော်လာတာကြောင့် ကားတွေကို ဖြတ်သန်းသွားလာခွင့်မပေးတော့ဘူးလို့ ခရီးသွားတွေထံက သိရပါတယ်။