close
Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီဈေး အနည်းငယ်ပြန်ကျ

ဒေါ်လာဈေး အတက်အကျကြမ်းပြီး​နောက် တစ်လကျော်အတွင်း တစ်လီတာကျပ် ငါးရာကျော် ဈေးတတ်ခဲ့သည့် စက်သုံးဆီဈေးသည် စက်တင်ဘာ ၁၃ ရက် အ​ခြေခံသတ်မှတ်​ဈေးတွင် ကျပ်တစ်ရာကျော် ဈေးပြန်ကျကြောင်း ဈေးကွက်အတွင်းမှသိရသည်။

သတိုး / People’s Spring

ဒေါ်လာဈေး အတက်အကျကြမ်းပြီး​နောက် တစ်လကျော်အတွင်း တစ်လီတာကျပ် ငါးရာကျော် ဈေးတတ်ခဲ့သည့် စက်သုံးဆီဈေးသည် စက်တင်ဘာ ၁၃ ရက် အ​ခြေခံသတ်မှတ်​ဈေးတွင် ကျပ်တစ်ရာကျော် ဈေးပြန်ကျကြောင်း ဈေးကွက်အတွင်းမှသိရသည်။

စက်တင်ဘာ ၁၃ ရက်တွင် စက်သုံးဆီအရောင်းဆိုင်များ၌ ၉၂ တစ်လီတာ ၃၀၅၀ကျပ် ၊ ၉၅ တစ်လီတာ ၃၁၉၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ် နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ၃၂၇၅ကျပ် နှုန်းရောင်းချလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ယင်းဈေးနှုန်းသည် စက်တင်ဘာ ၁၂ ရက်ဈေးများနှင့် နှိုင်းယှဉ်ပါက ၉၂ တစ်လီတာ ၁၆၅ကျပ် ၊ ၉၅ တစ်လီတာ ၁၆၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ၁၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ၁၂၀ ကျပ် ဈေးကျခဲ့ခြင်းဖြစ်သည်။

ဒေါ်လာဈေးခုန်တက်​သောကြောင့် ဩဂုတ် ၃ ရက်တွင် ဆီဈေးစတတ်ခဲ့ပြီး တစ်လကျော်ကာလအတွင်း ငါးကြိမ်ထက်မနည်း ဈေးတတ်ခဲ့ကာ စက်သုံးဆီအမျိုးအစားအလိုက် သုံးရာမှ ငါးရာကျပ်အထိ ဈေးနှုန်းများ မြင့်တတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ အာဏာမသိမ်းမီ NLD အစိုးရလက်ထက်တွင် ပြည်တွင်းစက်သုံးဆီစျေးသည် ၉၂ တစ်လီတာ ၄၀၄ကျပ်၊ ၉၅ တစ်လီတာ ၅၁၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၄၅၀ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄၆၀ ကျပ် သာရှိခဲ့သည်။

ထိုကြောင့် အရပ်သားအစိုးရလက်ထက်ဈေးနှင့် နှိုင်းယှဥ်လျင် ၉၂ တစ်လီတာ ၈ ဆခန့် ၊ ၉၅ တစ်လီတာ၆ ဆကျော် ၊ ရိုးရိုးဒီဇယ် ၁ လီတာလျင်၆ ဆ ၊ ပရီမီယံ တစ်လီတာလျင် ၇ ဆကျော် ဈေးတက်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်းစက်သုံးဆီစျေးနှန်းများကိုစစ်​ကောင်စီက ထပ်မံမြင့်တက်ပြီး တစ်လအတွင်း တစ်လီတာလျင် ကျပ် ၅၀၀ ခန့်စီ​ဈေးတက်သွားကြောင်း ပြည်သူများက ပြောသည်။

သတင်း

စက်သုံးဆီအရောင်းဆိုင်များတွင် ဆီဝယ်ယူ​သောကားများကို အကြိမ်​ရေအကန့်အသတ်ဖြင့် သာဝယ်ယူခွင့်ရှိမည့်စမတ်ကတ်စနစ်ကို မကြာခင်စတင်တော့မည်ဖြစ်ကြောင်းစက်သုံးဆီလုပ်ငန်းရှင်များထံမှသိရသည်။

သတင်း

ပြည်တွင်းမှာ စက်သုံးဆီစျေးမြင့်တက်နေဆဲဖြစ်ပြီး ဆီဆိုင်အချို့မှာလည်း စက်သုံးဆီပြတ်လပ်မှုတွေ ရှိနေဆဲလို့သိရပါတယ်။

သတင်း

စစ်တပ်အာဏာမသိမ်းခင်က​ဈေးထက် ၆ ဆ​ကျော်မှ ၈ ဆခန့်အထိ​ဈေးပိုကြီးလာ