close
Connect with us

Hi, what are you looking for?

သတင်း

ရမည်းသင်းမြို့နယ် ရေကြီးမှုအတွင်း မိသားစုဝင် လေးဦးသေဆုံးမှု ရုပ်အလောင်းသုံးလောင်းရှာတွေ့

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ကျေးရွာတွင် ရေကြီးမှုဖြစ်စဉ်အတွင်း အမွှာညီအကိုနှစ်ဦးအပါအဝင် မိသားစုဝင် လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးသွားသော ရမည်းသင်းမြို့နယ်ရှိ ကျေးရွာအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ကျေးရွာတွင် ရေကြီးမှုဖြစ်စဉ်အတွင်း အမွှာညီအကိုနှစ်ဦးအပါအဝင် မိသားစုဝင် လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ဒုတိယပတ်အတွင်းက ရမည်းသင်းမြို့နယ်တွင် ရေကြီးမှုကြောင့် ကန်ဘဲ့ရွာ စမုံချောင်းဘေးနေ အသက်(၂၄)နှစ်အရွယ် အမွှာညီအကိုများဖြစ်သော ကိုသန်းတိုးလင်းနှင့် ကိုသန်းတိုးဝင်း၊ ကိုသန်းတိုးဝင်း၏ ဇနီးဖြစ်သူ အသက် (၃၁)နှစ်အရွယ် မဇင်မာမိုးနှင့် အသက်(၂)နှစ် အရွယ် မကြယ်ဇင်မိုးတို့ သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က စမုံချောင်းဘေးမှာ လယ်ယာလုပ်ကိုင် စားသောက်ကြတာကြာပြီ။ စမုံချောင်းထဲကို ရေစီးတွေက အလုံးအရင်းနဲ့ကျလာတော့ သူတို့နေတဲ့တဲတွေ၊ သူတို့ကိုယ်တိုင်ရော၊ သူတို့ကျွဲနွား​တွေရော ပျက်စီးဆုံးရှုံးသွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် ရုပ်အလောင်းသုံးလောင်းအား ရှာဖွေတွေ့ရှိခဲ့သော်လည်း ကလေးဖြစ်သူ​၏ ရုပ်အလောင်းကိုမူ ယနေ့အထိ တွေ့ရှိခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ယခုဖြစ်စဥ်ကဲ့သို့ပင် မိသားစုဝင် လေးဦးလုံး သေဆုံးခဲ့သည့်ဖြစ်စဥ်တစ်ခု မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံရွာတွင်လည်း ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဥ်တွင် မိခင်ဖြစ်သူ မအိလှိုင်တစ်ဦးတည်းသာ လွတ်မြောက်ခဲ့ပြီး လင်ယောကျာ်းဖြစ်သူနှင့်ကလေး သုံးဦးလုံး ရေစီးဖြင့်မျောပါသေဆုံးခဲ့ရသည်။

ရေကြီး၊ ရေလျှံဒေသများတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ရေထဲမျောပါပျောက်ဆုံးမှုများရှိနေပြီး တစ်ပတ်ကြာသည်အထိ ရှာမတွေ့သေးကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက်ဝန်းကျင်မှစ၍ နေပြည်တော်တဝိုက်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ တံတားဦးမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူသိန်းချီရေဘေးသင့်ကာ သေဆုံးသူ ရာဂဏန်းခန့်ရှိနေသည်။ ထို့အပြင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ စားနပ်ရိက္ခာလိုအပ်ချက်များလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီး၊ရေလျှံမှုများဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမည့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက စက်တင်ဘာ ၁၉ရက်တွင် ထုတ်ပြန်သည်။

သတင်း

ရေကြီးနစ်မြုပ်နေသည့်ဒေသများမှ ရေဘေးရှောင်စခန်းများတွင် အစာအဆိပ်သင့်မှုများ ခပ်စိပ်စိပ်ဖြစ်လာပြီး ယနေ့(စက်တင်ဘာ ၁၈ရက်)ညနေတွင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်ကျေးရွာ ရေဘေးရှောင်စခန်း၌ လူ ၄၀ဦး အစာအဆိပ်သင့်မှုဖြစ်ခဲ့သည်။

သတင်း

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများအတွက် ဥရောပသမဂ္ဂ(EU)က အရေးပေါ်အကူအညီ ယူရို ၁.၂ သန်း ပေးအပ်ရန် အသင့်ဖြစ်နေပြီဟု ယနေ့(စက်တင်ဘာ ၁၈ရက်)တွင် ကြေညာသည်။

သတင်း

စစ်ကောင်စီ၏ ကူညီကယ်ဆယ်ရေးပစ္စည်းများများသည် အမှန်တကယ်လိုအပ်သူများထံ မရောက်ကြောင်းနှင့် မျှမျှတတစီမံခန့်ခွဲမည်ဟု မယုံကြည်ကြောင်း နေပြည်တော်၊ ပဲခူးတိုင်း၊မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မှ ရေဘေးသင့်ပြည်သူများကပြောသည်။