close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ တံတားဦးလေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၃ ရက်က လေတပ်စခန်းအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင် ဖော်ပြထားသည့် သိမ်းဆည်းရမိရှော့တိုက်ဒုံးများအနက်မှ တစ်ခု။

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၇ရက် ည ၁၀နာရီကျော်တါင် တံတားဦးလေတပ်စခန်းအတွင်း လက်နက်ကြီးကျရောက်ကာ ပြင်းထန်စွာပေါက်ကွဲခဲ့ကြောင်း မန္တလေးတော်လှန်ရေးဖြစ်စဥ်များ အသိပေးနေသည့် MDY Revolution က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီး တစ်လုံးမှာ လေတပ်စခန်း သိုလှောင်ရုံအတွင်း ကျရောက်ပေါက်ကွဲကာ ကျန်တစ်လုံးမှာ လယ်ကွင်းအတွင်း ကျရောက်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိခဲ့ကြောင်း MDY Revolutionက ဆိုသည်။

“ကြားလိုက်တယ်။ ညလည်း ညဖြစ်နေတော့ ဘာမှတော့မသိရဘူး။ ကြားရသလောက်ကတော့ ထိခိုက်တာတွေ မကြားဘူး။”ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုဖြစ်စဥ်အား မည်သည့်အဖွဲ့များက လုပ်ဆောင်သည်ကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

တံတားဦးလေတပ်စခန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး အစရှိသည့်ဒေသများအား လေကြောင်းတိုက်ခိုက်ရာတွင် အဓိကအသုံးပြုသော လေတပ်စခန်း ဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

တံတားဦး လေတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်ကတစ်ကြိမ်၊ ဧပြီ ၁၇ရက်ကတစ်ကြိမ် ကာကွယ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဇန်နဝါရီ ၂၃ ရက်က တံတားဦးလေတပ်စခန်းအား တိုက်ခိုက်မှုတွင် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ကျန် ၇လုံးမှာ ချွတ်ယွင်းမှုများ ရှိခဲ့သဖြင့်ထားခဲ့ရကြောင်း မြို့ပြပြောက်ကျားအဖွဲ့များက ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၍ ပြည်သူလေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

လူနေအိမ်အချို့ပျက်စီးဟု နောင်ချိုဒေသခံပြော

သတင်း

ဘုရားသုံးဆူ - သံဖြူ ဇရပ် လမ်းပိုင်းက အနန်းကွင်းဗျုဟာပိတ်ဆို့တိုက်ခိုက်ခံရချိန် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးရာမှာ ဖားပြရွာကို ပစ်မှတ်ထားပြီး ၂ ရက်ဆက်တိုက် ပစ်ခတ်တာရှိလာတယ်လို့ ကရင်စစ်ရေးသတင်းရင်းတွေက ပြောပါတယ်။