close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့အနီး တိုက်ပွဲဖြစ်နေပြီး ပစ်ခတ်သံတွေကို မြို့ပေါ်ကနေကြားနေရ

မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ပုသိမ်ကြီးမြို့အနီး ဒီမနက်ပိုင်းက တိုက်ပွဲတွေ စဖြစ်နေပြီး မြို့ပေါ်ရပ်ကွက်တွေကပါ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ပုသိမ်ကြီးမြို့အနီး ဒီမနက်ပိုင်းက တိုက်ပွဲတွေ စဖြစ်နေပြီး မြို့ပေါ်ရပ်ကွက်တွေကပါ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

ဒီမနက်ပိုင်း ၆ နာရီ ဝန်းကျင်က ပုသိမ်ကြီးမြို့အနီး မှာ ပစ်ခတ်သံတွေ စတင်ကြားရတာလို့ ပုသိမ်ကြီးမြို့ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အသံကတော့ တော်တော်ကို နီးနီးကပ်ကပ်ပဲ၊ အိမ်တောင်တုန်တယ်”လို့ ပုသိမ်ကြီးမြို့နယ်တရားရုံး အနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာအတိအကျကို မသိရသေးပေမယ့် ပစ်ခတ်သံတွေဟာ မန္တလေးမြို့ပေါ်က နေ အတိုင်းသားကြားနေရတယ်လို့သိရပါတယ်။

“မနက်အစောကတည်းက ကြားနေရတာ ၊ နေမြင့်လာလေ ဆက်တိုက်ကို စိပ်လာပြီး ပိုကျယ်လာတယ်”လို့ မန္တလေး နန်းရှေ့မှာ နေထိုင်သူ လူလတ်ပိုင်းအမျိုးသားက ပြောပါတယ်။

ဒီမနက် ၈ နာရီ ၄၁ မိနစ်အချိန်ထိ ပစ်ခတ်သံတွေကြားနေရပြီး တိုက်လေယာဉ် နှစ်စင်း တံတားဦီးလေတပ်က ပျံတက်သွားတယ်လို့ ဒေသခံတွေ ရဲ့ ပြောပြချက်အရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ဒေသခံပြည်သူ ၁၀၀ခန့်ဖမ်းဆီးပြီး နှစ်ဦးကို မီးရှို့သတ်ဖြတ်

သတင်း

မန္တလေးတိုင်းတောင်ဘက်ခြမ်း၌ ရေကြီး၊ရေလျှံနေချိန် မန္တလေးမြို့တွင် တစ်ရက်တည်း မီးလောင်ကျွမ်းမှု နှစ်ကြိမ်​ဖြစ်ပွားခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် ခရိုင်(မူတြော်ခရိုင်)တွင် စက်တင်ဘာလဝက်အတွင်းတိုက်ပွဲပေါင်း ၆၃ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်က သေဆုံးထိခိုက်များရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ဖားကန့်တိုက်ပွဲပိုမိုပြင်းထန်နေပြီး ယနေ့(စက်တင်ဘာလ ၁၈ရက်)နံနက်ပိုင်းတွင် နေအိမ်အချို့မီးလောင်နေကာ ဒေသခံအများအပြားသည် စက်တင်ဘာလ ၁၇ရက်မှစ၍ ဖားကန့်မြို့မှ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။

Facebook