close
Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံ​​ကြောင်း စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဖို့ ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၁) မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဖို့ ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၁) မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုက ဦးဆောင်ပြီး ကုလသမဂ္ဂသံတမာန်ရေးရာတိုက်ပွဲမှာ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြုသပိတ် လှုပ်ရှားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေက “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားတို့ကို ကိုင်ဆောင်ပြီး မြန်မာပြည်သူလူထုကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ် မြို့အဝင် ဆိုင်းဘုတ်ရှေ့မှာလည်း တော်လှန်ပြည်သူတွေက ဦးဆောင်ကာ “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်” စာသားကိုင်ဆောင်ပြီး ဦးကျော်မိုးထွန်းအား မြန်မာပြည်သူလူထုကိုယ်စား ကုလသမဂ္ဂမှာ ဆက်ခန့်အပ်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

အရာတော်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း လူထုသပိတ် ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့အတူ ပူးပေါင်းကာ “The Way ” တော်လှန်ရုပ်ရှင် ပြသခြင်းနဲ့ လက်နက်ကြီးလေကြောင်း အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီး Dag Hammerskjold Plaza တွင် မြန်မာနိုင်ငံသားများ စုပေါင်း၍ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် လူထုထောက်ခံချီတက် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (စက်တင်ဘာ ၂၂) ကျင်းပခဲ့သည်။

သတင်း

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ (၇၉)ကြိမ်မြောက် အထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ရေး ဗြိတိန်ရောက် မြန်မာများက ယနေ့ (စက်တင်ဘာ ၂၁) ချီတက်ဆန္ဒပြခဲ့ကြသည်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် တော်လှန်ပြည်သူများက သံအမတ်ကြီးဦးကျော်မိုးထွန်းအား မြန်မာပြည်သူလူထုကိုယ်စား ကုလသမဂ္ဂ၌ ဆက်ပြီးခန့်အပ်ထားရေးအတွက် ယနေ့ (စက်တင်ဘာ ၂၁) နံနက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၂၀) မှာလည်း အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

Facebook