close
Connect with us

Hi, what are you looking for?

သတင်း

သဘောထားကွဲလွဲမှု ရှိလာပါက လက်နက်နှင့် ဖြေရှင်းသည့် နည်းမသုံးရန် ချင်းပြည်အစိုးရ၊ CNF နှင့် ICNCC ၊ ချင်းညီနောင်တို့ သဘောတူ

ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းညီနောင်(CB) ကိုယ်စားလှယ်များစက်တင်ဘာ ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာ နောင်တွင် သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းခြင်းမပြုရန် အပါအဝင် အချက် ၅ချက်ကို သဘောတူညီခဲ့ကြောင်းChinland Information Center(CIC) က ယမန်နေ့ညတွင်ဖော်ပြသည်။

ချင်းပြည်အစိုးရ၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းညီနောင်(CB)ကိုယ်စားလှယ်များ​တွေ့ဆုံ​ဆွေး​နွေးစဥ်။ ဓါတ်ပုံ-ခိုနူမ်းသုန်

ဟန်နွေ/People’s Spring

ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းညီနောင်(CB) ကိုယ်စားလှယ်များစက်တင်ဘာ ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာ နောင်တွင် သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းခြင်းမပြုရန် အပါအဝင် အချက် ၅ချက်ကို သဘောတူညီခဲ့ကြောင်းChinland Information Center(CIC) က ယမန်နေ့ညတွင်ဖော်ပြသည်။

ပဋိပက္ခနှင့် ပြဿနာအချို့၊ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည့် ချင်းညီနောင်၊ ICNCC အစုအဖွဲ့နှင့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ CNF အစုဖွဲ့အတို့အကြားတွေဆုံပွဲကို Zo Reunification Organization(ZORO)ဦးဆောင်မှုဖြင့်စက်တင်ဘာ ၂၁ရက်က အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် အိုင်ဇောလ်မြို့တွင် ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ သဘောတူညီချက်ရရှိခဲ့သည်ဟု ခိုနူမ်းသုန် သတင်းဌာနကဖော်ပြခဲ့သည်။ ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်း တွေ့ဆုံဆွေးနွေးနေမှု ဓာတ်ပုံနှင့် အချက် ၅ချက် အား ကနဦး သဘောတူလက်မှတ်ရေးထိုးခဲ့မှု သဘောတူညီချက်တို့ကိုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ခေါနူမ်းသုန်သတင်းဌာန၏ ဖော်ပြချက်များကို ချင်းပြည်အစိုးရ၊ ချင်းပြည်ကောင်စီနှင့် CNF တို့၏ သတင်းထုတ်ပြန်မှုများ ပုံမှန်ဖော်ပြနေသည့်CIC က ပြန်လည် ဖော်ပြထားခြင်းဖြစ်သည်။

“နောက်နောင်တွင်နှစ်ဖက်အဖွဲ့အစည်းများ အကြား သဘောထားကွဲလွဲမှုရှိလာခဲ့ပါကလက်နက်ဖြင့် ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် သဘောတူ” ဆိုသည့် အချက်ကိုလည်း CIC က ရေးသားဖော်ပြထားသည်။

ချင်းပြည်ကောင်စီ အစုဖွဲ့နှင့် ချင်းညီနောင်၊ ICNCC အစုအဖွဲ့ ကိုယ်စားလှယ်များ သဘောတူညီချက်မှာ ချင်းဘာသာဖြင့် ရေးသားထားခြင်းဖြစ်၍ နှစ်ဖက် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများထံ ယမန်နေ့ ညနှင့် ယနေ့မနက်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ အဆက်အသွယ်မရသေးပေ။

နှစ်ဖက်သဘောတူညီချက်များထဲတွင် ငြိမ်းချမ်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်း ပြီး ဆွေးနွေးမှု ဆက်လုပ်ရန် ဆိုသည့်အချက်ပါဝင်ကြောင်း ခေါနူမ်းသုန်သတင်း၌ ဖော်ပြထားသည်။ တွေ့ဆုံပွဲသို့ ချင်းပြည်အစိုးရ ဝန်ကြီးချုပ် ပူးပါထန်း၊ CNF ဒုဥက္ကဋ္ဌ ပူးထန်းနိန်းကီး၊ ICNCC မှ ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila ၊ ဆလိုင်းပီတာထန်းတို့ ပါဝင်ခဲ့သည်ဟု ဆိုသည်။

CNF/CNA၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုပေါင်းပါဝင်သည့်ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ တပ်ဖွဲ့ဝင်များနှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်များ အကြား ယခုနှစ်ဆန်းမှစ၍ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ရာ

ဇွန်လတွင်မတူပီမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း နှစ်ဖက်ကျဆုံးထိခိုက်မှုများလည်းရှိခဲ့သည်။ ချင်းညီနောင် ဘက်တွင်၎င်းတို့၏မဟာမိတ် ရက္ခိုင့်တပ်တော်(AA)ပါဝင်ခဲ့သည်။

ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား တွေ့ဆုံညှိနှိုင်းအဖြေရှာရန် ချင်းလူထုများက တိုက်တွန်းနေသည့် အခြေအနေတွင် ယခုကဲ့သို့တွေ့ဆုံပွဲဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဇူလိုင် ၂၇ရက်ကလည်း ZORO၏ စီစဉ်ပေးမှုဖြင့် CNFနှင့် ဇိုမီးပြန်လည်ပေါင်းစည်းညီညွတ်ရေးအဖွဲ့(ZRO/ZRA) တို့ အကြား ပထမဆုံးအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာနောင်တွင် သဘောထား ကွဲလွဲမှုများ ထပ်မဖြစ်ရန်လိုလားကြောင်း သဘောတူညီကာ ငြိမ်းချမ်းရေးအတွက် ထပ်မံ ဆွေးနွေးရန်သဘောတူခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)ထံ လက်နက်နှင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား တစ်ဦးကို ဆုငွေပေးအပ်ခဲ့ကြောင်း CNO/CNDFက သတင်းထုတ်ပြန်သည်။

သတင်း

ထွက်ပြေးစဉ်လမ်း၌ အစာငတ်၊ ဆေးဝါးမရှိ၊ ဒဏ်ရာရမှုကြောင့် သုံ့ပမ်းအချို့ သေဆုံး၊ အရာရှိကိုင်ပစ္စတို ၁၆လက်အပါအဝင် လက်နက် ၁၅၀ခန့် ရ

သတင်း

ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီနှင့် ပူးပေါင်းပြီး ချင်းညီနောင်နှင့် မဟာမိတ်များကို ထိုးစစ်ဆင်ခဲ့ကြောင်း ချင်းညီနောင် အဖွဲ့ဝင်များက ဖမ်းမိ စစ်သုံ့ပန်း ဗိုလ်မှူးရဲမင်းထွန်း၏ ထွက်ဆိုချက်ကို ထုတ်ပြန်ခဲ့သည်။

သတင်း

မတူပီမြို့ရှိ စစ်ကောင်စီဗျူဟာနှင့် တပ်ရင်းများကို ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ခိုက်လာ၍ စခန်းစွန့် ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မိသားစု၊ ဝန်ထမ်းများ၊ ရဲများ၊ ရဲမိသားစုဝင်များ စုစုပေါင်းအင်အား ၆၀၀ခန့်ရှိပြီး လမ်းခရီး၌ အများအပြားသေဆုံးခဲ့ရဟု ချင်းညီနောင်ထံ အလင်းဝင်ခဲ့သည့် ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

Facebook