close
Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူတစ်ဦးအားသတ်ပြီး ဘုန်းကြီးကျောင်းမှ ဘုရားရွှေသင်္ကန်းဖိုး ၇ သိန်းကျပ်အား ခိုးယူသွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူတစ်ဦးအား သတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းမှ ဘုရားရွှေသင်္ကန်းဖိုး ၇ သိန်းကျပ်အားခိုးယူသွားသည်ဟုဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မွှေနှောက်သွားသော ကျွဲသေချောင်းရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ-ပတ္တမြား

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူတစ်ဦးအား သတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းမှ ဘုရားရွှေသင်္ကန်းဖိုး ၇ သိန်းကျပ်အားခိုးယူသွားသည်ဟုဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၀ ရက်က ဘုတလင်မြို့မှ ကူတော်ရွာစခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်သည် ကျွဲသေချောင်းရွာသို့ ဝင်ရောက်ပြီး နေအိမ်များကို မွှေနှောက်ဖျက်ဆီးခိုးယူကာ အသက်၄၉ နှစ်အရွယ်ကိုမျိုးဦးဆိုသူကိုသတ်ဖြတ်သွားခဲကြောင်းဒေသခံများက ပြောသည်။

“ဘုန်းကြီးကျောင်းကဘုရားရွှေသင်္ကန်းကပ်ဖို့​ထားထားတဲ့ ငွေ ၇ သိန်းကျပ်လည်းခိုးသွားတယ်”ဟု ဘုတလင် ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ၂၁ရက်တွင်မူ ထိုစစ်ကြောင်းသည် ကူတော်စခန်းအတွင်းသို့ ရောက်ရှိသွားကြောင်းသိရသည်။

စက်တင်ဘာ ၁၉ ရက်ကလည်း ဘုတလင်မြို့နယ်၊ ကံသာကျေးရွာမှ CDM ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏မောင် မသန်စွမ်းတစ်ဦး မြို့ပေါ်စျေးလာဝယ်ရင်း ဖမ်းဆီးခံရပြီး.မောင်ဖြစ်သူအား စစ်တပ်ကသတ်ဖြတ်၍ အလောင်းအား လမ်းဘေးစွန့်ပစ်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။

စက်တင်ဘာ ၂၁ ရကတွင်ဘုတလင်မြို့နယ်၊ကူတော်ရွာစခန်းရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာ​ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းလုပ်ရပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မြှင့်တင်ရန် ဆောင်ရွက်နေသူများ၏ ကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဖြစ်ကြောင်းကိုးကန့်တပ်မတော်(MNDAA)ကထုတ်ပြန်သတိပေးလိုကက်သည်။

သတင်း

ရေကြီး၊မြေပြိုမှုများဖြစ်နေသော ဖယ်ခုံမြို့ကို စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ ကလေးငယ် ၄ ဦးနှင့် အမျိုးသမီးအပါအဝင်လူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၂၁ရက်) ညပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ် လေယာဉ်တစ်စီးလည်း မြို့ပေါ်၌ပျံဝဲနေဆဲဟု လားရှိုးမြို့ခံများက ပြောသည်။

သတင်း

ငါန်းဇွန်မြို့နယ်မှ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ယနေ့ တွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ပြီးယမန်နေ့(စက်တင်ဘာ ၂၀ရက်)ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၉ဦးသေဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။

Facebook