close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့အား စစ်ကောင်စီတပ် မီးရှိုးဖျက်ဆီးရာတွင် မင်းတပ်ရဲစခန်းမှ ရဲနှစ်ဦး၏ နေအိမ်များပါဝင်

မင်းတပ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ရိက္ခာခဲယမ်းများထပ်မံချပေး

ပြီးခဲ့သည့် ဧပြီအတွင်းက မင်းတပ်မြို့ရှိ နေအိမ်များ မီးလောက်ပျက်စီးခဲ့သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ရှိ ပြည်သူများနေအိမ်များကို စစ်ကောင်စီတပ်က ယခု စက်တင်ဘာအတွင်း မီးရှို့မှု ၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ယင်းသို့ မီးရှို့ခံရသည့် နေအိမ်များတွင် မင်းတပ်ရဲစခန်းမှ ရဲနှစ်ဦး၏ နေအိမ်များ လည်း ပါဝင်ကြောင်း ဒေသခံက ပြောသည်။

စက်တင်ဘာ ၂၆ရက် မင်းတပ်မြို့ အရှေ့ပြင် နမ့်ထာရပ်ကွက်ရှိ ပြည်သူနေအိမ်များကို စစ်ကောင်စီတပ်များက မီးရှီု့ခဲ့ရာ နေအိမ် ၁၀လုံးခန့် မီးလောင်ခဲ့ကြောင်း အသိပေးသည်။ ထို့ပြင် မင်းတပ်မြို့ ရဲစခန်း ခေါနူးရိပ်သာလမ်းမှ ပြည်သူ့ နေအိမ်အချို့ကိုလည်း စစ်ကောင်စီက မီးရှို့ခဲ့သည်ဟု ဆိုသည်။

” ယခု မီးလောင်သွားသည့်နေအိမ်များတွင် မင်းတပ်ရဲစခန်းထဲရှိ ချင်းရဲတပ်သား ၂ဦး၏ နေအိမ် ၂အိမ် လည်း ပါဝင်ကြောင်း သိရပါတယ်။ မြို့ထဲ ကျန်ရှိနေသော ပြည်သူများမှ မီးငြှိမ်းသတ်ရန် ကြိုးစားကြသော်လည်း မည်သူ့ကိုမှ အိမ်ပြင်ထွက်ခွင့် မပေးဘဲ ဂန်းဖြင့် ရမ်းသန်း ပစ်ခတ်နေကြတယ်လို့ ကြားသိရပါတယ်”ဟု မင်းတပ်ဒေသခံက လူမှုကွန်ရက်တွင် ရေးသားအသိပေးထားသည်။

Public Service Announcement

Public Service Announcement

နေအိမ် မီးရှို့ခံရမှုကြုံခဲ့ရသည့် ရဲတပ်သား ၂ဦးသည် လက်ရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲ ရဲများဖြစ်သည်ဟုလည်း မင်းတပ်ဒေသခံက People’s Spring ၏ မေးမြန်းမှုကို အတည်ပြုပေးသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၇ရက်တွင်လည်း စစ်ကောင်စီတပ်သည် မင်းတပ်မြို့ အရှေ့ပြင် မြို့ဦးဘုန်းကြီးကျောင်းအနီးပြည်သူ့နေအိမ် ၃လုံးကို စစ်ကောင်စီနှင့် ရဲများက ထပ်မံမီးရှို့ခဲ့သည်ဟု ဒေသခံက အသိပေးသည်။

” ယခု ကာလအတွင်း အကြမ်းဖက် စကစ တပ်သားများမှ မင်းတပ်မြို့ပေါ်အတွင်းရှိ ပြည်သူ့နေအိမ်ပေါင်း ၅၀ဝန်းကျင်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်”ဟု မင်းတပ်ဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်သည် မေလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် တီးတိန်မြို့တိုက်ပွဲတွင်လည်း တီးတိန်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို မီးရှိုခြင်းများပြုလုပ်ခဲ့ကြောင်း PDF Zolandတပ်ဖွဲ့ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ဟိန်းထက်ကိုကိုက ပြောပြသည်။

စစ်ကောင်စီတပ်သည် နေအိမ်များ မီးမရှို့မီ ပြည်သူလူထုပိုင် ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်ခဲ့ကြောင်း၊ ထို့နောက် မီးရှို့ခဲ့ကြောင်း ၎င်းက ပြောသည်။ ထို့ပြင် တီးတိန်မြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်နှင့် ဖုန်းဆိုင်များကိုလည်း စစ်ကောင်စီတပ်နှင့် ရဲများက ဖောက်ထွင်းခဲ့ကြောင်း တီးတိန်အခြေစိုက် ခလရ(၂၆၉)တပ်မှ လက်နက် ၂လက်ယူလာပြီး အလင်းဝင်လာသည့် တပ်သား ဟိန်းထက်ကိုကိုက ပြောထားသည်။

မင်းတပ်မြို့နယ်တွင်မူ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နေအိမ်များကို မီးလိုက်ရှို့နေခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ယခုလအတွင်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး လေကြောင်းမှ ခဲယမ်း ရိက္ခာ ဖြည့်တင်းခြင်းများလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ယနေ့ (စက်တင်ဘာ ၂၈ရက်)တွင် စစ်ကောင်စီက မင်းတပ် ခလရ(၂၇၄) တပ်ရင်းသို့ Y12 ထောက်ပို့လေယာဉ်ဖြင့် စားနပ်ရိက္ခာ နှင့် ခဲယမ်းများ ထပ်မံချပေးခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ်သည် ဩဂုတ် လကုန်ပိုင်းမှစ၍ မင်းတပ် ခလရ(၂၇၄) တပ်ရင်းသို့ လေယာဉ်အသုံးပြုကာ ခဲယမ်းရိက္ခာများ ဖြည့်တင်းနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းလိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးသည်ဆိုကာ တတိုင်းလုံးအတိုင်းအတာအားဖြင့်လုပ်လာ ပြီး ဒေသခံပြည်သူများပိုင်ဆိုင်သည့် သိန်းရာချီတန်ဆိုင်ကယ်များကိုသိမ်းယူနေကြောင်း ဒေသခံများကပြောသည်။

သတင်း

တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက် သည် ပြဿနာများပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်ပြီးဖိတ်ခေါ်ချက်ကို လက်ခံမည်မဟုတ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC ကယနေ့ (စက်တင်ဘာ ၂၈)ထုတ်ပြန်လိုက်သည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက် ထားသည့် မိုးမောက်မြို့နယ် ခလရ(၄၃၇) တပ်ရင်းကို ပြန်လည်ရရှိရေး စစ်ကောင်စီက ထိုးစစ်ဆင်နေ၍ ဗန်းမော် - မိုးမောက်မြို့နယ်ကြားတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယမန်နေ့ (စက်တင်ဘာ ၂၇ရက်) တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Facebook