close
Connect with us

Hi, what are you looking for?

သတင်း

NUCC က Town Hall Meeting မကျင်းပနိုင်သည့်အပေါ် ပြည်သူလူထုကို တောင်းပန်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)သည် ပြည်သူများတက်ရောက်နိုင်သည့် Town Hall Meeting မကျင်းပနိုင်သေး၍ ပြည်သူလူထုအား တောင်းပန်ကြောင်း ယမန်နေ့(စက်တင်ဘာ ၂၇ရက်)ထုတ်ပြန်သည်။

(NUCC က ၂၀၂၄ ​ဖေ​ဖော်ဝါရီ ၁ ရက်တွင်နွေဦး​တော်လှန်​ရေး ၃ နှစ်ပြည့် Town Hall Meeting ပြုလုပ်ခဲ့စဥ်

အီယိုရီ/People’s Spring

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)သည် ပြည်သူများတက်ရောက်နိုင်သည့် Town Hall Meeting မကျင်းပနိုင်သေး၍ ပြည်သူလူထုအား တောင်းပန်ကြောင်း ယမန်နေ့(စက်တင်ဘာ ၂၇ရက်)ထုတ်ပြန်သည်။

NUCC သည် ပြည်သူ့ညီလာခံတစ်ခုနှင့်တစ်ခုအကြား သင့်လျော်သည့်အချိန်တွင် Town Hall Meeting အစီအစဉ်ဖြင့် ပြည်သူများပါဝင်သည့် သတင်းအချက်အလက် ဖလှယ်ခြင်း၊ မေးမြန်း ဖြေကြားခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ရန် အလေးထားစဉ်းစားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အတွက် တတိယအကြိမ် ပြည်သူ့ညီလာခံမတိုင်မီ နောက်ထပ် Town Hall Meeting တစ်ခုကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် သို့မဟုတ် ဩဂုတ်လတွင် ထပ်မံကျင်းပပြုလုပ်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

သို့ရာတွင် အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဘုံနိုင်ငံရေး သဘောတူညီချက် ရရှိရေးကြိုးပမ်းမှု၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြုပြင်ပြောင်းလဲရေးနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အစီအစဉ်များ ရေးဆွဲခြင်းလုပ်ငန်းများ စသည်တို့ဖြင့် မအားလပ်ပါသဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံမတိုင်မီတွင် Town Hall Meeting ကို ကျင်းပနိုင်ခြင်း မရှိသည့်အပေါ် ပြည်သူလူထုတရပ်လုံးအား တာဝန်ရှိစွာ၊ တာဝန်သိစွာဖြင့် NUCC က အလေးအနက် တောင်းပန်ကြောင်း ဖော်ပြသည်။

“၂ လ၊ ၃ လနေမှ၂ နာရီ၊ ၃ နာရီလောက်ပဲ ကြာတဲ့ Town Hall Meeting လုပ်ရမယ့်ကိစ္စ၊ အွန်လိုင်းကနေ လုပ်တဲ့ကိစ္စကို မလုပ်ဖြစ်တာဟာ မအားလပ်တာကြောင့်ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ ဒီလိုဖြစ်တာဟာ NUCC အတွင်းမှာ ဖြစ်ပေါ်နေတဲ့ တခုခုကြောင့်သာ ဖြစ်ပါလိမ့်မယ်” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူ တစ်ဦးက မှတ်ချက်ပြုသည်။

NUCC သည် ပြည်သူက ရွေးကောက်တင်မြှောက်ပြီး တရားဝင်မှု ရရှိထားသည့် အစုအဖွဲ့ဟု မဆိုနိုင်သော်လည်း တော်လှန်ရေးနှင့် ပြည်သူကို ကိုယ်စားပြုပြီး ဦးဆောင်ဦးရွက်ပြုနေ၍ ယခုထက် ပွင့်လင်းမြင်သာမှုရှိသင့်ကြောင်း အထက်ပါ နိုင်ငံရေးအကဲခတ်က ထောက်ပြသည်။

“ဒါ့အပြင် မနေ့ညက ထုတ်ပြန်ချက်မှာ Town Hall Meeting မကျင်းပဖြစ်တဲ့ အကြောင်းပြချက်တွေက စိတ်ဝင်စားစရာ ကောင်းတယ်လို့ မြင်ပါတယ်။ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်၊ ဘုံနိုင်ငံရေးသဘောတူညီချက်၊ NUCC ပြပြင်ပြောင်းလဲရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးဆိုပြီး ၄ ချက်ပါပါတယ်။ ဒီလုပ်ငန်းစဉ် ၄ ရပ်ကြောင့် မအားလပ်တာဆိုရင် ဒီ ၄ ချက်နဲ့ ပတ်သက်ပြီး ဘာရလဒ်တွေ ထွက်လာမလဲ သေချာစောင့်ကြည့်ကြဖို့ လိုအပ်ပါတယ်။ ချာတာအရဆိုရင် တတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပဖို့ကလည်း တစ်လလောက်ပဲ လိုတာမို့ စောစောက ဖော်ပြတဲ့ ၄ ချက် အောင်မြင်မှု ပြနိုင်မလား ‌ကြည့်ရမှာပါ။ အရေးကြီးတဲ့ အချက်တွေလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

NUCC သည် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ မတိုင်မီ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ ကောင်စီဝင်များက Town Hall Meeting ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူများ၏ အားပေး ထောက်ခံမှုများစွာရရှိခဲ့ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကို ထိရောက်စွာ တားဆီး အရေးယူရန် ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအား တိုက်တွန်း

သတင်း

ပြည်ပရောက် မြန်မာများအနေဖြင့်လည်း အိမ်ရှင်တိုင်းပြည်မှ ဒေသခံပြည်သူများနှင့် သဟဇာတရှိရှိ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန် တောင်းဆို

သတင်း

ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီအနေဖြင့် တအာင်းတပ်မတော်(TNLA)ထံ စာပေးပို့မှုကို ပြန်လည်ရုတ်သိမ်းရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့(သြဂုတ် ၃၁ရက်) ထုတ်ပြန်သည်။

Facebook