close
Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်းမှာစစ်တပ်စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်တပ်ကစစ်ကြောင်းပြန်ထိုး

ပဲခူးရိုးမဖြတ်လမ်းပေါ်မှာရှိတဲ့ ပေါက်ခေါင်းနဲ့ အုတ်တွင်းကြားက ဘော်ဒါရွာကစစ်တပ်ရဲ့စစ်​ဆေးရေးဂိတ် နဲ့ စခန်းကို PDF ​တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မှာစစ်တပ်က အင်အားဖြည့်တင်းပြီးစစ် ကြောင်းထိုးလာတယ်လို့ဒေသတွင်း​တော်လှန်​ရေးအဖွဲ့​တွေကPeople’s Spring ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ပါရာမော်တာတွေသုံးပြီး ဗုံးကြဲလို့သေဆုံးခဲ့တဲ့ ပေါက်ခေါင်း၊ ကျောက်ပြင်သာရွာမှ အသက် ၁၀ နှစ်အရွယ်မောင်သက်ပိုင်ဇော် နဲ့ စစ်တပ်သုံးတဲ့လက်နက်အပိုင်းအစ။ ဓာတ်ပုံ - တပ်ရင်း ၃၆၀၁

■ရွာ​တွေကို ပါရာ​မော်တာနဲ့ ဗုံးကြဲလို့ ပြည်သူ ၂ ဦး​​သေဆုံးပြီး ၄ဦးဒဏ်ရာရ ၊တစ်အိမ်တည်းမှသားနဲ့ ဖခင်​သေဆုံးပြီး မိခင်ဒဏ်ရာအပြင်းအထန်ရ

သြဂုတ်-၂၁၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးရိုးမဖြတ်လမ်းပေါ်မှာရှိတဲ့ ပေါက်ခေါင်းနဲ့ အုတ်တွင်းကြားက ဘော်ဒါရွာကစစ်တပ်ရဲ့စစ်​ဆေးရေးဂိတ် နဲ့ စခန်းကို PDF ​တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မှာစစ်တပ်က အင်အားဖြည့်တင်းပြီးစစ် ကြောင်းထိုးလာတယ်လို့ဒေသတွင်း​တော်လှန်​ရေးအဖွဲ့​တွေကPeople’s Spring ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ပါရာမော်တာတွေသုံးပြီး ဗုံးကြဲလို့သေဆုံးခဲ့တဲ့ ပေါက်ခေါင်း၊ ကျောက်ပြင်သာရွာမှ အသက် ၁၀ နှစ်အရွယ်မောင်သက်ပိုင်ဇော် နဲ့ စစ်တပ်သုံးတဲ့လက်နက်အပိုင်းအစ။ ဓာတ်ပုံ – တပ်ရင်း ၃၆၀၁

ဘော်ဒါရွာမှာရှိတဲ့ စစ်တပ်ရဲ့ဂိတ်စခန်းကိုသြဂုတ် ၁၅ ရက်နေ့မနက်က ဗျူဟာ(၂၁)ကွပ် ကဲမှုအောက်ရှိ ပြည်ခရိုင်အမှတ်(၁) ၃၆၀၁ တပ် ရင်း၊ ပြည်ခရိုင်အ မှတ်(၂) ၃၆၀၂ တပ်ရင်းနှင့် တောင်ငူခရိုင်အ မှတ်(၁) ၃၅၀၁ တပ်ရင်းတို့ပူးပေါင်းတိုက် ခိုက်သိမ်းပိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“အခုမနက်ပဲ စကစ စစ်ကြောင်းက ဘော်ဒါဘက်ကို တက်သွားတယ်။ အင်အား ၈၀ ကျော်လောက်နဲ့။ ဟိုတစ်နေ့က ကျနော်တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စခန်းတွေကို ပြန်ဝင်နေတယ်” လို့ စစ်တပ်လှုပ်ရှားမှုအခြအနေကို တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက People’s Spring ကို ပြောပါတယ်။

သြဂုတ် ၁၉ ရက်နေ့မှာတော့ စစ်ကြောင်းတက်မယ့်လမ်းကြောင်းပေါ်ကပေါက်ခေါင်းနယ်၊ကျောက်ပြင်သာရွာကို စစ်တပ်က ပါရာမော်တာလေးစီးနဲ့ ဗုံးသီး ၁၀ လုံးကြဲချခဲ့ပါတယ်။

ဗုံကြဲတိုက်ခိုက်ခံရမှုကြောင့် ကျောက်ပြင်သာရွာမှ ဒေသခံနှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလေးဦးရှိခဲ့ပါတယ်။ သေဆုံးသူနှစ်ဦးဟာ သားအဖတွေဖြစ်ပြီး ဖခင်ဖြစ်သူက ဦးသိန်းဇော် (၃၈)နှစ်၊ သားဖြစ်သူ မောင်သက်ပိုင်ဇော် (၁၀)နှစ်တို့ဖြစ်တယ်လို့ တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ လေးဦးမှာ ဒေါ်သက်သက်ဦး (၄၀)နှစ်ဟာ မောင်သက်ပိုင်ဇော်ရဲ့မိခင်ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် အ​ခြေအနေစိုးရိမ်ရတယ်လို့ ဆိုပါတယ်။ဒါ​ကြောင့် တစ်အိမ်တည်းမှာ ခင်ပွန်းနဲ့ သားဖြစ်သူ​သေဆုံးပြီး ၊ဇနီးကဒဏ်ရာအပြင်အထန်ရခဲ့တာပါ ။

ကျန်ဒဏ်ရာရသူသုံးဦးကတော့ ဒေါ်ဖြူဝင်း (၄၂)နှစ်၊ ဒေါ်ခင်မိုးဆွေ (၄၈)နှစ်နဲ့ အမည်မသိရသေးသူတစ်ဦးပါဝင်ပြီး သူတိူ့အားလုံး ဆေးကုသမှုခံယူနေရတယ်လို့ စုံစမ်းသိရပါတယ်။

တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဘော်ဒါရွာဘက်ကို သြဂုတ် ၂၁ ရက်မနက် စစ်ကြောင်းထိုးရာမှာတော့ စစ်တပ်ဘက်က ရွာတွေကို လေ ကြောင်းတိုက်ခိုက်တာ၊ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ မရှိသေးပေမယ့် ဒေသခံပြည်သူတွေက တော့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

အဲဒီ ဘော်ဒါရွာစစ်တပ်ဂိတ်စခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကာ စစ်သုံ့ပန်းသုံးဦးအရှင်ဖမ်းမိခဲ့ပါတယ်။ ကျန်တဲ့စစ်သားတွေ စခန်းစွန့်ထွက်ပြေးသွားကြတယ်လို့ တပ်ရင်း ၃၆၀၁ က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ