close
Connect with us

Hi, what are you looking for?

သတင်း

နောင်ပိန်ရွာလေကြောင်းတိုက်ခိုက်မှု သေဆုံးသည့်အရပ်သားများအား TNLA ရဲဘော်များဟု စစ်အုပ်စု ဝါဒဖြန့်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းမှ ဗုံးကြဲစဉ် ထိခိုက်သေဆုံးခဲ့သော အရပ်သားများအား တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များဟုဆိုကာ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသမားများက ရေးသားနေပြီး အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ရေး ဆက်လက်လှုံ့ဆော်နေသည်။

ဩဂုတ် ၂၀ရက်က နောင်ပိန်ရွာလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သည့်ကလေးငယ်တဦးအား သယ်ထုတ်လာစဉ်။ ဓာတ်ပုံ − CJ

ဩဂုတ်−၂၁၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းမှ ဗုံးကြဲစဉ် ထိခိုက်သေဆုံးခဲ့သော အရပ်သားများအား တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များဟုဆိုကာ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသမားများက ရေးသားနေပြီး အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ရေး ဆက်လက်လှုံ့ဆော်နေသည်။

ကျောက်မဲမြို့နယ်သို့ သွားသည့်လမ်းပိုင်းမှ နောင်ပိန်ရွာအနီးကို သြဂုတ် ၁၉ရက်တွင် စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲစတင်ဖြစ်ခဲ့သည်။ နောင်ပိန်ရွာမရောက်မီ ထန်းတပင်ရွာ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယင်းနေရာပတ်ဝန်းကျင်တွင် ယနေ့ (ဩဂုတ်၂၁ရက်)အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားနေသည်။

စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီး အင်အားသုံး၍ ပစ်ခတ်နေပြီး ယမန်နေ့က ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် နောင်ပိန်ကျေးရွာမှ ကလေးငယ်အချို့အပါအဝင် အရပ်သား ၁၀ဦးထက်မနည်းသေဆုံးပြီး ၄၀နီးပါး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများနှင့်ဒဏ်ရာရသူများသည်TNLAတပ်ဖွဲ့ဝင်များဖြစ်သော ကြောင့် လားရှိုးမြို့တွင် ဆေးမကုဘဲ ကွတ်ခိုင်မြို့သို့ပို့၍ဆေးကုနေသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး တယ်လီဂရန်ချန်နယ်များတွင် ရေးသားနေကြသည်။ အမှန်တကယ်တွင် ဒဏ်ရာရသူများအားလုံးမှာ လားရှိုးဆေးရုံသို့ ပိုဆောင်ကုသနေသည်။

” ဒဏ်ရာရသူက ၃၄ ဦး။ လူနာစောင့်နဲ့ဆို ၆၀ဦး ကျော်တယ်။ လားရှိုးဆေးရုံမှာ ကုသနေကြတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

အရပ်သားပြည်သူများ တိမ်းရှောင်နေထိုင်လျက်ရှိနေသော စစ်ရှောင်စခန်းအား ဗုံးကြဲချတိုက်ခိုက်သည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး တရားမျှတမှုဖော်ဆောင်ရေးကြိုးပမ်းသွားမည်ဟု သျှမ်း‌ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်သည်။

နောင်ပိန်ကျေးရွာကို စစ်ကောင်စီကယနေ့လည်း လေကြောင်းမှဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်မှု ပိုများပြားလာကြောင်း ဒေသခံများက ပြောသည်။ ဒေသခံများ စစ်ဘေးရှောင်သွားကြသော်လည်း ကျေးရွာအတွင်း ကျန်နေသူအချို့လည်း ရှိနေသည်။ ကျောက်မဲမြို့အထိ ထိုးစစ်ဆင်သွားမည်ဟု စစ်ကောင်စီဝါဒဖြန့်ချိရေးသမားများက ရေးသားနေကြသည်။

တိုက်ပွဲနှင့်ပတ်သက်၍ TNLAက သတင်းမထုတ်ပြန်သေးပေ။

လက်ရှိစစ်ရေးအခြေအနေကြောင့်နောင်ပိန်၊ ကျောက်မဲမြို့အပြင်သီပေါမြို့လည်း လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြရန် ဒေသခံများအချင်းချင်းသတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်အစိုးရ ဖိအားကြုံနေရသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေသည့် တအာင်းတပ်မတော်(TNLA) အပါအဝင် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ကို ၀တပ်ဖွဲ့(UWSA) ခေါ်ယူတွေ့ဆုံပြီး လက်နက်ခဲယမ်းနှင့် ငွေကြေး ပံ့ပိုးပေးတော့မည်မဟုတ်ကြောင်း UWSA၏ စစ်ရေးဆုံးဖြတ်ချက်ကို ပြောဆိုခဲ့သည်။

ဆောင်းပါး

လူပေါင်းတစ်သိန်းကျော်သေဆုံးခဲ့တဲ့ ဟီရိုရှီးမားမြို့ကို အမေရိကန်လေယာဥ်ဗုံးကြဲခဲ့တဲ့ဖြစ်စဥ်အ ကြောင်းလွန်ခဲ့တဲ့နှစ်ပတ်လောက်က ကိုငြိမ်းရဲ့ ဖုန်းထဲပေါ်လာပါတယ်။

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀ကျော်သေဆုံးခဲ့ရသည့် ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ယနေ့(သြဂုတ် ၁၉ရက်) နံနက် ၆နာရီခန့်တွင် ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ ဒေသခံများနှင့် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောသည်။

ဆောင်းပါး

Scorpio/People’s Spring အုံ့မှိုင်းနေတဲ့ မိုးသားတွေရဲ့အောက်မှာ မိုးကုတ်မြို့ကလေးဟာ ငြိမ်သက်နေတယ်။ နေ့လယ်နေ့ခင်းဖြစ်ပေမယ့် လမ်းပေါ်မှာ ယာဥ်သွားယာဥ်လာလည်းမရှိ ကင်းရှင်းတိတ်ဆိတ်နေတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ ရက်ဆက်ဗုံးကြဲသတ်ဖြတ်မှုတွေကြောင့် ဘာဆိုင်မှလည်း မဖွင့်ကြတော့ဘဲ လူသွားလူလာ ကင်းမဲ့နေတာပါ။ စစ်ကောင်စီရဲ့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ငွေကြေးတက်နိုင်သူတချို့ကတော့ မန္တလေးမြို့ဆီ သွားရှောင်ကြပြီလို့ ဒေသခံတွေက ပြောတယ်။...