သြဂုတ်-၂၆၊၂၀၂၅။ဇေအောင်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာတပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ မြစ်တဘက်ကမ်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ပြည်သူတစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။
သြဂုတ် ၂၄ ရက် ညနေ ၅ နာရီခန့်က မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က စစ်အုပ်စုက လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့တာကြောင့် ချင်းတွင်းမြစ်တဖက်ကမ်းစစ်ကိုင်းတိုင်း၊မြောင်မြို့နယ်က အောင်ချမ်းသာရွာကို ကျရောက်ပေါက်ကွဲပြီး လူထိခိုက်သေဆုံးတာတွေရှိကြောင်းရေစကြိုသတင်းအချက်အလက်ကော်မတီကပြောပါတယ်။
“ရေစကြိုဘက်ကနေ ဟောင်ဝှစ်ဇာနဲ့လှမ်းပစ်တာ။ မြောင်နယ်အောင်ချမ်းသာရွာကိုတစ်လုံးကျတယ်။ အောင်ချမ်းသာရွာနဲ့ပရိမ္မကြားကိုတစ်လုံးကျတယ်။နောက်တစ်လုံးကတော့ တခြားနေရာကိုကျတယ်။ အောင်ချမ်းသာရွာက အမျိုးသမီးတစ်ယောက်သေတယ်။ ၅ ဦး ဒဏ်ရာရတယ်။”လို့ မြောင်နယ်အခြေစိုက် CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောပါတယ်။

Public Service Announcement
အခြားကျရောက်တဲ့နေရာတွေမှာတော့ လက်တလောထိခိုက်မှုအခြေအနေ သတင်းမရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြိုနဲ့ မြောင်မြို့နယ်ဟာ မြစ်သာခြားပေမယ့် နယ်မြေချင်းထိဆက်နေပါတယ်။ အရင်ကလည်း စစ်ကောင်စီတပ်ဟာ မြစ်ကူးပြီး စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးတာတွေ လုပ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
