close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးလေကြောင်းတိုက်ခိုက်မှု ၁ ဦးထပ်မံသေဆုံး၊ သေဆုံးသူ၁၅ဦး ရှိလာ

မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်အားဩဂုတ်လ ၂၅ ရက်၌ စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအနက် အမျိုးသမီး၁ဦးသည် စက်တင်ဘာလ ၆ရက်နေ့က ထပ်မံသေဆုံးသွား၍ စုစု‌ပေါင်း သေဆုံးသူ ၁၅ဦး ရှိလာသည်။

မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်အားစစ်ကောင်စီ၏ဗုံးကြဲပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ

စက်တင်ဘာ-၇၊၂၀၂၅။လူအေး/People’s Spring

မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်အားဩဂုတ်လ ၂၅ ရက်၌ စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအနက် အမျိုးသမီး၁ဦးသည် စက်တင်ဘာလ ၆ရက်နေ့က ထပ်မံသေဆုံးသွား၍ စုစု‌ပေါင်း သေဆုံးသူ ၁၅ဦး ရှိလာသည်။

ဒိုင်းကျီရပ်ကွက်ရှိ အလှူအိမ်တစ်အိမ်ကို ဩဂုတ်လ ၂၅ရက်နေ့၊ ည ၁၁နာရီ ၂၅မိနစ်အချိန်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲရာ ကလေးငယ် ၅ ဦး အပါအဝင် အရပ်သား ၁၂ဦး သေဆုံးပြီး ၂၀ဦး ဒဏ်ရာရခဲ့သည်။ ဒဏ်ရာ အပြင်အထန်ရသူများထဲမှ အသက်၄နှစ်အရွယ် ​မောင်​အောင်​အောင်နှင့် ၃၂နှစ်အရွယ် မ​အေးစန္ဒာတို့သည်ဩဂုတ်လ (၂၆) ရက်တွင်လည်း​ကောင်း၊အသက် ၃၀ အရွယ် မခင်​အေးရင်မှာ စက်တင်ဘာ ၆ ရက်တွင် လည်း​ကောင်းထပ်မံသေခဲ့သည်။ထို​ကြောင့်စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာခြင်းဖြစ်သည်။

“ဒဏ်ရာရတာတွေက တော်တော်ကို ပြင်းထန်တာ။ ကျန်သူတွေလည်း ဆေးဆက်ကုနေတယ်။ ကွယ်လွန်သူ၊ဒဏ်ရာရသူအားလုံးအရပ်သားတွေချည်း”ဟု ဒေသခံသတင်းရင်းမြစ်က ယပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဩဂုတ်လ (၂၅) ရက်နေ့က မြောက်ဦးမြို့အပြင် မင်းပြား နှင့် ပေါက်တောမြို့နယ်ရှိ လူနေ ရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်တွေအခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများမှလည်း ပုဏ္ဏားကျွန်းမြို့ရှိ လူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။ စစ်ရှုံးနေသောစစ်ကောင်စီက အရပ်သားများကိုပစ်မှတ်ထား၍တိုက်ခိုက်နေသည်ဟု AAက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ(၁)ရက်မှ ဇူလိုင်လ(၃၁)ရက်အထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေး ၂၆ဦးအပါအဝင် အရပ်သား ၁၁၅ဦးသေဆုံးပြီး၂၀၄ဦး ဒဏ်ရာရခဲ့သည်ဟုအာရက္ခတပ်တော် (AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး - လားရှိူးပြည်ထောင်စုလမ်းမပေါ်ရှိသီပေါမြို့ဘော်ကြိုဘုရားအနီးကို စစ်ကောင်စီက ယနေ့ (စက်တင်ဘာ၃ရက်)၁နာရီခွဲခန့်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူနှင့် တိရစ္ဆာန်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂ ဦးထပ်တိုးပြီး စုစုပေါင်း ၅ ဦးအထိရှိလာကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဒိုင်းကျီရပ်ကွက်အား စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအနက် (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂ဦးထပ်မံသေဆုံး၍ စုစု‌ပေါင်း သေဆုံးသူ ၁၄ဦး ရှိလာပြီဖြစ်သည်။

ဆောင်းပါး

မကွေးတိုင်း၊ နတ်မောက်မြို့ရဲ့အရှေ့ဘက် မိုင် ၂၀ လောက်အကွာမှာလဲဘူးဆိုတဲ့ ရွာလေးတစ်ရွာ တည်ရှိတယ်။ ဗိုလ်ချုပ်ဇာတိ နတ်မောက်မှာ လဲဘူးကျေးရွာကို လူသိများကြပါတယ်။ရွာက တောင်သူလုပ်တယ်။ဖျာလုပ်ငန်းတွေလုပ်တယ်။