close
Connect with us

Hi, what are you looking for?

သတင်း

တာလီဘန်တွေ လက်ထဲက အမေရိကန် လေတပ်စခန်းဟောင်းကို ပြန်လိုချင်တယ်လို့ ထရမ့်ပြော

အာဖဂန် နစ္စတန်မှာရှိတဲ့ အမေရိကန် လေတပ်စခန်းဟောင်း တစ်ခုကို ပြန်လည် ရယူဖို့ ကြိုးစားလာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters/File

အာဖဂန် နစ္စတန်မှာရှိတဲ့ အမေရိကန် လေတပ်စခန်းဟောင်း တစ်ခုကို ပြန်လည် ရယူဖို့ ကြိုးစားလာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အာဖဂန်ကို အမေရိကန်ရဲ့ ရန်သူတော်ဟောင်း တာလီဘန်တွေ ပြန်လည် အုပ်ချုပ်နေတာ အခုဆိုရင် ၄ နှစ်လောက် ကြာခဲ့ပြီး ဖြစ်ပေမယ့် ထရမ့်က ဘာဂရမ် လေတပ်စခန်းမှာ အမေရိကန် စစ်သားတွေ ပြန်လည် အခြေစိုက်နိုင်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်တုန်းက အမေရိကန် သမ္မတအဖြစ် ဂျိုးဘိုင်ဒန် တာဝန်ယူနေချိန်မှာ အာဖဂန်ရောက် အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပြီး ဘာဂရမ်ကိုလည်း တာလီဘန်တွေ လက်ထဲမှာပဲ ချန်ထားခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ဗြိတိန်နိုင်ငံကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေခဲ့တဲ့ ထရမ့်က အိမ်ရှင်နိုင်ငံ ဝန်ကြီးချုပ် ဆာ ကီရာ စတာမာနဲ့အတူ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ဘာဂရမ်ကို ပြန်ယူချင်တဲ့ သူ့ရဲ့ စိတ်ကူးကို အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – AP/File

ဘာဂရမ်ကို ပြန်ယူဖို့ သူတို့ ကြိုးစားနေပါတယ်လို့ ထရမ့်က ဆိုပါတယ်။ အိမ်ဖြူတော်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သီးခြား မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ထရမ့်ဟာ ဘာဂရမ်မှာ အမေရိကန်တပ်တွေ ပြန်လည် အခြေစိုက်စေချင်တယ်ဆိုတဲ့ စိတ်ကူးကို အရင်ကတည်းကလည်း အရိပ်အမြွက် ပြောဆိုဖူးပါတယ်။

ဘာဂရမ် လေတပ်စခန်းရဲ့ တည်နေရာဟာ အမေရိကန်ရဲ့ အဓိက စီးပွားရေး၊ စစ်ရေး ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပိုင်နက်နဲ့ နီးနီးကပ်ကပ် တည်ရှိနေပြီး တရုတ်ကို တန်ပြန်မယ့် စစ်ရေး အခင်းအကျင်းတွေအတွက် အရမ်းအရေးပါနိုင်တယ်လို့ ထရမ့်က ပြောခဲ့ဖူးတာပါ။

ဘာဂရမ်ကို ပြန်လိုချင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ အဲဒီ လေတပ်စခန်းဟာ တရုတ်က နျူကလီးယား စစ်လက်နက်တွေ ထုတ်လုပ်နေတဲ့ နေရာနဲ့ တစ်နာရီ ခရီးလောက်သာ ဝေးတာကြောင့်လို့လည်း ထရမ့်က မှတ်ချက်ပေးခဲ့ဖူးတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ အာဖဂန် ပိုင်နက်ထဲမှာ အမေရိကန်တပ်တွေ နောက်တစ်ကြိမ် ဖြန့်ကျက်လိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တာလီဘန် အာဏာပိုင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်သွယ် ဆွေးနွေးထားသလား ဆိုတာကို ဘာမှ မပြောသေးပါဘူး။ တာလီဘန်တွေဟာ ၂၀၀၁ ကနေ ၂၀၂၁ ခုနှစ်ထိ ဆယ်စုနှစ် နှစ်ခုကြာအောင် အာဖဂန်မှာ အမေရိကန်နဲ့ စစ်ခင်းတိုက်ခိုက်ခဲ့ဖူးပါတယ်။

တခြားတစ်ဖက်မှာတော့ တာလီဘန်တွေ အနေနဲ့ စီးပွားရေး အကျပ်အတည်းတွေ၊ နိုင်ငံတကာ အသိအမှတ်ပြုမှု ကင်းမဲ့တာတွေ၊ ပြည်တွင်းရေး အရှုပ်အထွေးတွေနဲ့ ရုန်းကန်နေရတာကြောင့် အမေရိကန်နဲ့ ညှိနှိုင်းမှုတိုင်းဟာ အကျိုးရှိလိမ့်မယ်လို့ ယူဆနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီးချိန် ကတည်းက တာလီဘန်တွေဟာ ပြိုင်ဘက် စစ်သွေးကြွ အုပ်စုတွေရဲ့ ထိုးနှက် တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေပြီး နိုင်ငံရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ကိုးကား: NPR

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ဟာ ဗြိတိန် ခရီးစဉ် အတောအတွင်း စက်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။

သတင်း

မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေထဲမှာ မြန်မာလည်း ပါဝင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံတော် ခရီးစဉ် အတောအတွင်း သူနဲ့ ဗြိတိန်ရဲ့ ချားလ်စ်ဘုရင်တို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေး မြဲမြံအားကောင်းမှုတွေကို အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ လက်ရှိ အမေရိကန် သမ္မတသက်တမ်းမှာ ဒုတိယမြောက် နိုင်ငံတော် ခရီးစဉ်အဖြစ် ဒေါ်နယ်လ်ထရမ့်ဟာ ဗြိတိန်နိုင်ငံကို ရောက်ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ် တစ်ဦးရဲ့ ခရီးစဉ် ဖြစ်တာနဲ့အညီ လုံခြုံရေး အစီအမံတွေကိုလည်း အထူး ဂရုစိုက် ပြင်ဆင်ထားပါတယ်။

Facebook