close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ အမြဲတမ်း စစ်အင်အား ၁.၂ သန်းထိ ချဲ့ထွင်ဖွဲ့စည်းဖို့ ပူတင် အမိန့်ပေး

နိုင်ငံရဲ့ စစ်အင်အားကို တစ်သန်းခွဲထိ ချဲ့ထွင် တိုးမြှင့်သွားဖို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေး ညွှန်ကြားလိုက်ပါတယ်။

တစ်နည်းအားဖြင့် ရုရှားဟာ ရှိရင်းစွဲ စစ်အင်အားကို နောက်ထပ် တစ်သိန်း ရှစ်သောင်းလောက် ထပ်တိုးပြီး အမြဲတမ်း တပ်ဖွဲ့ဝင် အရေအတွက်ကို တစ်သန်းခွဲထိ အသင့်အနေအထား ရှိစေမယ့် သဘောပါပဲ။

အမြဲတမ်း တပ်ဖွဲ့ဝင် တစ်သန်းခွဲ ရှိနေတဲ့ စစ်တပ်ဟာ ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် ဒုတိယ အင်အား အတောင့်တင်းဆုံး ဖြစ်လာမှာပါ။

ပူတင်ရဲ့ ညွှန်ကြားချက် အမိန့်ကို စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ကရင်မလင် နန်းတော်ရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ ပူတင်ဟာ အရန်တပ်တွေ အပါအဝင် နိုင်ငံရဲ့ စုစုပေါင်း လက်နက်ကိုင် အင်အားကို ၂.၃၈ သန်းထိ မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု (IISS)ရဲ့ အဆိုအရ ပူတင်ရဲ့ ရည်မှန်းချက် အင်အားအတိုင်း တပ်အင်အား ချဲ့ထွင်နိုင်မယ်ဆိုရင် ရုရှားဟာ အမေရိကန်နဲ့ အိန္ဒိယကို ကျော်တက်ပြီး ကမ္ဘာပေါ်မှာ ဒုတိယ စစ်သည်အင်အား အတောင့်ဆုံး နိုင်ငံ ဖြစ်လာမယ်လို့ ဆိုပါတယ်။ ထိပ်ဆုံးနေရာမှာတော့ အမြဲတမ်း တပ်အင်အား ၂ သန်း ကျော်ရှိတဲ့ တရုတ်ကပဲ ဦးဆောင်နေဆဲပါ။

အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက်ပိုင်း ဒါဟာ ရုရှားက တပ်အင်အားကို တတိယ အကြိမ်မြောက် တိုးချဲ့ဖို့ ခြေလှမ်းပြင်လာခြင်းလည်း ဖြစ်ပါတယ်။ စစ်ပွဲမှာ ရုရှားရော၊ ယူကရိန်းပါ အမြဲတမ်း တပ်အင်အား အတော်များများ ပြုန်းတီးခဲ့ပေမယ့် နှစ်ဖက်စလုံးကတော့ ထိခိုက်ကျဆုံးမှု အသေးစိတ် အချကအလက်တွေကို မထုတ်ပြန်ပါဘူး။

ပူတင်ဟာ ၂၀၂၂ နောက်ပိုင်းမှာ စစ်သည် အင်အားကို တစ်သိန်းလေးသောင်းနီးပါးတစ်ကြိမ်၊ တစ်သိန်း ခုနစ်သောင်း တစ်ကြိမ် ချဲ့ထွင် စုဆောင်းဖို့ အမိန့်ပေးခဲ့ဖူးပြီး အခု တတိယ အကြိမ်မြောက်အဖြစ် တစ်သိန်း ရှစ်သောင်း ထပ်မံစုစည်းဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ စုစုပေါင်း အကျဉ်းသား ၂၀၀ ကျော်ကို သုံ့ပန်းချင်း လဲလှယ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲထိ တိုက်ခိုက်ဖို့ တာဝေးပစ် စစ်လက်နက်တွေ အသုံးပြုနိုင်အောင် ယူကရိန်းကို ခွင့်ပြုလိုက်မယ်ဆိုရင် ကိုယ်တိုင် စစ်ပွဲကို ဖိတ်ခေါ်တဲ့ အဓိပ္ပါယ် ဖြစ်သွားလိမ့်မယ်လို့ ရုရှားက အနောက်မဟာမိတ် နိုင်ငံတွေကို ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားကို ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်လိုက်ပါတယ်။

နိုင်ငံတကာ

မဟာဗျူဟာ ရှုထောင့်ကနေ ဝေဖန် မေးခွန်းထုတ်မှုတချို့ ရှိနေပေမယ့်လည်း ရုရှားပိုင်နက်ထဲမှာ ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးဟာ အမှန်တကယ် လိုအပ်တဲ့ ရွေးချယ်မှုလို့ ယူကရိန်း စစ်ဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။