close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းကို တိုင်ဖွန်း ဘီဘင်ကာ ဝင်ရောက်တိုက်ခတ်

တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာဟာ တရုတ်နိုင်ငံရဲ့ ရှန်ဟိုင်းမြို့ကို စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။

ဘီဘင်ကာ ကုန်းတွင်း ဝင်ရောက်ချိန်မှာ အမြင့်ဆုံး လေတိုက်နှုန်းက တစ်နာရီ ၁၅၁ ကီလိုမီတာလောက်ထိ ရောက်ရှိခဲ့ပြီး Category 1 အဆင့် ဟာရီကိန်း မုန်တိုင်းတွေရဲ့ ပြင်းထန်မှုလောက် ပမာဏနဲ့ တူညီခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်ရဲ့ စီးပွားရေး မြို့တော်ကြီးမှာတော့ ဆယ်စုနှစ် ၇ ခုတာ ကာလအတွင်း အပြင်းထန်ဆုံး ကြုံတွေ့တဲ့ မုန်တိုင်း ဖြစ်လာပါတယ်။

လူဦးရေ ၂၅ သန်းလောက် နေထိုင်ရာ မြို့မှာ ဘီဘင်ကာ ဝင်ရောက် မတိုက်ခတ်ခင် နာရီပိုင်း အလိုကတည်းက လေကြောင်းပျံသန်းမှုတွေနဲ့ တခြား သယ်ယူပို့ဆောင်ရေး ခရီးစဉ် ပြေးဆွဲမှုတွေကို ရပ်နားထားခဲ့ရပြီး ဖြစ်ပါတယ်။ ရှန်ဟိုင်းရဲ့ လေဆိပ် နှစ်ခုစလုံးမှာ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းကစပြီး ရာနဲ့ချီတဲ့ လေယာဉ် ခရီးစဉ်တွေကို ဖျက်သိမ်းထားစေခဲ့ပါတယ်။ ပြီးတော့ ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ပိတ်ထားခဲ့ရပါတယ်။ ဘီဘင်ကာဟာ ၁၉၄၉ ခုနှစ်တုန်းက ရှန်ဟိုင်းကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဂလိုရီယာ တိုင်ဖွန်းအပြီး အားအပြင်းဆုံး မုန်တိုင်း အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အရှေ့ဖက် ကမ်းခြေမှာ တည်ရှိတဲ့ ရှန်ဟိုင်းဟာ အားပြင်းတဲ့ လေမုန်တိုင်းတွေရဲ့ ဝင်ရောက် မွှေနှောက်မှုကနေ များသောအားဖြင့် ကင်းလွတ်နေတတ်ပြီး အများစုက ပိုပြီး တောင်ဖက်ကျတဲ့ ကမ်းခြေတွေကိုပဲ ဖြတ်သန်း ဝင်ရောက်တတ်ကြပါတယ်။ ဥပမာ အနေနဲ့ ဒေသတွင်းမှာ အခုနှစ်အတွက် ဖျက်ဆီးအား အပြင်းထန်ဆုံးဖြစ်ပြီး Category 4 အဆင့်ရှိတဲ့ တိုင်ဖွန်း ဟာဂီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက တရုတ်ပိုင် ဟိုင်နန်ကျွန်းကို ဖြတ်သန်းခဲ့ပေမယ့် ဗီယက်နမ် ကမ်းရိုးတန်းကိုပဲ ဖြတ်ကျော်ပြီး ကုန်းတွင်းဝင်ရောက်ခဲ့ပါတယ်။

တရုတ်မှာ သုံးရက်ကြာမြင့်တဲ့ ဆောင်းဦးအလယ် ရုံးပိတ်ရက် ပွဲတော်ကာလနဲ့ တိုက်ဆိုင်ပြီး ရှန်ဟိုင်းမှာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆိုင်းငံ့ထားလိုက်ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်း တိုက်ခတ်မှုကြောင့် ရှန်ဟိုင်းမှာ သေကြေဒဏ်ရာရမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေ အခြေအနေ ဘယ်လို ရှိခဲ့သလဲ ဆိုတာကို လတ်တလော မသိရသေးပါဘူး။

ရှန်ဟိုင်းရဲ့ Disney ကစားကွင်းကြီး အပါအဝင် အပန်းဖြေ ဇုန်တွေ၊ တိရစ္ဆာန်ရုံတွေကို ယာယီ ပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားသလို ကူးတို့ရေယာဉ်တွေ ပြေးဆွဲမှုကိုလည်း ဆိုင်းငံ့ထားစေကြောင်း သိရှိရပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း နိုင်ငံရဲ့ ပင်စင် (အငြိမ်းစား)ယူတဲ့ အသက်အရွယ်ကို ပထမဆုံးအကြိမ် မြှင့်တင် သတ်မှတ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နဲ့ တရုတ် ပိုင်နက်တွေကို မွှေနှောက်ဖြတ်သန်းခဲ့တဲ့နောက် အခုနှစ်အတွက် အာရှတိုက်မှာ ကြုံဖူးသမျှ အပြင်းထန်ဆုံး မုန်တိုင်းကြီးဟာ ဗီယက်နမ် ကမ်းရိုးတန်းကို ကုန်းတွင်းဝင်ရောက်ခဲ့ပါတယ်။

သတင်း

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ ယာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် စက်တင်ဘာလ ၆ရက် က ရန်ကုန်မြို့ ၊ မြို့နယ်အများစုမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ဆီကနေ စစ်သင်္ဘောနှစ်စီး လက်ခံရရှိမှာ ဖြစ်တယ်လို့ ကမ္ဘောဒီးယား အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

Facebook