Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရားအား အသက်သွင်းရန်ကြိုးပမ်းမှုတွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူတော့မည်ဟု မတူပီCDF ကြေညာ

ချင်းပြည်နယ် မတူပီ မြို့ပေါ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ ဖွင့်လှစ်သင်ကြားမည့် ပညာရေးတွင် ပူးပေါင်း ပါဝင်ပတ်သက်မှုမရှိစေရန် မတူပီမြို့နယ်ရှိ ပညာရေးဝန်ထမ်းများနှင့် မိဘပြည်သူများကို မတူပီ CDFက အသိပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

စစ်ကျွန်ပညာရေး
စစ်ကျွန်ပညာရေး

အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေး ယန္တရားအား အသက်သွင်းရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်ဆောင်ရွက်နေသော ဌာနဆိုင်ရာ Non-CDMers များနှင့် အားပေးအားမြောက်ပြုနေသူများကို ပြင်းထန်စွာ အရေးယူတော့မည်ဖြစ်ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ထုတ်ပြန်သည်။

နိုင်ငံတော် အာဏာမတရား သိမ်းယူထားသည့် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီသည် ဇွန်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများဖွင့်လှစ်ပြီး စစ်ကောင်စီ အစိုးရ ယန္တရား လည်ပတ်နိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေတွင် မတူပီ CDFက ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။

စစ်ကျွန်ပညာရေး
စစ်ကျွန်ပညာရေး

ထိုသို့ အကြမ်းဖက်စစ်ကောင်စီမှ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်မှုသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်သည်ဟု နိုင်ငံတကာအား ပြသရန်နှင့် တရားဝင်မှုရရှိနိုင်ရန် ကြိုးပမ်းမှုသာ ဖြစ်ကြောင်း ဖော်ပြထားသည်။

ချင်းပြည်နယ် မတူပီ မြို့ပေါ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ ဖွင့်လှစ်သင်ကြားမည့် ပညာရေးတွင် ပူးပေါင်း ပါဝင်ပတ်သက်မှုမရှိစေရန် မတူပီမြို့နယ်ရှိ ပညာရေးဝန်ထမ်းများနှင့် မိဘပြည်သူများကို မတူပီ CDFက အသိပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

သို့ရာတွင် တချို့သော ပညာရေးဝန်ထမ်းများသည် ကိုယ်ကျိုးတစ်ခုတည်းကိုသာ ကြည့်ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းကာ စစ်ကောင်စီ ၏ ယန္တရား လည်ပတ်နိုင်ရေးအတွက် ကျောင်းသားမိဘများအား အမျိုးမျိုးခြိမ်းခြောက်ကာ ဆက်လက်ပညာသင်ကြားနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်သည်။

ယခုပညာသင်နှစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့သည် မိမိသားသမီးများ ပညာရေး နောက်ကျကျန်ခြင်းမရှိစေရန် ကျောင်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ သားသမီးများကို အကြမ်းဖက် စစ်ကောင်စီမှ ဖွင့်လှစ်သည့် ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုဘဲ မြို့နယ်ပညာရေး ဘုတ်အဖွဲ့မှ ဦးစီးဖွင့်လှစ်သည့် ပြည်သူ့ကျောင်းများတွင်သာ ကျောင်းအပ်နှံကြရန် အသိပေးပန်ကြားလိုကြောင်း ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မင်းတပ် CDF အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများအား အပြစ်ပေးအရေးယူခြင်းမလုပ်ဘဲ သတိပေးအဆင့်သာ ပြုလုပ်ခဲ့ရာ တချို့ဝန်ထမ်းများအနေဖြင့် သတိပေးခြင်းကို အလေးမထားဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ဟားခါးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအတွက် ဟားခါးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို CDF-ဟားခါးကောင်စီအဖြစ်စုစည်းရန် မေ ၁ ရက် ကသဘောတူခဲ့ပြီးဖြစ်သည်ဟုလည်းပါရှိသည်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ကျောင်းသား၊ ကျောင်းသူများက ယနေ့ (ဇွန်လ ၁) နေ့လည်ပိုင်း၌ စစ်အာဏာရှင် ကျဆုံးရေးနှင့် စစ်ကျွန်ပညာဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရားအား အသက်သွင်းရန် ကြိုး ပမ်းမှုတွင် ပါဝင်ဆောင်ရွက်သည့် Non-CDMers များကို CJDC အနေဖြင့် ပြင်းထန်စွာ အရေးယူဆောင် ရွက်သွားမည်ဟုလည်း သတိပေးခဲ့သည်။