Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးနှစ်ရက်ဆက်တိုက်ပွဲ စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုများ ၊ PDF တစ်ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရ

“ယနေ့ တစ်ရက်သာစစ်တပ်ကုန်းအနီး ၊မြေနီကုန်းအနီး၊ လေးမိုင်အနီး ပြည်သူနေအိမ်များရှောင်ရှားပေးကျပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်”ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦးက ပြည်သူလူထုကို မေတ္တာရပ်ခံထားသည်။

တမူး PDF တပ်ရင်း ၃ တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-တမူးPDF
တမူး PDF တပ်ရင်း ၃ တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-တမူးPDF

တမူးမြို့တွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ရက်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်မှ ​သေဆုံးဒဏ်ရာရရှိမှုအများအပြားရှိခဲ့ပြီး PDF တစ်ဦးကျဆုံးခဲ့ကြောင်း PDF(တမူး) တပ်ရင်း-၃ က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များနှင့် PDF (တမူး)တို့သည် ဇွန် ၇ ရက်နှင့် ၈ ရက်နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်က ​သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ခြင်းဖြစ်သည်ဟု PDF(တမူး) တပ်ရင်း (၃ )ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ သို့​သော်စစ်​ကောင်စီတပ်မှ​သေဆုံးဒဏ်ရာရ​​သောအ​ရေအတွက်ကိုမူအတည်မပြုနိုင်​သေး​ပေ။

စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ

PDF(တမူး) တပ်ရင်း-၃ စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာတွင် ကင်းပုန်းဝတ်နေယူထားချိန်တွင် ခွန်မွန်းနွန်ကျေးရွာမှ အင်အားအလုံးအရင်းဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများဖြင့် ဇွန် ၈ ရက် မနက် ၁၀နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲသည်အလွန်ပြင်းထန်ပြီးဝိတုန်ကျေးရွာနှင့်ခွန်မွန်းနွန်ကျေးရွာတွင်နေရာယူထားသည့် စစ်ကောင်စီတပ်မှ၄၀ မမ၊ ၆၀ မမ ၊ ၈၀ မမနှင့် RPGများဖြင့် ရန်လင်းဖိုင်ကျေးရွာကို ပစ်ခတ်ခဲ့သည်ဟုထြတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ

ထိုသို့ပစ်ခတ်ပြီး နန်မွန်းတားနှင့် ခွန်မွန်းနွန်ရွာတွင် နေရာယူထားသည့်စစ်ကောင်စီတပ်များသည်ခြေလျင်စစ်ကြောင်းဖြင့် ရန်လင်းမိုင်ရွာသို့ စစ်ကား၁၀ စီးနှင့်အတူ ချီတက်လာခဲ့သည်။ အဆိုပါစစ်​ကြောင်းကို PDF များကြားဖြတ်တိုက်ခိုက်ရာ ရန်လင်းဖိုင်ဘုရား​ကျောင်းလမ်းအ​ရှေ့နှင့် အာရှအ​ဝေး​ပြေးလမ်း​ပေါ်တွင် ရပ်တန့်သွားပြီးအနီးရှိ ဘုရားကျောင်းနှင့် လူနေအိမ်များတွင် ခြေကုတ်ယူပြီး လက်နက်ကြီး/လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့သည်။ ထိုခြေကုတ်ဝင်ထားသည့်နေရာများကို PDF(တမူး)က ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့သည်ဟုသိရသည်။ဇွန် ၈ ရက်တိုက်ပွဲသည်နံနက် ၁၀နာရီမှ ညနေ ၆နာရီခွဲအထိ ပြင်းထန်ခဲ့သည်။

ထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှ​သေဆုံးဒဏ်ရာရသူများခဲ့ပြီး PDF (တမူး) တပ်ရင်း (၃ )မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာသုံးဦးမှာမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟုအသိ​ပေးသည်။

လက်ရှိတွင်လည်းတမူးမြို့တွင် စစ်ရေးတင်းမားလျက်ရှိသည်ဟု ဒေသခံကာကွယ်ရေးတပ်များက သတိပေးထားသည်။

စစ်​ကောင်စီတပ်ကပစ်ခတ်​သော လက်နက်ကြီးကျည်အစိတ်အပိုင်းတစ်ခု ။ ။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်ကပစ်ခတ်​သော လက်နက်ကြီးကျည်အစိတ်အပိုင်းတစ်ခု ။ ။ဓါတ်ပုံ-CJ

“ယနေ့ တစ်ရက်သာစစ်တပ်ကုန်းအနီး ၊မြေနီကုန်းအနီး၊ လေးမိုင်အနီး ပြည်သူနေအိမ်များရှောင်ရှားပေးကျပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်”ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦးက ပြည်သူလူထုကို မေတ္တာရပ်ခံထားသည်။

ထိုအပြင်တမူးမြို့ စစ်ကောင်စီတပ်ဆွဲထားသည့် မြေနီကုန်းမှ စော်ဘွား ၄ ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ မနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထပျက်စီးခဲ့သည်ဟုတမူးမြို့ခံများကပြောသည်။

ယမန့်နေ့ကလည်း စစ်ကောင်စီတပ်က ရန်လင်းဖိုင်ကျေးရွာသို့ လက်နက်ကြီးဖြင့် အချက် ၂၀ခန့်ပစ်ခတ်ခဲ့ပြီး နန်မွန်းတားရွာနှင့် ရန်လင်းဖိုင်ရွာရှိ နေအိမ်များမှပြည်သူလူထု၏ ပစ္စည်းများကို စစ်ကောင်စီတပ်က ဝင်ရောက်ခိုးယူခဲ့သည်ဟု ဒေသခံများကပြောသည်။

ယခုအခါ ရန်လင်းဖိုင်ရွာ၊ ပန်းသာရွာ၊စစ်တပ်ကုန်း၊မြေနီကုန်းတို့တွင် စစ်ရေးတင်းမာလျက်ရှိ​ကြောင်းဒေသခံများကပြောသည်။ လက်ရှိ တမူးမြို့တွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က PDF တမူး တပ်ရင်း-၃၊ တပ်ရင်း- ၂ ၊တပ်ရင်း-၄ ၊ BSO ၊ABSDF ၊ပကဖ တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်၏ အထက်ပါယာဥ်တန်းသည် ပုလဲ-ဂန့်ဂေါလမ်းအတိုင်းမောင်းနှင်၍ ပုံတောင်ပုံညာအနီး မိုင်တိုင် (၅၅)နှင့် (၅၆)ကြားတွင် ရပ်တန့်နေကြောင်း သိရသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီလက်ပါးစေများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်းကြရန်လည်း PDFရဲဘော် တိုက်တွန်းသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဇွန်လ ၄ရက်တွင် မိုင်းရှူးမြို့နယ်မြောက်ဘက်ရှိ SSPP/SSA ဌာနချုပ်လုံခြုံရေး တပ်စခန်းများဖြစ်သော)လွိုင်နိုင်းလမ်းခွဲအဝင်အနီးရှိ စခန်း၊ မန်ဝိန်းကျေးရွာအနီးရှိ စခန်း ၂ခုတို့အား ဇွန်လ ၁၀ရက်မတိုင်မီ ဖယ်ရှားပေးရန်အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။