Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီး ၁၀ ဦးခန့်သေဆုံးနိုင်ဟုထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်၏ အထက်ပါယာဥ်တန်းသည် ပုလဲ-ဂန့်ဂေါလမ်းအတိုင်းမောင်းနှင်၍ ပုံတောင်ပုံညာအနီး မိုင်တိုင် (၅၅)နှင့် (၅၆)ကြားတွင် ရပ်တန့်နေကြောင်း သိရသည်။

(ပုလဲPDF ဌာနချုပ်တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေကြစဥ်။ ။ဓါတ်ပုံ-ပုလဲPDF)
(ပုလဲPDF ဌာနချုပ်တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေကြစဥ်။ ။ဓါတ်ပုံ-ပုလဲPDF)

ပုလဲမြို့နယ်အတွင်းစစ်ကောင်စီတပ်ယာဥ်တန်းကိုဒေသကာကွယ်ရေးတပ်များပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က ယနေ့(ဇွန် ၉)တွင် ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၉)က ပုလဲမြို့နယ် ခင်အေး၊ နတ်ထိပ်မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်၊ပုလဲတပ်ရင်း(၂)နှင့် People Revolution Army(PRA)အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် ရှေ့ထွက်မိုင်းသုံးလုံး၊ကွဲမိုင်းနှစ်လုံး စုစုပေါင်းမိုင်းငါးလုံးဖြင့်ဖောက် ခွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့်သေဆုံးနိုင်ပြီး ပြည်သူ့ရဲဘော်များဘေးကင်းအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းအသိပေးထားသည်။

“ယာဥ်တန်းက ခန့်မှန်းအစီးရေ ၈၀ လောက်ပါတယ်ဗျ။ ချင်းပြည်နယ် မင်းတပ်ဘက်ကနေဆင်းလာတာလို့ သိရတယ်။ လက်ရှိမှာ တိုက် ခိုက်ခံထားရတော့ ဆက်သွားသေးဘဲ လမ်းမှာရပ်နားနေတယ်လို့ သိထားရပါတယ်”ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်မှ ရဲဘော်တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ အထက်ပါယာဥ်တန်းသည် ပုလဲ-ဂန့်ဂေါလမ်းအတိုင်းမောင်းနှင်၍ ပုံတောင်ပုံညာအနီး မိုင်တိုင် (၅၅)နှင့် (၅၆)ကြားတွင် ရပ်တန့်နေကြောင်း သိရသည်။

မေလ ၂၆ ရက်ကလည်း ပုလဲမြို့မှထွက်လာသော အထက်ပါ စစ်ကောင်စီတပ်ယာဥ်တန်းကို နဂါးမတောင်ဘက်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရွှေဘိုမြို့ တရားစီရင်ရေးဌာနသိစေရန်ဟုဆိုကာ ဇွန်လ ၈ ရက်ကစ၍ ဌာနနှင့် တာဝန်မှထွက်ခွာရန် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က ​ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲမှာ နံနက် ၁၀ နာရီ မှ ၁၁နာရီအထိတစ်ကြိမ် ညနေ ၅ နာရီ မှ ၆ နာရီတွင် တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။

ဗီဒီယို

လူပေါင်း ၃၅၀ ဝန်းကျင်လောက် တင်ဆောင်လာတဲ့ ရထားဟာ သံလမ်းပေါ် ရောက်နေတဲ့ မြေတူးစက် တစ်စီးနဲ့ ဝင်တိုက်မိပြီး လမ်းချော်ထွက်သွားတာ ဖြစ်ပါတယ်။ ဝေဟင်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ ရထားတွဲတွေဟာ သံလမ်းဘေးမှာ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။

သတင်း

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။